ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစု သတၱမအႀကိမ္ စုေပါင္းရဟန္းခံ ရွင္ျပဳအလွဴေတာ္ ေအာင္ပြဲမဂၤလာအခမ္းအနားက်င္းပ

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစု သတၱမအႀကိမ္ စုေပါင္းရဟန္းခံ ရွင္ျပဳအလွဴေတာ္ ေအာင္ပြဲမဂၤလာအခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဧၿပီ - ၁၀

ျမန္မာႏွစ္သစ္ကူးအခ်ိန္အခါတြင္ ျမန္မာတုိ႔၏ဗုဒၶဘာသာယဥ္ေက်းမႈထုံးတမ္း စဥ္လာမ်ားအရ ေကာင္းမႈကုသုိလ္အမ်ိဳးမ်ိဳးကုိ ေဆာင္ရြက္ၾကရာတြင္ ရဟန္းခံ ရွင္ျပဳအလွဴမဂၤလာအခမ္းအနားမွာ  ထူးျခားထင္ရွားသည့္ ကုသုိလ္ေတာ္တစ္ခုျဖစ္သည္။ အဆုိပါရဟန္းခံရွင္ျပဳအလွဴေတာ္မဂၤလာကို ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစုအေနျဖင့္ ႏွစ္စဥ္က်င္းပျပဳလုပ္လ်က္ရွိရာ သတၱမ အႀကိမ္စုေပါင္းရဟန္းခံရွင္ျပဳ အလွဴေတာ္ေအာင္ပြဲမဂၤလာကုသုိလ္ေတာ္အခမ္းအနားကို ယေန႔ နံနက္ပုိင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ အေနာ္ရထာခန္းမ၌က်င္းပျပဳလုပ္သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး အမွဴးျပဳေသာ ဧည့္ပရိသတ္အေပါင္းတုိ႔သည္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)အေနာ္ရထာခန္းမ ေရွ႕ဥပစာ၌ အဘိဓဇမဟာရ႒ဂု႐ု မဟာ၀ိဇိတာ႐ုံ ဆရာေတာ္ႀကီးအမွဴးျပဳေသာ ပင့္သံဃာ ၁၈ ပါးႏွင့္ ဒုလႅဘရဟန္း ၂၉၀ ပါး၊ ရွင္သာမေဏ ၅၄ ပါး တုိ႔အား လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴၾကသည္။

ယင္းေနာက္ ၾကြေရာက္ေတာ္မူလာၾကသည့္ သံဃာေတာ္ အရွင္သူျမတ္မ်ား၊ ဒုလႅဘရဟန္းမ်ားႏွင့္ ရွင္သာမေဏမ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။ ေန႕ဆြမ္းဆက္ကပ္လွဴဒါန္းမႈအၿပီးတြင္ ဒုလႅဘရဟန္းမ်ားႏွင့္ ရွင္သာမေဏမ်ားအား ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴၾက သည္။

ထုိ႕ေနာက္ ရဟန္းခံရွင္ျပဳအလွဴေတာ္ေအာင္ပြဲမဂၤလာကုသုိလ္ေတာ္အခမ္းအနားကုိ က်င္းပျပဳလုပ္ရာ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံေက်ာင္းတုိက္ ပဓာနနာယကဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ အဂၢမဟာသဒၵမၼ ေဇာတိကဓဇ ဘႏၵႏၲ၀ိစာရိႏၵာဘိ၀ံသ အမွဴးျပဳေသာ ဆရာေတာ္ သံဃာေတာ္မ်ားၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ)မွ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္ဇနီးမ်ား၊ အရာရွိ၊ စစ္သည္မိသားစုမ်ား တက္ေရာက္ၾကသည္။

ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားကေဇယ်ာသီရိၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ ဥကၠ႒(ေရႊက်င္)၊ ေရဆင္း ကန္ဦးေက်ာင္းတုိက္ဆရာေတာ္ မဟာဂႏၴ၀ါစကပ႑ိတ  ဘဒၵႏၲ၀ိလာသ ထံမွကုိးပါးသီလခံယူေဆာက္တည္ၾကၿပီး  ဆရာေတာ္ သံဃာေတာ္မ်ားထံမွ ေမတၱသုတ္ပရိတ္ တရားေတာ္မ်ားကုိနာယူၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု ဘႏၵႏၲ ၀ိစာရိႏၵာဘိ၀ံသ မဟာ၀ိဇိတာ႐ုံ ေက်ာင္းတုိက္ ဆရာေတာ္ႀကီးထံ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီးေဒၚသန္းသန္းႏြယ္တုိ႔က ဘဒၵႏၲ၀ိမလဗုဒၶိပါဠိဆရာေတာ္ႀကီးထံလွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ဆက္လက္ၿပီး အခမ္းအနားတက္ေရာက္လာၾကသည့္ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားက သံဃာေတာ္ အရွင္သူျမတ္မ်ားထံ လွဴဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။ ၎ေနာက္ ေနျပည္ေတာ္၊  ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိတကၠသုိလ္ေက်ာင္းတုိက္ ပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာ သဒၶမေဇာတိကဓဇ ဘဒၵႏၲ၀ိမလဗုဒၶိထံမွ  အႏုေမာဒနာ တရားနာယူၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ကာ အခမ္းအနားကုိ ေအာင္ျမင္စြာ႐ုပ္သိမ္းလုိက္သည္။

အခမ္းအနားအၿပီးတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)မိသားစု သတၱမအႀကိမ္ စုေပါင္း ရဟန္းခံရွင္ျပဳအလွဴေတာ္ မဂၤလာအခမ္းအနားေအာင္ျမင္ျခင္း အထိမ္းအမွတ္အျဖစ္ ရတနာေရႊမုိး ေငြမုိးမ်ားရြာသြန္းၿဖိဳးေပးၾကသည္။ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)မိသားစုမ်ား စုေပါင္း ရဟန္းခံရွင္ျပဳအလွဴေတာ္မဂၤလာ အခမ္းအနားအား ႏွစ္စဥ္က်င္းပျပဳလုပ္လ်က္ရွိရာ ယေန႔ က်င္းပသည့္ အခမ္းအနားသည္ သတၱမအႀကိမ္ေျမာက္ အလွဴေတာ္မဂၤလာျဖစ္ၿပီး လွဴဒါန္းမႈ စုစုေပါင္းေငြ က်ပ္သိန္း ၈၉၀ ေက်ာ္လွဴဒါန္းခဲ့ေၾကာင္းႏွင့္ ပထမအႀကိမ္မွသတၱမအႀကိမ္အထိ ဒုလႅဘရဟန္း ၁၆၈၃ ပါးႏွင့္ ရွင္သာမေဏ ၃၀၆ ပါး၊ စုစုေပါင္း ၁၉၈၉ ပါးအား ျမင့္ျမတ္ေသာ သာသနာ့ေဘာင္သုိ႔ သြတ္သြင္းခ်ီးေျမႇာက္ျခင္း ကုသုိလ္အလွဴေတာ္အား ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ - ၁၀

မြန်မာနှစ်သစ်ကူးအချိန်အခါတွင် မြန်မာတို့၏ဗုဒ္ဓဘာသာယဉ်ကျေးမှုထုံးတမ်း စဉ်လာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုးကို ဆောင်ရွက်ကြရာတွင် ရဟန်းခံ ရှင်ပြုအလှူမင်္ဂလာအခမ်းအနားမှာ  ထူးခြားထင်ရှားသည့် ကုသိုလ်တော်တစ်ခုဖြစ်သည်။ အဆိုပါရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုအနေဖြင့် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ သတ္တမ အကြိမ်စုပေါင်းရဟန်းခံရှင်ပြု အလှူတော်အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)အနော်ရထာခန်းမ ရှေ့ဥပစာ၌ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိဇိတာရုံ ဆရာတော်ကြီးအမှူးပြုသော ပင့်သံဃာ ၁၈ ပါးနှင့် ဒုလ္လဘရဟန်း ၂၉၀ ပါး၊ ရှင်သာမဏေ ၅၄ ပါး တို့အား လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

ယင်းနောက် ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုအပြီးတွင် ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများက လှူဖွယ်ပစ္စည်းများ လောင်းလှူကြ သည်။

ထို့နောက် ရဟန်းခံရှင်ပြုအလှူတော်အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘန္ဒန္တဝိစာရိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများကဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်)၊ ရေဆင်း ကန်ဦးကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ  ဘဒ္ဒန္တဝိလာသ ထံမှကိုးပါးသီလခံယူဆောက်တည်ကြပြီး  ဆရာတော် သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘန္ဒန္တ ဝိစာရိန္ဒာဘိဝံသ မဟာဝိဇိတာရုံ ကျောင်းတိုက် ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်တို့က ဘဒ္ဒန္တဝိမလဗုဒ္ဓိပါဠိဆရာတော်ကြီးထံလှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် နေပြည်တော်၊  ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ  အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု သတ္တမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးပေးကြသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ စုပေါင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားအား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ကျင်းပသည့် အခမ်းအနားသည် သတ္တမအကြိမ်မြောက် အလှူတော်မင်္ဂလာဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်းငွေ ကျပ်သိန်း ၈၉၀ ကျော်လှူဒါန်းခဲ့ကြောင်းနှင့် ပထမအကြိမ်မှသတ္တမအကြိမ်အထိ ဒုလ္လဘရဟန်း ၁၆၈၃ ပါးနှင့် ရှင်သာမဏေ ၃၀၆ ပါး၊ စုစုပေါင်း ၁၉၈၉ ပါးအား မြင့်မြတ်သော သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်ခြင်း ကုသိုလ်အလှူတော်အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News