က်ဳိင္းလပ္ၿမိဳ႕နယ္အတြင္း မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူမ်ားအား လက္နက္ခဲယမ္းမ်ား ႏွင့္အတူ ဖမ္းဆီးရမိ 

က်ဳိင္းလပ္ၿမိဳ႕နယ္အတြင္း မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူမ်ားအား လက္နက္ခဲယမ္းမ်ား ႏွင့္အတူ ဖမ္းဆီးရမိ 

ေနျပည္ေတာ္ ၊ ဧၿပီ - ၁၅ 

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ က်ဳိင္းလပ္ၿမိဳ႕နယ္အတြင္း လံုၿခံဳေရး တပ္ဖြဲ႕၀င္မ်ားပါ၀င္ေသာ ပူးေပါင္းအဖြဲ႕သည္ ဧၿပီ ၁၄ ရက္ နံနက္ ၈ နာရီခြဲခန္႕တြင္ တာေလၿမိဳ႕ဘက္မွ က်ဳိင္းလပ္ၿမိဳ႕ဘက္သို႕ ျမင့္ေအာင္(ဘ)ဦးမုိင္ေနာ္ ေမာင္းႏွင္လာေသာ ကလစ္အမ်ဳိးအစားလိုင္စင္မဲ့ ေမာ္ေတာ္ဆုိင္ကယ္အား ရပ္တန္႕စစ္ေဆးစဥ္ WY စာတမ္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၉၆ ျပား(ကာလတန္ဖုိးခန္႕မွန္းေငြက်ပ္ ၁၄၄၀၀၀ )ႏွင့္ ၎င္း၏ ခါးတြင္ ၀ွက္ထားေသာ ၾသစၾတးလ်ႏိုင္ငံလုပ္ Glock အမ်ဳိးအစား ပစၥတုိ ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ၎က်ည္ ၁၃ ေတာင့္တုိ႕ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။ 

အဆိုပါ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူအား တရားဥပေဒအရ အေရးယူေဆာင္ရြက္ႏိုင္ေရး မုိင္းပါလွ်ိဳးရဲစခန္းသို႕ စနစ္တက်လႊဲေျပာင္း အပ္ႏွံခဲ့ေၾကာင္း သတင္းရရွိသည္။ 
 

(Unicode Version)

 

ကျိုင်းလပ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူများအား လက်နက်ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိ 
နေပြည်တော် ၊ ဧပြီ - ၁၅ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် တာလေမြို့ဘက်မှ ကျိုင်းလပ်မြို့ဘက်သို့ မြင့်အောင်(ဘ)ဦးမိုင်နော် မောင်းနှင်လာသော ကလစ်အမျိုးအစားလိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆ ပြား(ကာလတန်ဖိုးခန့်မှန်းငွေကျပ် ၁၄၄၀၀၀ )နှင့် ၎င်းင်း၏ ခါးတွင် ဝှက်ထားသော သြစတြးလျနိုင်ငံလုပ် Glock အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၃ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး မိုင်းပါလျှိုးရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 

 

Recent News