

နေပြည်တော်၊ ဧပြီ - ၁၆ 



AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ခရီးသွားပြည်သူလူထု၊ ဘုရားဖူး ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှုနှင့် အုပ်ချုပ်မှုယာဉ်များ ဖြတ်သန်း သွားလာမှုအပေါ် ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ မိုင်းထောင်ခြင်း များအား မကြာခဏပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ ယနေ့အချိန် အထိ ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ မိုင်းထောင်ခဲ့သည့် အကြိမ် ၁၁ ကြိမ်ရှိပြီး မိုင်း ၁၆ လုံးအားဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်မရှိစေရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။ 

 

(Unicode Version)

 

ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူ များထောင်ထား သော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးဖော်ထုတ်ရရှိ 

နေပြည်တော်၊ ဧပြီ - ၁၆ 

ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက် တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင် များက မိုင်းရှင်းလင်းခြင်းနှင့် ရှာဖွေရေး လုပ်ငန်းများဆောင်ရွက်စဉ် ဧပြီ ၁၅ ရက် ညနေပိုင်း၌ AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသော ဒေသန္တရလက်လုပ်မိုင်းများအား တွေ့ရှိခဲ့သဖြင့် ခရီးသွားပြည်သူများနှင့် ဘုရားဖူးပြည်သူများ ဘေးအန္တရာယ် မရှိစေရေး အတွက် ဖော်ထုတ်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ဒေသန္တရကားမိုင်း ၃ လုံးအားဖော်ထုတ် သက်မဲ့ပြုလုပ်လျက်ရှိစဉ် ၎င်းင်းမိုင်းများ၏ အရှေ့ဘက် ၁၅ ပေခန့်အကွာ၌ထောင်ထားသော ရီမုမိုင်း ၂ လုံးအား AA အကြမ်းဖက်သောင်းကျန်းသူများက အဝေးမှ ဖောက်ခွဲတိုက်ခိုက် လာခဲ့သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ AA အကြမ်းဖက် သောင်းကျန်းသူများထံမှ အလျား ၆ လက်မခန့်၊ အမြင့် ၈ လက်မခန့်ရှိ ပလတ်စတစ်ဗူး ဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးအားဖော်ထုတ်ရရှိခဲ့သည်။ 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ခရီးသွားပြည်သူလူထု၊ ဘုရားဖူူး ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှုနှင့် အုပ်ချုပ်မှုယာဉ်များ ဖြတ်သန်း သွားလာမှုအပေါ် ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ မိုင်းထောင်ခြင်း များအား မကြာခဏပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အချိန် အထိ ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ မိုင်းထောင်ခဲ့သည့် အကြိမ် ၁၁ ကြိမ်ရှိပြီး မိုင်း ၁၆ လုံးအားဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်မရှိစေရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။ 

Recent News