မြန်မာ့ရိုးရာမဟာသင်္ကြန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစား မဏ္ဍပ် ပိတ်ပွဲအခမ်း အနားကျင်းပ 

မြန်မာ့ရိုးရာမဟာသင်္ကြန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစား မဏ္ဍပ် ပိတ်ပွဲအခမ်း အနားကျင်းပ 
နေပြည်တော်၊ ဧပြီ - ၁၆ 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းသော နှစ်ကူး အခါသမယ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလ အရှည်ကြာဆုံးကျင်းပသည့် မြန်မာ့နှစ်ကူး သင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝှမ်း ခြိမ့်ခြိမ့်သဲသဲဖြင့် ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အကြိုနေ့မှ အတက်နေ့ဖြစ်သော ယနေ့အထိ နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေကစားကြသူများ၊ မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြသကဲ့သို့ နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုရေကစားမဏ္ဍပ်တွင်လည်း အတာရေသဘင်ပွဲတော် အား ယခင်နေ့များထက် အရာရှိ၊ စစ်သည်၊ မိသားစုများဖြင့် ပိုမိုစည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။ 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့ ဖြစ်သော ယနေနံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစား မဏ္ဍပ်ပိတ်ပွဲအခမ်းအနားအား နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။ 

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အမျိုးသမီးအရာရှိ ယိမ်းအကအဖွဲ့၊ အမျိုးသမီးစစ်သည် ယိမ်းအကအဖွဲ့အပါအ၀င် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အမျိုးသားအရာရှ/စစ်သည် Dancer အဖွဲ့၊ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။ 

ထို့နောက်ပိတ်ပွဲအခမ်းအနားကျင်းပရာ အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြကာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အရာရှိကြီးများ၊ ဇနီးများတို့က ပိတ်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသူများ နှင့်အတူ ယိမ်းအဖွဲ့များအား အတာရေများဖြင့်အေးချမ်းပျော်ရွှင်စွာ ပက်ဖျန်းပေးကြပြီး မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်အား အောင်မြင်စွာပိတ်သိမ်းခဲ့သည်။ 

ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ဖြစ်သည်နှင့်အညီ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၀န်းအတွင်းရှိ ရေကစားမဏ္ဍပ်၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ် နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ရှေ့ရှိ ရေကစားမဏ္ဍပ်အပါအ၀င် အခြားရေကစားမဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် ပျော်ရွှင်စည်ကားစွာ ရေသဘင်ပွဲတော်ကို အောင်မြင်စွာဆင်နွှဲ ကြပြီး မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအက များဖြင့် သီဆိုကပြဖျော်ဖြေကြရာ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစု ၀င်များ၊ သင်္ကြန်ချစ်သူပြည်သူများက အတာရေသဘင်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

(Unicode Version)

 

 မြန်မာ့ရိုးရာမဟာသြင်္ကန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစား မဏ္ဍပ် ပိတ်ပွဲအခမ်း အနားကျင်းပ 

နေပြည်တော်၊ ဧပြီ - ၁၆ 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းသော နှစ်ကူး အခါသမယ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလ အရှည်ကြာဆုံးကျင်းပသည့် မြန်မာ့နှစ်ကူး သြင်္ကန်ပွဲတော်အား နိုင်ငံတစ်ဝှမ်း ခြိမ့်ခြိမ့်သဲသဲဖြင့် ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသြင်္ကန် အကြိုနေ့မှ အတက်နေ့ဖြစ်သော ယနေ့အထိ နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေကစားကြသူများ၊ မိသားစု သြင်္ကန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြသကဲ့သို့ နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုရေကစားမဏ္ဍပ်တွင်လည်း အတာရေသဘင်ပွဲတော် အား ယခင်နေ့များထက် အရာရှိ၊ စစ်သည်၊ မိသားစုများဖြင့် ပိုမိုစည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။ 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသြင်္ကန် အတက်နေ့ ဖြစ်သော ယနေနံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစား မဏ္ဍပ်ပိတ်ပွဲအခမ်းအနားအား နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။ 

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အမျိုးသမီးအရာရှိ ယိမ်းအကအဖွဲ့၊ အမျိုးသမီးစစ်သည် ယိမ်းအကအဖွဲ့အပါအဝင် မိသားစုသြင်္ကန်ယိမ်းအကအဖွဲ့များ၊ အမျိုးသားအရာရှ/စစ်သည် Dancer အဖွဲ့၊ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။ 

ထို့နောက်ပိတ်ပွဲအခမ်းအနားကျင်းပရာ အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြကာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အရာရှိကြီးများ၊ ဇနီးများတို့က ပိတ်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသူများ နှင့်အတူ ယိမ်းအဖွဲ့များအား အတာရေများဖြင့်အေးချမ်းပျော်ရွှင်စွာ ပက်ဖျန်းပေးကြပြီး မြန်မာ့ ရိုးရာမဟာသြင်္ကန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်အား အောင်မြင်စွာပိတ်သိမ်းခဲ့သည်။ 

ယနေ့သည် မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်အတက်နေ့ဖြစ်သည်နှင့်အညီ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ်၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ် နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ရှေ့ရှိ ရေကစားမဏ္ဍပ်အပါအဝင် အခြားရေကစားမဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် ပျော်ရွှင်စည်ကားစွာ ရေသဘင်ပွဲတော်ကို အောင်မြင်စွာဆင်နွှဲ ကြပြီး မိသားစုသြင်္ကန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအက များဖြင့် သီဆိုကပြဖျော်ဖြေကြရာ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊ သြင်္ကန်ချစ်သူပြည်သူများက အတာရေသဘင်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News