ေနျပည္ေတာ္ ေဇယ်ာသီရိကုန္ပေဒသာတုိက္အတြင္းရွိ စားေသာက္ဆုိင္တန္း လွ်ပ္စစ္၀ါယာေရွာ့ေၾကာင့္ မီးေလာင္မႈျဖစ္ပြား 

ေနျပည္ေတာ္ ေဇယ်ာသီရိကုန္ပေဒသာတုိက္အတြင္းရွိ စားေသာက္ဆုိင္တန္း လွ်ပ္စစ္၀ါယာေရွာ့ေၾကာင့္ မီးေလာင္မႈျဖစ္ပြား 

ေနျပည္ေတာ္ ၊ ဧၿပီ - ၁၄ 

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေဇယ်ာသီရိကုန္ပေဒသာ တုိက္အတြင္းရွိ စားေသာက္ ဆုိင္တန္းတြင္ ယေန႕ညေန ၃ နာရီခ်ိန္ခန္႕တြင္ ၀ါယာေရွာ့ ျဖစ္ပြားၿပီး မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့သည္။ 

မီးေလာင္မႈျဖစ္ပြားရာေနရာသို႕ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း) စခန္းမွဴး႐ံုးႏွင့္ နယ္ေျမခံတပ္မ်ားမွ မီးသတ္ယာဥ္ ၈ စီး၊ ေရသယ္ယာဥ္ ၅ စီး၊ ေနျပည္ေတာ္ေကာင္စီ နယ္ေျမမီးသတ္တပ္ဖြဲ႕မ်ားမွ မီးသတ္ယာဥ္ ၂၀ စီး၊ အုပ္ခ်ဳပ္မႈယာဥ္ ၁၀ စီးတုိ႕ျဖင့္ ၀ိုင္း၀န္း ၿငိမ္းသတ္ခဲ့ရာ ၁၅ မိနစ္အတြင္း မီးၫႊန္႕က်ဳိးသြားၿပီး ညေန ၃ နာရီခြဲခန္႕တြင္ မီးၿငိမ္း သတ္ႏိုင္ခဲ့သည္။ 

မီးၿငိမ္းသတ္စဥ္ မွန္ကြဲစ ထိမွန္သည့္ မစိုးရိမ္ရဒဏ္ရာရရွိသူ ၂ ဦးရွိခဲ့ၿပီး သက္ဆုိင္ရာ ေဆး႐ံုသို႕ ပို႕ေဆာင္ ကုသလ်က္ရွိသည္။ ပဏာမစစ္ေဆးခ်က္မ်ားအရ မီးေလာင္မႈမွာ ၀ါယာေရွာ့ေၾကာင့္ မီးေလာင္ကြၽမ္းျခင္းျဖစ္ၿပီး မီးသတ္ဦးစီးဌာနမွ မီးေလာင္ကြၽမ္းမႈ Level 2 အဆင့္ သတ္မွတ္ကာ မီးၿငိမ္းသတ္ခဲ့ျခင္းျဖစ္သည္။ မီးၾကြင္းမီးက်န္မ်ားမရွိေစေရးႏွင့္ က်န္အေဆာက္အဦမ်ား မီးအႏၲရာယ္ကင္းရွင္းေစေရး ဆက္လက္ေဆာင္ရြက္ လ်က္ရွိပါသည္။ 

၎မီးေလာင္မႈျဖစ္ပြားရာေနရာသို႕ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တာ၀န္ရွိ သူမ်ား အခ်ိန္မီေရာက္ရွိခဲ့ၿပီး ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ အပါအ၀င္ မီးသတ္တပ္ဖြဲ႕၀င္မ်ားႏွင့္ လံုၿခံဳေရးတပ္ဖြဲ႕၀င္ မ်ားအား မီးအျမန္ၿငိမ္းသတ္ႏိုင္ေရးႏွင့္္ လံုၿခံဳ ေရးဆုိင္ရာ ကိစၥရပ္မ်ားကို ေပါင္းစပ္ညိႇႏိႈင္းေဆာင္ရြက္ ေပးႏိုင္ခဲ့ ေၾကာင္း သတင္းရရွိသည္။ 
 

(Unicode Version)

 

နေပြည်တော် ဇေယျာသီရိကုန်ပဒေသာတိုက်အတွင်းရှိ စားသောက်ဆိုင်တန်း လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွား 

နေပြည်တော် ၊ ဧပြီ - ၁၄ 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်ပဒေသာ တိုက်အတွင်းရှိ စားသောက် ဆိုင်တန်းတွင် ယနေ့ညနေ ၃ နာရီချိန်ခန့်တွင် ဝါယာရှော့ ဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးနှင့် နယ်မြေခံတပ်များမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၅ စီး၊ နေပြည်တော်ကောင်စီ နယ်မြေမီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီးတို့ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အတွင်း မီးညွှန့်ကျိုးသွားပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြိမ်း သတ်နိုင်ခဲ့သည်။ 

မီးငြိမ်းသတ်စဉ် မှန်ကွဲစ ထိမှန်သည့် မစိုးရိမ်ရဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိသည်။ ပဏာမစစ်ဆေးချက်များအရ မီးလောင်မှုမှာ ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ မီးလောင်ကျွမ်းမှု Level 2 အဆင့် သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်သည်။ မီးကြွင်းမီးကျန်များမရှိစေရေးနှင့် ကျန်အဆောက်အဦများ မီးအန္တရာယ်ကင်းရှင်းစေရေး ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။ 

၎င်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိ သူများ အချိန်မီရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား မီးအမြန်ငြိမ်းသတ်နိုင်ရေးနှင့်် လုံခြုံ ရေးဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။ 

Recent News