နေပြည်တော် ၊ ဧပြီ - ၁၅ 
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အကြတ်နေ့ ဖြစ်သော ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၀န်းအတွင်းရှိ ရေကစားမဏ္ဍပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ရှေ့ရှိ ရေကစားမဏ္ဍပ်များ၌ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များ၊ တေးသံရှင် များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြကာ စတုဒိသာအကျွေးအမွေး များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ 
ထို့အတူ ယနေ့မနက်ပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့်ဇနီး ဒေါ်သက်သက်အောင်၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုရေကစား မဏ္ဍပ်၌ မဟာသင်္ကြန် ရေသဘင်ပွဲတော်အား ပါဝင်ဆင်နွှဲကြသည်။ 
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင် များသည် ဘိုဖြူ၊ ကော်နီ၊ ဆုန်သင်းပါရ်၊ မေခလာ၊ ဗီဗာဟိန်း၊ စွမ်းပြည့်အောင်၊ လွင်လှိုင်နှင့် ယွန်းသီရိကျော်စသည့် နိုင်ငံကျော် တေးသံရှင်များ၊ အမျိုးသမီးအရာရှိယိမ်းအကအဖွဲ့နှင့် အမျိုးသမီးစစ်သည် ယိမ်းအကအဖွဲ့အပါအ၀င် မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အမျိုးသား အရာရှိ/စစ်သည် Dancer အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတီးဝိုင်းအမျိုး သမီးတပ်ဖွဲ့နှင့် အမျိုးသမီးယိမ်းအကအဖွဲ့တို့၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများ ကို ကြည့်ရှုအားပေးပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ 
(Unicode Version)
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေကစားမဏ္ဍပ်များ သို့ သွားရောက်ကြည့်ရှုအားပေး 
နေပြည်တော် ၊ ဧပြီ - ၁၅ 
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသြင်္ကန် အကြတ်နေ့ ဖြစ်သော ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ရှေ့ရှိ ရေကစားမဏ္ဍပ်များ၌ မိသားစုသြင်္ကန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များ၊ တေးသံရှင် များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြကာ စတုဒိသာအကျွေးအမွေး များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ 
ထို့အတူ ယနေ့မနက်ပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့်ဇနီး ဒေါ်သက်သက်အောင်၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုရေကစား မဏ္ဍပ်၌ မဟာသြင်္ကန် ရေသဘင်ပွဲတော်အား ပါဝင်ဆင်နွှဲကြသည်။ 
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင် များသည် ဘိုဖြူ၊ ကော်နီ၊ ဆုန်သင်းပါရ်၊ မေခလာ၊ ဗီဗာဟိန်း၊ စွမ်းပြည့်အောင်၊ လွင်လှိုင်နှင့် ယွန်းသီရိကျော်စသည့် နိုင်ငံကျော် တေးသံရှင်များ၊ အမျိုးသမီးအရာရှိယိမ်းအကအဖွဲ့နှင့် အမျိုးသမီးစစ်သည် ယိမ်းအကအဖွဲ့အပါအဝင် မိသားစု သြင်္ကန်ယိမ်းအကအဖွဲ့များ၊ အမျိုးသား အရာရှိ/စစ်သည် Dancer အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတီးဝိုင်းအမျိုး သမီးတပ်ဖွဲ့နှင့် အမျိုးသမီးယိမ်းအကအဖွဲ့တို့၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများ ကို ကြည့်ရှုအားပေးပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ 
ညနေပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ရှေ့ရှိ ရေကစားမဏ္ဍပ်၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း အတွင်း ရှိ အိမ်ထောင်သည်လိုင်းအနီး ရေကစားမဏ္ဍပ် တို့တွင်လည်း မဟာသြင်္ကန်အတာရေ သဘင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီးတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးကြပြီး ပါဝင်ဆင်နွှဲကြသည်။ ထို့နောက်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်အဖွဲ့ဝင်များသည် မဏ္ဍပ်များအလိုက် ကပြဖျော်ဖြေခဲ့ကြသော ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
Recent News