မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ 
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ 
နေပြည်တော် ၊ ဧပြီ - ၁၃ 
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများကလည်း မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မြန်မာ သက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ ရိုးရာမဟာ သင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် နေပြည်တော် ဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။ 
ထို့နောက် အခမ်းအနားမှူးက မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုရေကစား မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ 
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည်ခင်း ဧည့်ခံ၍ မြ၀တီတေးဂီတအဖွဲ့နှင့်အတူ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချီင်းများ၊ ယိမ်းအကအလှ များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ 
အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် သင်္ကြန် ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။ 
(Unicode Version)
မြန်မာ့ရိုးရာအတာသြင်္ကန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ 
နေပြည်တော် ၊ ဧပြီ - ၁၃ 
မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလ အရှည်ကြာဆုံးကျင်းပသည့် ပွဲတော်မှာ မြန်မာ့နှစ်ကူးသြင်္ကန်ပွဲတော်ဖြစ်သည်။ သြင်္ကန် ဆိုသည်မှာ “သင်္ကန္တ” ဆိုသော ပါဋ္ဌိပုဒ်မှ ဆင်းသက် လာပြီး “ကူးပြောင်းခြင်း” ဟု အဓိပ္ပာယ်ရကာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် ကာလဖြစ်သည်။ ၎င်းကာလကို မြန်မာတို့ တန်ဖိုးထားကြသည်။ မြတ်နိုးကြသည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံးက လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ ပါဝင်ဆင်နွဲကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင် ရေသန့်တို့နှင့် ပက်ဖျန်းခြင်းကြောင့် စိတ်ကို ကြည်လင် အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူများကို အေးမြစေကြောင်း ရေပက်ဖြန်း၍ သြင်္ကန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲ ဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။ 
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများကလည်း မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မြန်မာ သက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ ရိုးရာမဟာ သြင်္ကန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် နေပြည်တော် ဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။ 
ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသူများအား မိသားစုများက စံပယ် ပန်းကုံးများဖြင့် ကြိုဆိုကြသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဒုတိ ယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ပြည်ထဲ ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြ သည်။ 
ထို့နောက် အခမ်းအနားမှူးက မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုရေကစား မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ 
၎င်းနောက် ယိမ်းအဖွဲ့သမီးပျိုများက “မြူမှောင်ဝေကင်း” သီချင်းဖြင့် ကပြ ဖျော်ဖြေကြကာ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များအား အောင်သပြေခက်ဖြင့် အတာရေပက် ဖျန်းပေးကြသည်။ 
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား သြင်္ကန်စတုဒိသာ အစားအစာများဖြင့် တည်ခင်း ဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချီင်းများ၊ ယိမ်းအကအလှ များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ 
ထို့အတူ ယနေ့ညနေပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက ဇေယျာ သီရိကုန်တိုက်အနီးရှိ ရေကစားမဏ္ဍပ်အား လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရှေ့ရှိ ရေကစား မဏ္ဍပ်အားလည်းကောင်း၊ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှေ့ရှိ ရေကစားမဏ္ဍပ် အားလည်း ကောင်း၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်အားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝန်းအတွင်းရှိ အိမ်ထောင်သည်လိုင်းအနီး ရေကစားမဏ္ဍပ်အားလည်းကောင်း ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို အသီးသီးသွားရောက် ဖွင့်လှစ်ပေးပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲ ခဲ့ကြကြောင်း သိရှိသည်။ 
အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသြင်္ကန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် သြင်္ကန် ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။ 
Recent News