သံုးခြၿမိဳ႕နယ္၊ သမၼစိတၱေက်းရြာအျပင္ဘက္ ေရမုိင္ ၇ မုိ္င္ခန္႔အကြာ စစ္ေတာင္းျမစ္၀အနီး ေသာင္တင္ခဲ့သည့္ ကုန္တင္ေရယာဥ္ SAM RATULANGI ကို တြဲဆြဲေခၚေဆာင္လာသည့္တြဲဆြဲေရယာဥ္ INDEPENDENCE အား သက္ဆုိင္ရာသို႔လႊဲေျပာင္းေပးအပ္ 

ေနျပည္ေတာ္ စက္တင္ဘာ ၄ 

ရန္ကုန္တုိင္းေဒသႀကီး၊ သံုးခြၿမိဳ႕နယ္၊ သမၼစိတၱေက်းရြာအျပင္ဘက္ ေရမုိင္ ၇ မုိင္ခန္႔အကြာ စစ္ေတာင္းျမစ္၀ အနီး၌ SAM RATULANGI အမည္ရွိ ျပည္ပကုန္တင္ေရယာဥ္ ေသာင္တင္ခဲ့သည့္ ျဖစ္စဥ္အေပၚ သက္ဆုိင္ရာ အာဏာပုိင္မ်ားထံသို႔ ဆက္သြယ္သတင္းပုိ႔ျခင္းမရွိဘဲ ျပန္လည္ထြက္ခြာသြားခဲ့သည့္ INDEPENDENCE အား ၾသဂုတ္ ၃၁ ရက္ နံနက္ ၁၁ နာရီတြင္ျမန္မာ့ကမ္း႐ိုးတန္းႏွင့္ မုိင္ ၅၀ ခန္႔အကြာျမန္မာ့ပင္လယ္ျပင္မွ တစ္ဖက္ ႏုိင္ငံဘက္သုိ႔ခုတ္ေမာင္းေနစဥ္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္တစ္စင္းက တားဆီးထိန္းသိမ္းေခၚေဆာင္ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္ရြက္ခဲ့သည္။ 

အဆုိပါတားဆီးထိန္းသိမ္းထားသည့္ တြဲဆြဲေရယာဥ္ INDEPENDENCE အား အင္ဒုိနီးရွားႏုိင္ငံသား အမႈထမ္း ၁၃ ဦးႏွင့္အတူေကာ့ေသာင္းၿမိဳ႕၊ အေနာက္ေတာင္ဘက္ေရမုိင္ ၄၈ မုိင္ခန္႔အကြာ ပင္လယ္ျပင္တြင္ တပ္မေတာ္(ေရ)က ေခတၱထိန္းသိမ္းထားရွိခဲ့ၿပီး လုပ္ထံုးလုပ္နည္းႏွင့္အညီ ဆက္လက္ေဆာင္ရြက္ႏုိင္ေရး အတြက္ စက္တင္ဘာ ၃ရက္ နံနက္ ၁၀ နာရီတြင္ ေရေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကားေရးမွဴး ဦးေဇာ္လြင္ေထြး ဦးစီး သက္ဆုိင္ရာဌာနစံုပူးေပါင္းအဖြဲ႕သို႔ အဆုိပါေရယာဥ္ႏွင့္ အမႈထမ္း မ်ား အား စနစ္တက်လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္းႏွင့္ ေရေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ေရေၾကာင္း ဥပေဒဆုိင္ရာ လုပ္ထံုးလုပ္နည္းမ်ားႏွင့္ အညီဆက္လက္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။ 
 

 

(Unicode Version)

 

သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝအနီး သောင်တင်ခဲ့သည့် ကုန်တင်ရေယာဉ် SAM RATULANGI ကို တွဲဆွဲခေါ်ဆောင်လာသည့်တွဲဆွဲရေယာဉ် INDEPENDENCE အား သက်ဆိုင်ရာသို့လွှဲပြောင်းပေးအပ် 

နေပြည်တော် စက်တင်ဘာ ၄ 

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်၀ အနီး၌ SAM RATULANGI အမည်ရှိ ပြည်ပကုန်တင်ရေယာဉ် သောင်တင်ခဲ့သည့် ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ဆက်သွယ်သတင်းပို့ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားခဲ့သည့် INDEPENDENCE အား သြဂုတ် ၃၁ ရက် နံနက် ၁၁ နာရီတွင်မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၅၀ ခန့်အကွာမြန်မာ့ပင်လယ်ပြင်မှ တစ်ဖက် နိုင်ငံဘက်သို့ခုတ်မောင်းနေစဉ် တပ်မတော်(ရေ)မှ စစ်ရေယာဉ်တစ်စင်းက တားဆီးထိန်းသိမ်းခေါ်ဆောင် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါတားဆီးထိန်းသိမ်းထားသည့် တွဲဆွဲရေယာဉ် INDEPENDENCE အား အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦးနှင့်အတူကော့သောင်းမြို့၊ အနောက်တောင်ဘက်ရေမိုင် ၄၈ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် တပ်မတော်(ရေ)က ခေတ္တထိန်းသိမ်းထားရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် စက်တင်ဘာ ၃ရက် နံနက် ၁၀ နာရီတွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထွေး ဦးစီး သက်ဆိုင်ရာဌာနစုံပူးပေါင်းအဖွဲ့သို့ အဆိုပါရေယာဉ်နှင့် အမှုထမ်း များ အား စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေကြောင်း ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Recent News