ေတာင္ငူၿမိဳ႕နယ္ႏွင့္ သံေတာင္ႀကီး ၿမိဳ႕နယ္တို႔ရွိ ေက်းရြာမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

ေတာင္ငူၿမိဳ႕နယ္ႏွင့္ သံေတာင္ႀကီး ၿမိဳ႕နယ္တို႔ရွိ ေက်းရြာမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္
 
ေနျပည္ေတာ္ ဧၿပီ ၆

 

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ေခ်ာင္းျဖဴေက်းရြာရွိ ေဒသခံျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်းရြာရွိ အေျခခံပညာ မူလတန္းေက်ာင္းခြဲ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားႏွင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ဦးစြာ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၁၈၁ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အစာအိမ္ေရာဂါ၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္း၊ ECG စက္ျဖင့္ႏွလံုးစမ္းသပ္စစ္ေဆးျခင္းႏွင့္ အာထရာေဆာင္းစက္မ်ား ျဖင့္ ေရာဂါရွာေဖြစမ္းသပ္ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူကိုးဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ ထုိ႔ေနာက္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူမ်ားအား အပူလွ်ပ္ျခင္း၊ အပူဒဏ္အႏၲရာယ္ ကာကြယ္ေရးႏွင့္ သန္႔ေလးသန္႔အေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴးဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေဒသခံျပည္သူမ်ားအတြက္ ေဆးမ်က္မွန္မ်ားႏွင့္ သုတ၊ ရသ စာအုပ္စာေစာင္မ်ားေပးအပ္သည္။ ဆက္လက္၍ တိုင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ ေက်းရြာရွိ မႏၲလာရာမေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲဓမၼသာမိအား သြားေရာက္ဖူးေျမာ္၍ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

အလားတူ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ ပ်ားစခန္းေက်းရြာရွိ သံေတာင္(အထူး)အသြင္ေျပာင္း ျပည္သူ႔စစ္(ဌာေန)တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူ စုစုေပါင္း ၂၂၅ ဦးတို႔ကို တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်းရြာရွိ အေျခခံပညာ အထက္တန္းေက်ာင္း၌ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ အစာအိမ္ေရာဂါ၊ ေသြးတိုးေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ငူမြို့နယ်နှင့် သံတောင်ကြီး မြို့နယ်တို့ရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ 

ဦးစွာ ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၁ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်းသပ်စစ်ဆေးခြင်းနှင့် အာထရာဆောင်းစက်များ ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူကိုးဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့နောက် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား အပူလျှပ်ခြင်း၊ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှင့် သန့်လေးသန့်အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူများအတွက် ဆေးမျက်မှန်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များပေးအပ်သည်။ ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကျေးရွာရှိ မန္တလာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိအား သွားရောက်ဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 

အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာရှိ သံတောင်(အထူး)အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၂၅ ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News