ေမာင္ေတာၿမိဳ႕နယ္၊ ျမင္းလြတ္ရဲကင္းစခန္းအနီး မုိင္းေပါက္ကြဲမႈျဖစ္ပြား 

ေမာင္ေတာၿမိဳ႕နယ္၊ ျမင္းလြတ္ရဲကင္းစခန္းအနီး မုိင္းေပါက္ကြဲမႈျဖစ္ပြား 

ေနျပည္ေတာ္၊ ဧၿပီ - ၁၄ 

ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ျမင္းလြတ္ရဲစခန္းအနီး ဧၿပီ ၁၃ ရက္ ည ၁၀ နာရီခန္႔တြင္ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့သည္။ 

ျဖစ္စဥ္တြင္ ျမင္းလြတ္ရဲကင္းစခန္းမွ လုံၿခဳံေရးတပ္ဖြဲ႕၀င္းမ်ားက ယင္းေန႔ ည ၁၀ နာရီခန္႔တြင္ စခန္းအနီးမွ ေပါက္ကြဲသံၾကားရသျဖင့္ သြားေရာက္စစ္ေဆးခဲ့ရာ ေမာင္ေတာ-အငူေမာ္ကားလမ္း၏ ယာဘက္ ေပ ၂၀ ခန္႔အကြာ ျမင္းလြတ္ရဲကင္းစခန္းသို႔ သြားေသာ လမ္းေၾကာင္းအ၀င္အ၀ေနရာတြင္ အလ်ား ၇ ေပ၊ အနံ ၄ ဒသမ ၆ ေပ၊ အနက္ ၅ ေပခန္႔ရွိ မုိင္းေပါက္ကြဲထားသည့္ ေျမက်င္း ၁ က်င္းအား ေတြ႕ရွိ၍ အနီး၀န္းက်င္ ဆက္လက္ရွာေဖြစစ္ေဆးရာ ေျမက်င္းမွ ေျမာက္ဘက္သို႔သြယ္တန္းထားေသာ အနက္ေရာင္ ၀ါယာႀကိဳး ၁၅ ေပခန္႔အား ရွာေဖြေတြ႕ရွိခဲ့သည္။ 

အဆုိပါမုိင္းေပါက္ကြဲသည့္ေနရာသည္ ျမင္းလြတ္ရဲကင္းစခန္းသုိ႔ ၀င္/ထြက္သည့္ လမ္းေၾကာင္းေပၚတြင္ ေပါက္ကြဲခဲ့သည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား သြားလာမႈႏွင့္ အုပ္ခ်ဳပ္မႈယာဥ္မ်ား ျဖတ္သန္းသြားလာမႈအေပၚ ေဖာက္ခဲြဖ်က္ဆီးရန္ ရည္ရြယ္ခ်က္ျဖင့္ မုိင္းေထာင္စဥ္ ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း မည္သည့္အၾကမ္းဖက္ အဖြဲ႕အစည္းက ေဆာင္ရြက္ခဲ့သည္ကို စိစစ္ေဖာ္ထုတ္ဆဲျဖစ္ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

မောင်တောမြို့နယ်၊ မြင်းလွတ်ရဲကင်းစခန်းအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား 

နေပြည်တော်၊ ဧပြီ - ၁၄ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွတ်ရဲစခန်းအနီး ဧပြီ ၁၃ ရက် ည ၁၀ နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်တွင် မြင်းလွတ်ရဲကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်းများက ယင်းနေ့ ည ၁၀ နာရီခန့်တွင် စခန်းအနီးမှ ပေါက်ကွဲသံကြားရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မောင်တော-အငူမော်ကားလမ်း၏ ယာဘက် ပေ ၂၀ ခန့်အကွာ မြင်းလွတ်ရဲကင်းစခန်းသို့ သွားသော လမ်းကြောင်းအဝင်အဝနေရာတွင် အလျား ၇ ပေ၊ အနံ ၄ ဒသမ ၆ ပေ၊ အနက် ၅ ပေခန့်ရှိ မိုင်းပေါက်ကွဲထားသည့် မြေကျင်း ၁ ကျင်းအား တွေ့ရှိ၍ အနီးဝန်းကျင် ဆက်လက်ရှာဖွေစစ်ဆေးရာ မြေကျင်းမှ မြောက်ဘက်သို့သွယ်တန်းထားသော အနက်ရောင် ဝါယာကြိုး ၁၅ ပေခန့်အား ရှာဖွေတွေ့ရှိခဲ့သည်။ 

အဆိုပါမိုင်းပေါက်ကွဲသည့်နေရာသည် မြင်းလွတ်ရဲကင်းစခန်းသို့ ဝင်/ထွက်သည့် လမ်းကြောင်းပေါ်တွင် ပေါက်ကွဲခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာမှုနှင့် အုပ်ချုပ်မှုယာဉ်များ ဖြတ်သန်းသွားလာမှုအပေါ် ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မည်သည့်အကြမ်းဖက် အဖွဲ့အစည်းက ဆောင်ရွက်ခဲ့သည်ကို စိစစ်ဖော်ထုတ်ဆဲဖြစ်ကြောင်း သတင်းရရှိသည်။ 

Recent News