ေတာင္ငူၿမိဳ႕နယ္၊ ေပါက္ေခါင္းၿမိဳ႕နယ္တို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားႏွင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ျပဳလုပ္ 

ေတာင္ငူၿမိဳ႕နယ္၊ ေပါက္ေခါင္းၿမိဳ႕နယ္တို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားႏွင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ျပဳလုပ္ 

ေနျပည္ေတာ္​ ဧၿပီ ၁၁ 

 

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ပဲခ်က္ကုန္းေက်းရြာႏွင့္ ေပါက္ေခါင္းၿမိဳ႕နယ္၊ ထန္းတပင္ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေက်းရြာဘုန္းေတာ္ႀကီး ေက်ာင္းမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားႏွင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ဦးစြာ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ သုံးပါးႏွင့္ ေဒသခံျပည္သူ ၃၁၂ ဦးတို႔ကို ေသြးတိုးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အစာအိမ္ေရာဂါ၊ ႏွလုံးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူ ၂ဝ ဦးအား ေတာင္ငူၿမိိဳ႕ႏွင့့္ ျပည္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုမ်ားသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ ထို႔ေနာက္ေဆးကုသေရးအဖြဲ႕က ေခြး႐ူးျပန္ေရာဂါ အေၾကာင္း က်န္းမာေရး အသိပညာ ေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

တောင်ငူမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ် 

နေပြည်တော် ဧပြီ ၁၁ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပဲချက်ကုန်းကျေးရွာနှင့် ပေါက်ခေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာဘုန်းတော်ကြီး ကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ 

ဦးစွာ ဆေးကုသရေးအဖွဲ့က သံဃာတော် သုံးပါးနှင့် ဒေသခံပြည်သူ ၃၁၂ ဦးတို့ကို သွေးတိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၂ဝ ဦးအား တောင်ငူမြို့နှင့် ပြည်မြို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့နောက်ဆေးကုသရေးအဖွဲ့က ခွေးရူးပြန်ရောဂါ အကြောင်း ကျန်းမာရေး အသိပညာ ပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News