နေပြည်တော်၊ ဧပြီ - ၁၆ 
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သော ယနေ့တွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တစ်လုံးကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်ကြည် ညိုကြရာ ဒေသခံများကကြိုဆိုနှုတ်ဆက်ကြသည်။ 
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး ဦးဆောင်သည့် တပ်မတော် အရာရှိကြီးများသည် ဟိုပုံးမြို့၊ တပ်မတော်ကွန်ပြူတာနှင့်နည်းပညာသိပ္ပံကျောင်း ရေကစားမဏ္ဍပ်သို့ ရောက်ရှိကြပြီးသင်္ကြန်ယိမ်း အကအဖွဲ့များ ကပြဖျော်ဖြေမှုနှင့်အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲ နေမှုများကိုကြည့်ရှုအားပေးကြသည်။ 
(Unicode Version)
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီးဦးဆောင်သည့် တပ်မတော်အရာရှိကြီးများ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညို၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပြူတာနှင့် နည်းပညာသိပ္ပံကျောင်း ရေကစားမဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး 
နေပြည်တော်၊ ဧပြီ - ၁၆ 
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန်အတက်နေ့ဖြစ်သော ယနေ့တွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တစ်လုံးကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်ကြည် ညိုကြရာ ဒေသခံများကကြိုဆိုနှုတ်ဆက်ကြသည်။ 
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး ဦးဆောင်သည့် တပ်မတော် အရာရှိကြီးများသည် ဘုရားအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းကြရာ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။ ယင်းနောက် ပုံဆွေပင်ဆရာတော် ဦးအာနန္ဒအားဖူး မြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ 
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး ဦးဆောင်သည့် တပ်မတော် အရာရှိကြီးများသည် ဟိုပုံးမြို့၊ တပ်မတော်ကွန်ပြူတာနှင့်နည်းပညာသိပ္ပံကျောင်း ရေကစားမဏ္ဍပ်သို့ ရောက်ရှိကြပြီးသြင်္ကန်ယိမ်း အကအဖွဲ့များ ကပြဖျော်ဖြေမှုနှင့်အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲ နေမှုများကိုကြည့်ရှုအားပေးကြသည်။ 
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး ဦးဆောင်သည့် တပ်မတော်အရာကြီး များသည် သင်တန်း ကျောင်း ကျောင်းအုပ်ကြီးနှင့် အရာရှိ၊ စစ်သည်များ၊ ယိမ်းအကအဖွဲ့ များအား အတာသြင်္ကန်ရေ များပက်ဖြန်းပေးကြသည်။ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး ဦးဆောင်သည့် တပ်မတော်အရာကြီးများသည် သီဆိုကပြဖျော်ဖြေခဲ့ကြသော ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။ 
Recent News