ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစု သတၱမအႀကိမ္ စုေပါင္းရဟန္းခံ ရွင္ျပဳအလွဴေတာ္ သာမေဏရပဗၺဇၨမဂၤလာအခမ္းအနားက်င္းပ 

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစု သတၱမအႀကိမ္ စုေပါင္းရဟန္းခံ ရွင္ျပဳအလွဴေတာ္ သာမေဏရပဗၺဇၨမဂၤလာအခမ္းအနားက်င္းပ 

ေနျပည္ေတာ္၊ ေအၿပီ - ၉ 

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)မိသားစု သတၱမအႀကိမ္ စုေပါင္း ရဟန္းခံရွင္ျပဳအလွဴေတာ္၊ သာမေဏရ ပဗၺဇၨမဂၤလာအခမ္းအနားမ်ားကို ယေန႔နံနက္ပုိင္း တြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ေရဆင္းကန္ဦးေက်ာင္းတုိက္၊ ရတနာစံ ပရိယတၱိစာသင္တုိက္၊ မဂၤလာေဇယ်ဳံပါဠိတကၠသုိလ္ေက်ာင္းတုိက္ႏွင့္ မဟာ၀ိဇိတာ႐ံု သာသနာ့၀န္ေဆာင္ေက်ာင္းတိုက္တို႕၌ က်င္းပျပဳလုပ္သည္။ 

ေရွးဦးစြာ နံနက္ပုိင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစု သတၱမအႀကိမ္ စုေပါင္းရဟန္းခံ ရွင္ျပဳအလွဴေတာ္မဂၤလာတြင္ ပါ၀င္ေသာ ဒုလႅဘရဟန္း ေလာင္းမ်ားႏွင့္ ရွင္သာမေဏေလာင္းမ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၀န္းရွိ န၀ေဒးခန္းမမွ အိမ္ေထာင္သည္ လုိင္းမ်ားအတြင္း စည္ကားသုိက္ၿမိဳက္စြာ လွည့္လည္ၿပီး ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီးသုိ႔ ပုိ႔ေဆာင္ကာ ေစတီေတာ္ျမတ္ႀကီးအား ေဒ၀ါ၀င္း၊ ရာဇာ၀င္မ်ား၊ ကြမ္းေတာင္ကုိင္၊ ပန္းေတာင္ကုိင္မ်ားျဖင့္ လက္ယာ ရစ္လွည့္လည္၍ ဖူးေျမာ္ၾကည္ညိဳၾကသည္။ 

ယင္းေနာက္ သာမေဏရ ပဗၺဇၨမဂၤလာအခမ္းအနားမ်ားကို ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္းရွိ ေရဆင္းကန္ဦးေက်ာင္းတုိက္၊ ရတနာစံပရိယတၱိစာသင္တုိက္၊ မဂၤလာေဇယ်ဳံပါဠိတကၠသုိလ္ေက်ာင္းတုိက္ႏွင့္ မဟာ၀ိဇိတာ႐ံုသာသနာ့၀န္ေဆာင္ ေက်ာင္းတိုက္မ်ား၌ က်င္းပျပဳလုပ္ရာ ဒုတိယတပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ ၾကည္ညိဳၾကသည္။

ေရဆင္းကန္ဦးေက်ာင္းတုိက္တြင္ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ဥကၠ႒ “ေရႊက်င္”၊ ကန္ဦးေက်ာင္းတုိက္ ဆရာေတာ္ မဟာဂႏၴ၀ါစကပ႑ိတ သာသနဓဇ ဓမၼာစရိယဘဒၵႏၲ ၀ိလာသ အမွဴးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ားက ဒုလႅဘရဟန္းေလာင္း ၄၆ ဦးႏွင့္ ရွင္သာမေဏေလာင္း ၅၄ ဦးတုိ႕အား ေကသေစၦဒနဆံခ်ျခင္း မဂၤလာျပဳလုပ္ေပးသည္။ ထုိ႔အတူ ပ်ဥ္းမနားၿမိဳ႕၊ ရတနာစံပရိယတၱိစာသင္တုိက္၊ မဂၤလာေဇယ်ဳံပါဠိတကၠသုိလ္ ေက်ာင္းတုိက္ႏွင့္ မဟာ၀ိဇိတာ႐ံုေက်ာင္းတိုက္တုိ႔တြင္လည္း ဒုလႅဘ ရဟန္းေလာင္း ၂၄၄ ပါး တို႕အား ေကသေစၦဒနဆံခ်ျခင္း မဂၤလာအခမ္းအနားမ်ား က်င္းပ ျပဳလုပ္ၾကသည္။ 

ထုိ႕ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ဇနီး၊ တက္ေရာက္ လာၾကသူမ်ားက ေက်ာင္းတုိက္မ်ားအသီးသီးတြင္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႕ဆြမ္းဆက္ ကပ္လွဴဒါန္းၾကသည္။ 

မြန္းလြဲပိုင္းတြင္ ဒုလႅဘရဟန္းေလာင္းမ်ားႏွင့္ ရွင္သာမေဏေလာင္းမ်ားအား ကာသာယစၦာဒန သကၤန္း၀တ္ျခင္း၊ သာရဏဒါန သရဏဂုံေပးျခင္း မဂၤလာမ်ားႏွင့္ ဥပသမၸဒ သိမ္၀င္ျခင္းမဂၤလာတို႔အား သာသနာေတာ္လာ ထုံးတမ္းအစဥ္အလာမ်ားႏွင့္အညီ အစီအစဥ္အတုိင္း က်င္းပျပဳလုပ္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 
 

(Unicode Version)

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် သာမဏေရပဗ္ဗဇ္ဇမင်္ဂလာအခမ်းအနားကျင်းပ 

နေပြည်တော်၊ အေပြီ - ၉ 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု သတ္တမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော်၊ သာမဏေရ ပဗ္ဗဇ္ဇမင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဆင်းကန်ဦးကျောင်းတိုက်၊ ရတနာစံ ပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင်ကျောင်းတိုက်တို့၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာတွင် ပါဝင်သော ဒုလ္လဘရဟန်း လောင်းများနှင့် ရှင်သာမဏေလောင်းများအား မော်တော်ယာဉ်များဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းရှိ နဝဒေးခန်းမမှ အိမ်ထောင်သည် လိုင်းများအတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ပို့ဆောင်ကာ စေတီတော်မြတ်ကြီးအား ဒေဝါဝင်း၊ ရာဇာဝင်များ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များဖြင့် လက်ယာ ရစ်လှည့်လည်၍ ဖူးမြော်ကြည်ညိုကြသည်။ 

ယင်းနောက် သာမဏေရ ပဗ္ဗဇ္ဇမင်္ဂလာအခမ်းအနားများကို နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရေဆင်းကန်ဦးကျောင်းတိုက်၊ ရတနာစံပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် မဟာဝိဇိတာရုံသာသနာ့ဝန်ဆောင် ကျောင်းတိုက်များ၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြည်ညိုကြသည်။

ရေဆင်းကန်ဦးကျောင်းတိုက်တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ “ရွှေကျင်”၊ ကန်ဦးကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယဘဒ္ဒန္တ ဝိလာသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ဒုလ္လဘရဟန်းလောင်း ၄၆ ဦးနှင့် ရှင်သာမဏေလောင်း ၅၄ ဦးတို့အား ကေသစ္ဆေဒနဆံချခြင်း မင်္ဂလာပြုလုပ်ပေးသည်။ ထို့အတူ ပျဉ်းမနားမြို့၊ ရတနာစံပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်နှင့် မဟာဝိဇိတာရုံကျောင်းတိုက်တို့တွင်လည်း ဒုလ္လဘ ရဟန်းလောင်း ၂၄၄ ပါး တို့အား ကေသစ္ဆေဒနဆံချခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပ ပြုလုပ်ကြသည်။ 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်ဇနီး၊ တက်ရောက် လာကြသူများက ကျောင်းတိုက်များအသီးသီးတွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက် ကပ်လှူဒါန်းကြသည်။ 

မွန်းလွဲပိုင်းတွင် ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်း၊ သာရဏဒါန သရဏဂုံပေးခြင်း မင်္ဂလာများနှင့် ဥပသမ္ပဒ သိမ်ဝင်ခြင်းမင်္ဂလာတို့အား သာသနာတော်လာ ထုံးတမ်းအစဉ်အလာများနှင့်အညီ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News