ထားဝယ္ၿမိဳ႕နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အိမ္ရာေန စစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ထားဝယ္ၿမိဳ႕နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အိမ္ရာေန စစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

 

ေနျပည္ေတာ္ ဧၿပီ ၁၁ 

 

တနသၤာရီတုိင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္းအိမ္ရာေန စစ္သည္ မ်ားႏွင့္ မိသားစုဝင္ မ်ားအား ဧၿပီ ၁ဝ ရက္နံနက္ပုိင္းတြင္ ကမ္း႐ုိးတန္းေဒသ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ေသာင္းထုိက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက အဆုိပါ ၿမိဳ႕နယ္ရွိ တန္ဖုိးသင့္စစ္မႈထမ္းေဟာင္းအိမ္ရာ၌ သြားေရာက္ေတြ႕ဆံုသည္။ ဦးစြာ တုိင္းမွဴးက အမွာစကားေျပာၾကားၿပီး စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္း ေဟာင္းအိမ္ရာေန စစ္သည္မ်ားႏွင့္ မိသားစုဝင္ မ်ား၏တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

 

ထို႔ျပင္ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသ ေရးအဖြဲ႕က စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္းအိမ္ရာေန စစ္သည္မ်ားႏွင့္ မိသားစုဝင္ ၈၉ ဦးတို႔ကို ေသြးတုိးေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ အ႐ုိး/ အေၾကာေရာဂါ၊ ကေလး ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထိုသို႔ ေဆာင္ရြက္ ေပးေနမႈမ်ားကို တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ၾကည့္႐ႈအား ေပး၍ လုိအပ္သည္မ်ား ညိႇႏိႈင္း ေဆာင္ရြက္ေပးၿပီး အိမ္ရာအတြင္းေနထုိင္လ်က္ရွိေသာ စစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ားအားရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

ထားဝယ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဧပြီ ၁၁ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအိမ်ရာနေ စစ်သည် များနှင့် မိသားစုဝင် များအား ဧပြီ ၁ဝ ရက်နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက အဆိုပါ မြို့နယ်ရှိ တန်ဖိုးသင့်စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။ ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင် များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင် ၈၉ ဦးတို့ကို သွေးတိုးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အရိုး/ အကြောရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအား ပေး၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး အိမ်ရာအတွင်းနေထိုင်လျက်ရှိသော စစ်သည်များနှင့် မိသားစုဝင်များအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News