အိႏၵိယေရတပ္မွ အရာရွိ၊ စစ္သည္မ်ားပါ၀င္ေသာ သုေတသနေရယာဥ္ျပန္လည္ထြက္ခြာ

အိႏၵိယေရတပ္မွ အရာရွိ၊ စစ္သည္မ်ားပါ၀င္ေသာ သုေတသနေရယာဥ္ျပန္လည္ထြက္ခြာ

ေနျပည္ေတာ္ ဧၿပီ ၆

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္သုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္အိႏၵိယေရတပ္မွ စစ္ေရယာဥ္မွဴးျဖစ္သူ Commander Anuj Sharma ဦးေဆာင္၍ အရာရွိ၊ စစ္သည္မ်ားလုိက္ပါလာေသာ သုေတသနေရယာဥ္ INS Sagardhwani (A 74) သည္ ယေန႔မြန္းလြဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ သီလ၀ါဆိပ္ကမ္း MITT တံတားမွ ျပန္လည္ထြက္ခြာရာ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ားႏွင့္ အရာရွိ၊ စစ္သည္မ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

အဆုိပါေရယာဥ္တြင္ စစ္ေရယာဥ္မွဴးျဖစ္သူ Commander Anuj Sharma ဦးေဆာင္ေသာ အရာရွိ၊ စစ္သည္ စုစုေပါင္း ၁၁၂ ဦးလုိက္ပါလာၿပီး ဧၿပီ၂ ရက္မွ ယေန႔အထိ ခရီးစဥ္ကာလအတြင္း ခ်စ္ၾကည္ေရးအားကစားၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ကစားျခင္းႏွင့္ ရန္ကုန္ၿမိဳ႕ရွိ အထင္ကရေနရာမ်ားသို႔ ေလ့လာလည္ပတ္ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အိန္ဒိယရေတပ်မှ အရာရှိ၊ စစ်သည်များပါဝင်သော သုတေသနရေယာဉ်ပြန်လည်ထွက်ခွာ

နေပြည်တော် ဧပြီ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်အိန္ဒိယရေတပ်မှ စစ်ရေယာဉ်မှူးဖြစ်သူ Commander Anuj Sharma ဦးဆောင်၍ အရာရှိ၊ စစ်သည်များလိုက်ပါလာသော သုတေသနရေယာဉ် INS Sagardhwani (A 74) သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါရေယာဉ်တွင် စစ်ရေယာဉ်မှူးဖြစ်သူ Commander Anuj Sharma ဦးဆောင်သော အရာရှိ၊ စစ်သည် စုစုပေါင်း ၁၁၂ ဦးလိုက်ပါလာပြီး ဧပြီ၂ ရက်မှ ယနေ့အထိ ခရီးစဉ်ကာလအတွင်း ချစ်ကြည်ရေးအားကစားပြိုင်ပွဲများယှဉ်ပြိုင်ကစားခြင်းနှင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 

Recent News