ေအာင္ပန္းၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ေအာင္ပန္းၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ဧၿပီ ၈ 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါရပ္ကြက္ရွိ ေအာင္ခ်မ္းသာစာသင္တိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ ရြက္ေပးသည္။ 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၃၂၀ ပါးႏွင့္ ေဒသခံတိုင္းရင္းသားျပည္သူ ၈၇ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ ေသြးတိုးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ ကေလးေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္သူ ၁၆ ဦးကို ေအာင္ပန္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု သို႔တက္ေရာက္ကုသႏိုင္ေရးစီစဥ္ေဆာင္ရြက္ေပးသည္။ 

ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို တိုင္းမွဴးဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ေအာင္ခ်မ္းသာစာသင္တိုက္၏ဦးစီးပဓာနနာယကဆရာေတာ္ဘဒၵႏၲပညာ၀ံသအားဖူးေျမာ္၍ သကၤန္းႏွင့္ လွဴ ဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္းသတင္းရရွိသည္။ 
 

(Unicode Version)

အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် ဧပြီ ၈ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါရပ်ကွက်ရှိ အောင်ချမ်းသာစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၂၀ ပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၈၇ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၁၆ ဦးကို အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ သို့တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး အောင်ချမ်းသာစာသင်တိုက်၏ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒန္တပညာဝံသအားဖူးမြော်၍ သင်္ကန်းနှင့် လှူ ဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။  

Recent News