တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲ 

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲ 

နေပြည်တော် ဧပြီ ၁၆ 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ဖြစ်သော ဧပြီ ၁၆ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ် ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာဆင်နွှဲကြသည်။ 

မဟာသင်္ကြန်အတက်နေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ အတာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်ရှိ မြိတ်တပ်နယ် မိသားစုသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အနောက်တောင် တိုင်းစစ် ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ မိသားစုရေကစားမဏ္ဍပ်များ၌လည်းကောင်း၊ တိုင်းစစ် ဌာနချုပ်မှအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စခန်းရုံးရေကစားမဏ္ဍပ်၌လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ်ရှိ နန်းမြို့သူမိသားစုဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များ၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ မိသားစုရေကစားမဏ္ဍပ်နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုများ ရေကစားမဏ္ဍပ်များ၌လည်းကောင်း ယိမ်း အကအလှ ယှဉ်ပြိုင်ကပြမှုများနှင့် အတာရေသဘင်ဆင်နွှဲခြင်းများပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များကသွားရောက်၍ ယိမ်းအကအဖွဲ့များ၏ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးပြီး ဂုဏ်ပြု ဆုငွေများပေးအပ်သည်။ 


 

(Unicode Version)

 

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်အတက်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲ 

နေပြည်တော် ဧပြီ ၁၆ 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်အတက်နေ့ဖြစ်သော ဧပြီ ၁၆ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ် ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာဆင်နွှဲကြသည်။ 

မဟာသြင်္ကန်အတက်နေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ အတာသြင်္ကန်မဏ္ဍပ်၌လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်ရှိ မြိတ်တပ်နယ် မိသားစုသြင်္ကန်မဏ္ဍပ်၌လည်းကောင်း၊ အနောက်တောင် တိုင်းစစ် ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ မိသားစုရေကစားမဏ္ဍပ်များ၌လည်းကောင်း၊ တိုင်းစစ် ဌာနချုပ်မှအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စခန်းရုံးရေကစားမဏ္ဍပ်၌လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ်ရှိ နန်းမြို့သူမိသားစုဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များ၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ မိသားစုရေကစားမဏ္ဍပ်နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုများ ရေကစားမဏ္ဍပ်များ၌လည်းကောင်း ယိမ်း အကအလှ ယှဉ်ပြိုင်ကပြမှုများနှင့် အတာရေသဘင်ဆင်နွှဲခြင်းများပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များကသွားရောက်၍ ယိမ်းအကအဖွဲ့များ၏ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးပြီး ဂုဏ်ပြု ဆုငွေများပေးအပ်သည်။ 

ထို့ပြင် ရေသဘင်ဆင်နွှဲသူများအား စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးပြီး ရေသဘင်ဆင်နွှဲ နေမှု များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News