

နေပြည်တော် ဧပြီ ၉



(Unicode Version)

ကော့သောင်းမြို့နယ်၊ ရွာသာယာကျေးရွာရှိသံဃာတော်များနှင့် ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွာသာယာကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ မေဃဝတီဘုန်းတော်ကြီးကျောင်း၌ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်တစ်ပါးနှင့် ဒေသခံပြည်သူ ၇၅ ဦးတို့အား သွေးတိုးရောဂါ၊ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News