ခႏၲီးၿမိဳ႕၌ SNA အဖြဲ႕၀င္ ၂ ဦး လက္နက္ျဖင့္ ဥပေဒေဘာင္အတြင္း ၀င္ေရာက္ 

ခႏၲီးၿမိဳ႕၌ SNA အဖြဲ႕၀င္ ၂ ဦး လက္နက္ျဖင့္ ဥပေဒေဘာင္အတြင္း ၀င္ေရာက္ 

ေနျပည္ေတာ္၊ ဧၿပီ - ၁၄ 

စစ္ကိုင္းတုိင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕ရွိ နယ္ေျမခံတပ္သို႔ SNA အဖြဲ႕၀င္ ၂ ဦးသည္ ဧၿပီ ၁၃ ရက္နံနက္ပုိင္းတြင္ ဥပေဒေဘာင္အတြင္းသုိ႔ ၀င္ေရာက္လုိေၾကာင္းႏွင့္ လက္နက္ ႏွင့္ဆက္စပ္ပစၥည္းမ်ား ၀ွက္ထားေၾကာင္း လာေရာက္ သတင္းေပးပို႔ခဲ့သည္။ 

၎တို႔မွာ စစ္ကိုင္းတုိင္းေဒသႀကီး၊ ဟုမၼလင္းၿမိဳ႕ေနသူ ဖုိးထြန္းႏွင့္ ဧရာ၀တီတုိင္း ေဒသႀကီး လပြတၱာၿမိဳ႔ေနသူ ဇြဲထက္ တုိ႔ျဖစ္ၿပီး ၎တုိ႔၏ ေျပာျပခ်က္မ်ားအရ တာ၀န္ရွိသူ မ်ားက ေလယာဥ္ကြင္းလမ္း ဆုံအနီးခ်ဳံပုတ္ အတြင္း၌ သြားေရာက္ရွာေဖြရာ အမ္ ၂၂ ေသနတ္ ၂ လက္၊ က်ည္အိမ္ ၂ ခုႏွင့္ က်ည္ ၄၉ ေတာင့္တုိ႔ကို ရွာေဖြေတြ႕ရွိခဲ့ကာ ဥပေဒေဘာင္အတြင္း၀င္ေရာက္ရသည့္အေၾကာင္းရင္းကုိ ေမးျမန္းလ်က္ရွိၿပီး ၎တုိ႔၏ ဆႏၵအတုိင္းလုိအပ္သည္မ်ား ဆက္လက္ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။ 

 

(Unicode Version)

 

ခန္တီးမြို့၌ SNA အဖွဲ့ဝင် ၂ ဦး လက်နက်ဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက် 

နေပြည်တော်၊ ဧပြီ - ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ နယ်မြေခံတပ်သို့ SNA အဖွဲ့ဝင် ၂ ဦးသည် ဧပြီ ၁၃ ရက်နံနက်ပိုင်းတွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လိုကြောင်းနှင့် လက်နက် နှင့်ဆက်စပ်ပစ္စည်းများ ဝှက်ထားကြောင်း လာရောက် သတင်းပေးပို့ခဲ့သည်။ 

၎င်းတို့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နေသူ ဖိုးထွန်းနှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နေသူ ဇွဲထက် တို့ဖြစ်ပြီး ၎င်းတို့၏ ပြောပြချက်များအရ တာဝန်ရှိသူ များက လေယာဉ်ကွင်းလမ်း ဆုံအနီးချုံပုတ် အတွင်း၌ သွားရောက်ရှာဖွေရာ အမ် ၂၂ သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခုနှင့် ကျည် ၄၉ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ကာ ဥပဒေဘောင်အတွင်းဝင်ရောက်ရသည့်အကြောင်းရင်းကို မေးမြန်းလျက်ရှိပြီး ၎င်းတို့၏ ဆန္ဒအတိုင်းလိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ 

Recent News