ျပည္သူလူထုအထင္အျမင္လြဲမွားေစရန္ တပ္မေတာ္မွ ပစ္ခတ္သျဖင့္ ရြာသား ၁ ဦး ေသဆုံး၊ ၁ ဦး ဒဏ္ရာရရွိဟု မဟုတ္မမွန္စြပ္စြဲေျပာဆုိ၊ ျဖစ္စဥ္အေပၚစိစစ္ခဲ့ရာ ေသဆုံးဒဏ္ရာရရွိသူမ်ားမွာ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားျဖစ္ 

ျပည္သူလူထုအထင္အျမင္လြဲမွားေစရန္ တပ္မေတာ္မွ ပစ္ခတ္သျဖင့္ ရြာသား ၁ ဦး ေသဆုံး၊ ၁ ဦး ဒဏ္ရာရရွိဟု မဟုတ္မမွန္စြပ္စြဲေျပာဆုိ၊ ျဖစ္စဥ္အေပၚစိစစ္ခဲ့ရာ ေသဆုံးဒဏ္ရာရရွိသူမ်ားမွာ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားျဖစ္ 

ေနျပည္ေတာ္၊ ဧၿပီ - ၁၄ 

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေဘာင္းဒုတ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ထြန္း (၄၈ႏွစ္)(ဘ) ဦးေမာင္ေက်ာ္ထြန္းဆုိသူက တပ္မွ ပစ္ခတ္သျဖင့္ ၎ရပ္ကြက္ရွိ အမ်ိဳးသား ၁ ဦး ေသဆုံး၊ ၁ ဦး ဒဏ္ရာရရွိဟု ယေန႔ နံနက္ ၂ နာရီခန္႔တြင္ အဆုိပါေက်းရြာ နယ္ေျမခံတပ္မွ တာ၀န္ရွိသူမ်ားထံ ဖုန္းျဖင့္ ဆက္သြယ္ သတင္းပို႔တုိင္ၾကားခဲ့သည္။ 

ျဖစ္စဥ္အေပၚစိစစ္ခဲ့ရာ ေဘာင္းဒုတ္ေက်းရြာနယ္ေျမခံတပ္၌ နယ္ေျမခံတပ္ရွိ လူေနထုိင္ျခင္းမရွိသည့္ အိမ္ေထာင္သည္လုိင္းခန္းဘက္္၌ ဧၿပီ ၁၃ ရက္ ည ၁၀ နာရီ ခန္႔တြင္ မသကၤာဖြယ္လႈပ္ရွားမႈမ်ားေတြ႕ရွိရသျဖင့္ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ၿပီး ကင္းတာ၀န္က်သူက လက္နက္ငယ္ျဖင့္ ၄ ခ်က္ပစ္ခတ္ခဲ့သည္။ ထုိ႔ေနာက္ ၎အိမ္ေထာင္သည္ လုိင္း၏ အေနာက္ဘက္ဓနိေတာမ်ားဘက္၌လည္း လူတုိးသံမ်ား ထပ္မံၾကားခဲ့ရသျဖင့္ လက္နက္ငယ္ျဖင့္ အခ်က္ ၂၀ ခန္႔ထပ္မံပစ္ခတ္ခဲ့သည္။ 

ယင္းေနာက္ ဧၿပီ ၁၄ ရက္ နံနက္ ၁ နာရီ မိနစ္ ၄၀ ခန္႔တြင္ အထက္ပါအိမ္ေထာင္သည္လုိင္း ခန္းမ်ားႏွင့္ ဆန္႔က်င္ ဘက္ျဖစ္သည့္ ေဘာင္းဒုတ္ေက်းရြာအတြင္းမွ ေသနတ္သံ ၆ ခ်က္ခန္႔ၾကားခဲ့ရသျဖင့္ တပ္ဌာနခ်ဳပ္၌ တပ္အသင့္ေနရာယူမႈမ်ားျပဳလုပ္လ်က္လုံၿခဳံေရး လုပ္ငန္းမ်ားေဆာင္ရြက္ခဲ့သည္။ ျဖစ္စဥ္ျဖစ္ပြားၿပီး မိနစ္ ၂၀ ခန္႔အၾကာ အဆုိပါရပ္ကြက္ ရွိ အုပ္ခ်ဳပ္ေရးမွဴးက တပ္က ပစ္ခတ္သျဖင့္ ရပ္ကြက္ေနအမ်ိဳးသား ၁ ဦးေသဆုံးၿပီး ၁ ဦး ဒဏ္ရာရရွိလ်က္ရွိေၾကာင္း ဖုန္းျဖင့္ သတင္းေပးပို႔တုိင္ၾကားလာခဲ့သျဖင့္ တာ၀န္ရွိသူ မ်ားက လုိအပ္သည့္ စစ္ေဆးမႈမ်ားအေသးစိတ္ေဆာင္ရြက္ခဲ့သည္။ 

စစ္ေဆးခ်က္မ်ားအရ ေသဆုံးသူမွာ ေဘာင္းဒုတ္ေက်းရြာေန ဦးေမာင္ေက်ာ္စိန္ (၆၂ႏွစ္)ျဖစ္ၿပီး လကၠာ ေက်းရြာေန ေက်ာ္သိန္း(၆၁ႏွစ္) ဒဏ္ရာရရွိခဲ့သျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္လ်က္ရွိသည္။ တပ္ဌာနခ်ဳပ္အိမ္ေထာင္သည္လုိင္းႏွင့္ ေဘာင္းဒုတ္ ေက်းရြာသည္ လက္နက္ငယ္ထိေရာက္မႈ အကြာအေ၀း ထက္ေက်ာ္လြန္ၿပီး မီတာ ၃၆၀ ခန္႔အကြာတြင္ တည္ရွိသည့္အေနအထားအျပင္ ေဘာင္းဒုတ္ေက်းရြာရွိ ေသဆုံးသူ ဦးေမာင္ေက်ာ္စိန္၏ ေနအိမ္အား သြားေရာက္စစ္ေဆးခဲ့ရာ ေနအိမ္ထုတ္တန္းတြင္ က်ည္ေဖာက္၀င္လ်က္ရွိၿပီး အနီးပတ္၀န္းက်င္သစ္ကုိင္းမ်ားက်ည္ထိမွန္ျပတ္က်မႈမ်ား ေတြ႕ရွိရခဲ့ကာ အုပ္ခ်ဳပ္ေရးမွဴးဆုိသူမွာလည္း ထြက္ေျပးတိမ္းေရွာင္လ်က္ရွိေၾကာင္း သိရွိရ သည္။ 

အထက္ပါျဖစ္စဥ္မွာ ေဘာင္းဒုတ္ေက်းရြာ နယ္ေျမခံတပ္ဌာနခ်ဳပ္ အား AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ၀င္ေရာက္မည့္အစီအစဥ္အား တပ္ရွိလုံၿခံဳေရးကင္းမ်ား၏ ႏုိ္းၾကားမႈေၾကာင့္ ပစ္ခတ္ခံခဲ့ရၿပီး ထိခိုက္ဒဏ္ရာ ရရွိမႈအေပၚ ယုတ္မာေသာအႀကံျဖင့္ တပ္မွ ေက်းရြာအတြင္း အေၾကာင္းမဲ့ပစ္ခတ္သည့္ အေျခအေန လုပ္ႀကံဖန္တီးကာ ျပည္သူလူထုအထင္အျမင္လြဲမွားေစရန္ မဟုတ္မမွန္စြပ္စြဲေျပာဆုိခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။ 

သို႔ျဖစ္၍ ဒဏ္ရာရရွိခဲ့သည့္ ေက်ာ္သိန္းအား ခြဲစိတ္ကုသမႈမ်ားေဆာင္ရြက္ၿပီးစီး ပါက စစ္ေဆးေမးျမန္းမႈ မ်ားေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ျပည္သူလူထု အထင္အျမင္လြဲမွားေစရန္ မဟုတ္မမွန္လုပ္ႀကံစြပ္စြဲ ေျပာဆုိတုိင္ၾကားခဲ့ၿပီး ထြက္ေျပးသြားသူ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ထြန္းအား ဖမ္းဆီးရမိေရးေဆာင္ရြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် တပ်မတော်မှ ပစ်ခတ်သဖြင့် ရွာသား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိဟု မဟုတ်မမှန်စွပ်စွဲပြောဆို၊ ဖြစ်စဉ်အပေါ်စိစစ်ခဲ့ရာ သေဆုံးဒဏ်ရာရရှိသူများမှာ AA အကြမ်းဖက် သောင်းကျန်းသူများဖြစ် 

နေပြည်တော်၊ ဧပြီ - ၁၄ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်း (၄၈နှစ်)(ဘ) ဦးမောင်ကျော်ထွန်းဆိုသူက တပ်မှ ပစ်ခတ်သဖြင့် ၎င်းရပ်ကွက်ရှိ အမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိဟု ယနေ့ နံနက် ၂ နာရီခန့်တွင် အဆိုပါကျေးရွာ နယ်မြေခံတပ်မှ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ် သတင်းပို့တိုင်ကြားခဲ့သည်။ 

ဖြစ်စဉ်အပေါ်စိစစ်ခဲ့ရာ ဘောင်းဒုတ်ကျေးရွာနယ်မြေခံတပ်၌ နယ်မြေခံတပ်ရှိ လူနေထိုင်ခြင်းမရှိသည့် အိမ်ထောင်သည်လိုင်းခန်းဘက်၌ ဧပြီ ၁၃ ရက် ည ၁၀ နာရီ ခန့်တွင် မသင်္ကာဖွယ်လှုပ်ရှားမှုများတွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ကင်းတာဝန်ကျသူက လက်နက်ငယ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့သည်။ ထို့နောက် ၎င်းအိမ်ထောင်သည် လိုင်း၏ အနောက်ဘက်ဓနိတောများဘက်၌လည်း လူတိုးသံများ ထပ်မံကြားခဲ့ရသဖြင့် လက်နက်ငယ်ဖြင့် အချက် ၂၀ ခန့်ထပ်မံပစ်ခတ်ခဲ့သည်။ 

ယင်းနောက် ဧပြီ ၁၄ ရက် နံနက် ၁ နာရီ မိနစ် ၄၀ ခန့်တွင် အထက်ပါအိမ်ထောင်သည်လိုင်း ခန်းများနှင့် ဆန့်ကျင် ဘက်ဖြစ်သည့် ဘောင်းဒုတ်ကျေးရွာအတွင်းမှ သေနတ်သံ ၆ ချက်ခန့်ကြားခဲ့ရသဖြင့် တပ်ဌာနချုပ်၌ တပ်အသင့်နေရာယူမှုများပြုလုပ်လျက်လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပြီး မိနစ် ၂၀ ခန့်အကြာ အဆိုပါရပ်ကွက် ရှိ အုပ်ချုပ်ရေးမှူးက တပ်က ပစ်ခတ်သဖြင့် ရပ်ကွက်နေအမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိလျက်ရှိကြောင်း ဖုန်းဖြင့် သတင်းပေးပို့တိုင်ကြားလာခဲ့သဖြင့် တာဝန်ရှိသူ များက လိုအပ်သည့် စစ်ဆေးမှုများအသေးစိတ်ဆောင်ရွက်ခဲ့သည်။ 

စစ်ဆေးချက်များအရ သေဆုံးသူမှာ ဘောင်းဒုတ်ကျေးရွာနေ ဦးမောင်ကျော်စိန် (၆၂နှစ်)ဖြစ်ပြီး လက္ကာ ကျေးရွာနေ ကျော်သိန်း(၆၁နှစ်) ဒဏ်ရာရရှိခဲ့သဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်လျက်ရှိသည်။ တပ်ဌာနချုပ်အိမ်ထောင်သည်လိုင်းနှင့် ဘောင်းဒုတ် ကျေးရွာသည် လက်နက်ငယ်ထိရောက်မှု အကွာအဝေး ထက်ကျော်လွန်ပြီး မီတာ ၃၆၀ ခန့်အကွာတွင် တည်ရှိသည့်အနေအထားအပြင် ဘောင်းဒုတ်ကျေးရွာရှိ သေဆုံးသူ ဦးမောင်ကျော်စိန်၏ နေအိမ်အား သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်ထုတ်တန်းတွင် ကျည်ဖောက်ဝင်လျက်ရှိပြီး အနီးပတ်ဝန်းကျင်သစ်ကိုင်းများကျည်ထိမှန်ပြတ်ကျမှုများ တွေ့ရှိရခဲ့ကာ အုပ်ချုပ်ရေးမှူးဆိုသူမှာလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရ သည်။ 

အထက်ပါဖြစ်စဉ်မှာ ဘောင်းဒုတ်ကျေးရွာ နယ်မြေခံတပ်ဌာနချုပ် အား AA အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်မည့်အစီအစဉ်အား တပ်ရှိလုံခြုံရေးကင်းများ၏ နိုးကြားမှုကြောင့် ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် ယုတ်မာသောအကြံဖြင့် တပ်မှ ကျေးရွာအတွင်း အကြောင်းမဲ့ပစ်ခတ်သည့် အခြေအနေ လုပ်ကြံဖန်တီးကာ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

သို့ဖြစ်၍ ဒဏ်ရာရရှိခဲ့သည့် ကျော်သိန်းအား ခွဲစိတ်ကုသမှုများဆောင်ရွက်ပြီးစီး ပါက စစ်ဆေးမေးမြန်းမှု များဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံစွပ်စွဲ ပြောဆိုတိုင်ကြားခဲ့ပြီး ထွက်ပြေးသွားသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 

Recent News