
နေပြည်တော် ၊ ဧပြီ - ၁၄ 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အကျနေ့ ဖြစ်သော ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန် ရေသဘင်ပွဲအား ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ 

ယနေ့မနက်ပိုင်းတွင် နေပြည်တော်ဇေယျာ သီရိဂေါက်ကွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုရေကစားမဏ္ဍပ်၌ ဂရေဟမ်၊ ဇော်ပိုင်၊ အေးဝတ်ရည်သောင်း၊ ချောစုခင်၊ မေလသံစဉ် စသည့် နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များက သီဆိုကပြ ဖျော်ဖြေကြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများတက်ရောက်ကြည့်ရှု အားပေးကြသည်။ 

အလားတူ ညနေပိုင်းတွင်နေပြည်တော် စစ်ကြောရေး တည်းခိုရေးစခန်းရှေ့ရှိ ရေကစားမဏ္ဍပ်၊ ဇေယျာသီရိ ကုန်တိုက်အနီးရှိ ရေကစားမဏ္ဍပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၀န်းအတွင်းရှိ အိမ်ထောင်သည် လိုင်းအနီး ရေကစားမဏ္ဍပ်၊ တပ်မတော် ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှေ့ရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် စည်ကားလျက်ရှိပြီး ရေကစားမဏ္ဍပ်များတွင် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ လာရောက် ရေကစားကြသူများအား စတုဒိသာအကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။ 

 

(Unicode Version)

 

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေကစားမဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး 
နေပြည်တော် ၊ ဧပြီ - ၁၄ 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသြင်္ကန် အကျနေ့ ဖြစ်သော ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သြင်္ကန်ချစ်သူပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသြင်္ကန် ရေသဘင်ပွဲအား ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ 

ယနေ့မနက်ပိုင်းတွင် နေပြည်တော်ဇေယျာ သီရိဂေါက်ကွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုရေကစားမဏ္ဍပ်၌ ဂရေဟမ်၊ ဇော်ပိုင်၊ အေးဝတ်ရည်သောင်း၊ ချောစုခင်၊ မေလသံစဉ် စသည့် နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသြင်္ကန်ယိမ်း အကအဖွဲ့များက သီဆိုကပြ ဖျော်ဖြေကြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများတက်ရောက်ကြည့်ရှု အားပေးကြသည်။ 

အလားတူ ညနေပိုင်းတွင်နေပြည်တော် စစ်ကြောရေး တည်းခိုရေးစခန်းရှေ့ရှိ ရေကစားမဏ္ဍပ်၊ ဇေယျာသီရိ ကုန်တိုက်အနီးရှိ ရေကစားမဏ္ဍပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အိမ်ထောင်သည် လိုင်းအနီး ရေကစားမဏ္ဍပ်၊ တပ်မတော် ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှေ့ရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် စည်ကားလျက်ရှိပြီး ရေကစားမဏ္ဍပ်များတွင် မိသားစုသြင်္ကန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ လာရောက် ရေကစားကြသူများအား စတုဒိသာအကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။ 

Recent News