မိတၴီလာၿမိဳ႕နယ္ႏွင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မ်ားရွိ ေက်းရြာမ်ား၌ အဝီစိေရတြင္းမ်ားႏွင့္ ေရစုအုတ္ေရကန္မ်ား တူးေဖာ္ ေဆာက္လုပ္လွဴဒါန္း 

မိတၴီလာၿမိဳ႕နယ္ႏွင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မ်ားရွိ ေက်းရြာမ်ား၌ အဝီစိေရတြင္းမ်ားႏွင့္ ေရစုအုတ္ေရကန္မ်ား တူးေဖာ္ ေဆာက္လုပ္လွဴဒါန္း 

ေနျပည္ေတာ္ ဧၿပီ ၁၁ 

 

မႏၲေလးတုိင္းေဒသႀကီး၊ မိတၴီလာၿမိဳ႕နယ္၊ ေအာင္သာေက်းရြာ၊ ေက်ာက္ပံုေက်းရြာႏွင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ရွိ မန္က်ည္းကုန္း ေက်းရြာမ်ား၌ ႏွစ္စဥ္ ေႏြရာသီတြင္ ေရရွားပါးမႈ အခက္အခဲမရွိဘဲ ေသာက္သံုးေရ ရရွိေစရန္ ရည္ရြယ္၍ ေမတၱာေရစင္ေက်းလက္ေရ ရရွိေရးအသင္းမွ တူးေဖာ္ေဆာက္လုပ္ ၿပီးစီးခဲ့သည့္ ၄ လက္မ အဝီစိေရတြင္းမ်ားႏွင့္ ေရဂါလန္ ၃ဝဝဝ/ ၅ဝဝဝ ဆံ့ ေရစုအုတ္ေရကန္မ်ားကုိ ေက်းရြာမ်ားသို႔ ေရစက္ခ်လွဴဒါန္းျခင္းႏွင့္ ေရစက္မ်ား ဖြင့္ပြဲကို ဧၿပီ ၁ဝ ရက္ နံနက္ပုိင္းတြင္ ျပဳလုပ္သည္။ 

 

ဦးစြာ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ေက်ာ္စြာလင္းႏွင့္ အဖြဲ႕ဝင္မ်ား၊ မိတၴီလာၿမိဳ႕နယ္မွ တာဝန္ရွိသူမ်ားႏွင့္ အလွဴရွင္မ်ားက ေအာင္သာေက်းရြာ ပညာရာမိက အုဌ္ေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၲဇနပီယအား သြားေရာက္ဖူးေျမာ္၍ ဆည္ေအာင္ေက်းရြာေက်ာင္း ဆရာေတာ္ ဘဒၵႏၲေကာ႑ညထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားအား လွဴဖြယ္ဝတၴဳပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ တူးေဖာ္ေဆာက္လုပ္ ၿပီးစီးခဲ့သည့္ ၄ လက္မ အဝီစိေရတြင္းမ်ားႏွင့္ ေရဂါလန္ ၅ဝဝဝ ဆံ့ ေရစုအုတ္ေရကန္ တုိ႔ကို ေရစက္သြန္းခ် လွဴဒါန္းၿပီး စက္ေရတြင္းအား ေရဘား ဖြင့္၍ဖြင့္လွစ္ေပးသည္။ 

 

ထုိ႔ျပင္ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေအာင္သာေက်းရြာေနျပည္သူ ၆၅၆ ဦးတုိ႔ကို လုိအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးရာ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လုိအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးသည္။ ဆက္လက္ၿပီး တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ မိတၴီလာၿမိဳ႕နယ္၊ ေက်ာက္ပံုေက်းရြာႏွင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ မန္က်ည္းကုန္းေက်းရြာမ်ားသို႔ သြားေရာက္၍ တူးေဖာ္ ေဆာက္လုပ္ ၿပီးစီးခဲ့သည့္ ၄ လက္မ အဝီစိေရတြင္းမ်ားႏွင့္ ေရဂါလန္ ၃ဝဝဝ/၅ဝဝဝ ဆံ့ ေရစုအုတ္ေရကန္မ်ားကို အဆုိပါ ေက်းရြာမ်ားရွိ ရြာဦးဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္မ်ားထံသုိ႔ ေရစက္သြန္းခ်လွဴဒါန္းၿပီး စက္ေရတြင္းမ်ားအား ေရဘားဖြင့္၍ ဖြင့္လွစ္ေပးသည္။ 

 

အဆုိပါလွဴဒါန္းခဲ့သည့္ ေအာင္သာေက်းရြာရွိ စက္ေရတြင္းမွာ အနက္ေပ ၄ဝဝ ရွိၿပီး တစ္နာရီ ေရဂါလန္ ၈ဝဝ ႏႈန္း၊ ေက်ာက္ပံုေက်းရြာရွိ စက္ေရတြင္းမွာ အနက္ ၃၄ဝ ေပရွိၿပီး တစ္နာရီ ေရဂါလန္ ၃ဝဝ ႏႈန္းႏွင့္ မန္က်ည္းကုန္း ေက်းရြာရွိ စက္ေရတြင္းမွာ အနက္ေပ ၃ဝဝ ရွိၿပီး တစ္နာရီ ေရဂါလန္ ၈ဝဝ ႏႈန္းျဖင့္ အသီးသီး ထြက္ရွိသျဖင့္ ေက်းရြာေနျပည္သူမ်ားအတြက္ ေသာက္သံုးေရ လံုေလာက္မႈ ရွိေၾကာင္း သတင္း ရရွိသည္။  

 

(Unicode Version)

 

မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ကျေးရွာများ၌ အဝီစိရေတွင်းများနှင့် ရေစုအုတ်ရေကန်များ တူးဖော် ဆောက်လုပ်လှူဒါန်း 

နေပြည်တော် ဧပြီ ၁၁ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ အောင်သာကျေးရွာ၊ ကျောက်ပုံကျေးရွာနှင့် ပျော်ဘွယ်မြို့နယ်ရှိ မန်ကျည်းကုန်း ကျေးရွာများ၌ နှစ်စဉ် နွေရာသီတွင် ရေရှားပါးမှု အခက်အခဲမရှိဘဲ သောက်သုံးရေ ရရှိစေရန် ရည်ရွယ်၍ မေတ္တာရေစင်ကျေးလက်ရေ ရရှိရေးအသင်းမှ တူးဖော်ဆောက်လုပ် ပြီးစီးခဲ့သည့် ၄ လက်မ အဝီစိရေတွင်းများနှင့် ရေဂါလန် ၃ဝဝဝ/ ၅ဝဝဝ ဆံ့ ရေစုအုတ်ရေကန်များကို ကျေးရွာများသို့ ရေစက်ချလှူဒါန်းခြင်းနှင့် ရေစက်များ ဖွင့်ပွဲကို ဧပြီ ၁ဝ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည်။ 

ဦးစွာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ မိတ္ထီလာမြို့နယ်မှ တာဝန်ရှိသူများနှင့် အလှူရှင်များက အောင်သာကျေးရွာ ပညာရာမိက အုဌ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇနပီယအား သွားရောက်ဖူးမြော်၍ ဆည်အောင်ကျေးရွာကျောင်း ဆရာတော် ဘဒ္ဒန္တကောဏ္ဍညထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တူးဖော်ဆောက်လုပ် ပြီးစီးခဲ့သည့် ၄ လက်မ အဝီစိရေတွင်းများနှင့် ရေဂါလန် ၅ဝဝဝ ဆံ့ ရေစုအုတ်ရေကန် တို့ကို ရေစက်သွန်းချ လှူဒါန်းပြီး စက်ရေတွင်းအား ရေဘား ဖွင့်၍ဖွင့်လှစ်ပေးသည်။ 

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အောင်သာကျေးရွာနေပြည်သူ ၆၅၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်ပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ်၊ ကျောက်ပုံကျေးရွာနှင့် ပျော်ဘွယ်မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာများသို့ သွားရောက်၍ တူးဖော် ဆောက်လုပ် ပြီးစီးခဲ့သည့် ၄ လက်မ အဝီစိရေတွင်းများနှင့် ရေဂါလန် ၃ဝဝဝ/၅ဝဝဝ ဆံ့ ရေစုအုတ်ရေကန်များကို အဆိုပါ ကျေးရွာများရှိ ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်များထံသို့ ရေစက်သွန်းချလှူဒါန်းပြီး စက်ရေတွင်းများအား ရေဘားဖွင့်၍ ဖွင့်လှစ်ပေးသည်။ 

အဆိုပါလှူဒါန်းခဲ့သည့် အောင်သာကျေးရွာရှိ စက်ရေတွင်းမှာ အနက်ပေ ၄ဝဝ ရှိပြီး တစ်နာရီ ရေဂါလန် ၈ဝဝ နှုန်း၊ ကျောက်ပုံကျေးရွာရှိ စက်ရေတွင်းမှာ အနက် ၃၄ဝ ပေရှိပြီး တစ်နာရီ ရေဂါလန် ၃ဝဝ နှုန်းနှင့် မန်ကျည်းကုန်း ကျေးရွာရှိ စက်ရေတွင်းမှာ အနက်ပေ ၃ဝဝ ရှိပြီး တစ်နာရီ ရေဂါလန် ၈ဝဝ နှုန်းဖြင့် အသီးသီး ထွက်ရှိသဖြင့် ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေ လုံလောက်မှု ရှိကြောင်း သတင်း ရရှိသည်။  

Recent News