မုိင္းတုံၿမိဳ႕၊ ေနာင္ပါရင္ရပ္ကြက္ႏွင့္ပတ္၀န္းက်င္ရပ္ကြက္မ်ားရွိေဒသခံတိုင္းရင္းသားျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

မုိင္းတုံၿမိဳ႕၊ ေနာင္ပါရင္ရပ္ကြက္ႏွင့္ပတ္၀န္းက်င္ရပ္ကြက္မ်ားရွိေဒသခံတိုင္းရင္းသားျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ဧၿပီ ၉

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မုိင္းတုံၿမိဳ႕၊ေနာင္ပါရင္ရပ္ကြက္ႏွင့္ ပတ္၀န္းက်င္ရပ္ကြက္မ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါရပ္ကြက္ရွိသာသနာ့ပါလေ၀ပုလႅဓမၼာ႐ံုသစ္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ေျခာက္ပါးႏွင့္ေဒသခံတိုင္းရင္းသားျပည္သူ ၁၇၃ ဦးတို႔အားခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ေဆး၀ါးကုသမႈမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသုိ႔ေဆာင္ရြက္ေနမႈမ်ားကို တိုင္းမွဴးဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ေနာင္ပါရင္ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲကုမာရအား သြားေရာက္ဖူးေျမာ္ကာ သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နှင့်ပတ်ဝန်းကျင်ရပ်ကွက်များရှိဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဧပြီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့၊နောင်ပါရင်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင်တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိသာသနာ့ပါလဝေပုလ္လဓမ္မာရုံသစ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ခြောက်ပါးနှင့်ဒေသခံတိုင်းရင်းသားပြည်သူ ၁၇၃ ဦးတို့အားခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး နောင်ပါရင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရအား သွားရောက်ဖူးမြော်ကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News