အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမား မ်ား၏ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားႏွင့္ ဆက္စပ္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားအေပၚ ထပ္မံစိစစ္အတည္ျပဳရန္ ဖြဲ႕စည္းခဲ့သည့္စုံစမ္းစစ္ေဆးေရးခုံရုံးအား အၾကံေပးႏုိင္ရန္ ဥပေဒအၾကံေပးအဖြဲ႕ကုိဖြဲ႕စည္းတာ၀န္ေပးအပ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္ 

ရခုိင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ျဖစ္ပြားခဲ့ေသာ အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမား မ်ား၏ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားႏွင့္ ဆက္စပ္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားအေပၚ ထပ္မံစိစစ္အတည္ျပဳရန္ ဖြဲ႕စည္းခဲ့သည့္စုံစမ္းစစ္ေဆးေရးခုံရုံးအား အၾကံေပးႏုိင္ရန္ ဥပေဒအၾကံေပးအဖြဲ႕ကုိ ဖြဲ႕စည္းတာ၀န္ေပးအပ္ ေၾကာင္း သတင္းထုတ္ျပန္ခ်က္ 

၁။ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ျဖစ္ပြားခဲ့သည့္ အစြန္းေရာက္ဘဂၤါလီ (ျပည္ပႏိုင္ငံအခ်ိဳ႕ႏွင့္ ျပည္ပအဖြဲ႕အစည္းအခ်ိဳ႕၏ အေခၚ ႐ိုဟင္ဂ်ာ) အၾကမ္းဖက္သမားမ်ား၏ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားႏွင့္ ဆက္စပ္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ စစ္ဥပေဒခ်ဳပ္႐ုံး၏ အၾကံျပဳခ်က္အရ ထပ္မံစိစစ္ရန္ လိုအပ္သျဖင့္ တပ္မေတာ္နည္းဥပေဒမ်ားအရ စုံစမ္းစစ္ေဆးေရးခုံ႐ုံးကို ဖြဲ႕စည္း၍ ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၈ ရက္ေန႔မွစတင္၍ စုံစမ္းစစ္ေဆးမႈမ်ားေဆာင္ရြက္ လ်က္ရွိပါသည္။ 

၂။ ျဖစ္စဥ္မ်ားႏွင့္သက္ဆိုင္သည့္ သက္ေသခံအေထာက္အထား ၊ အခ်က္အလက္မ်ားကို စုံစမ္း စစ္ေဆးေရးခုံ႐ုံးသို ့ လူကိုယ္တိုင္ျဖစ္ေစ၊ စာတိုက္မွ တစ္ဆင့္ျဖစ္ေစ၊ အီးေမးလ္မွ တစ္ဆင့္ျဖစ္ေစ သတ္မွတ္ထားသည့္ နည္းလမ္းအတိုင္းေပးပို႕တင္ျပႏိုင္ေၾကာင္းကို စုံစမ္းစစ္ေဆးရးခုံ႐ုံးက ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၂ ရက္ေန ့တြင္ ဖိတ္ေခၚထားပါသည္။ 

၃။ စုံစမ္းစစ္ေဆးေရးခုံ႐ုံးက စုံစမ္းစစ္ေဆးမႈမ်ားကို ထိေရာက္စြာ ေဆာင္ရြက္ႏိုင္ရန္အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၏ တာ၀န္ေပးခ်က္အရ လိုအပ္သည့္ သက္ေသခံအခ်က္အလက္မ်ား စုေဆာင္းျခင္းဆိုင္ရာမ်ား ၊ ဥပေဒေၾကာင္းဆိုင္ရာမ်ားႏွင့္ လုပ္ထုံးလုပ္နည္းဆိုင္ရာမ်ားကို အၾကံေပးႏိုင္ရန္ ေအာက္ပါ အဖြဲ႕၀င္မ်ားပါ၀င္သည့္ ဥပေဒအၾကံေပးအဖြဲ႕ကို ဖြဲ႕စည္းတာ၀န္ေပးအပ္လိုက္သည္ - 

(က) ဗိုလ္ခ်ဳပ္ ေသာင္းႏိုင္ ဒုတိယစစ္ဥပေဒခ်ဳပ္ ဥကၠ႒ 

(ခ) ဒုတိယဗိုလ္မွဴးႀကီး ျမင့္သိန္း လက္ေထာက္စစ္ဥပေဒခ်ဳပ္ အဖြဲ႕၀င္ 

(ဂ) ဗိုလ္မွဴး ျမင့္ဆန္း ဒုတိယလက္ေထာက္စစ္ဥပေဒခ်ဳပ္ အဖြဲ႕၀င္ 

(ဃ) ဗိုလ္ႀကီး ေက်ာ္ေက်ာ္လင္း ဒုတိယလက္ေထာက္စစ္ဥပေဒခ်ဳပ္(ဗိုလ္ႀကီး) အဖြဲ႕၀င္ 

(င) ဗိုလ္ႀကီး ေဒၚသဇင္ေဆြ စစ္ဥပေဒအရာရွိ အဖြဲ႕၀င္ 

၄။ ဥပေဒအၾကံေပးအဖြဲ႕၏ တာ၀န္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္- 

(က) မည္သည့္သက္ေသမ်ားကို စစ္ေမးသင့္ေၾကာင္း အၾကံေပးရန္၊ 

(ခ) မည္သည့္သက္ေသခံ အေထာက္အထားမ်ား ရယူသင့္ေၾကာင္း အၾကံေပးရန္၊ 

(ဂ) မည္သည့္ အခင္းျဖစ္ေနရာသို႔ သြားေရာက္ စစ္ေဆးသင့္ေၾကာင္း အၾကံေပးရန္ 

(ဃ) သက္ေသမ်ားကို စစ္ေမးရာတြင္ ကြင္းဆက္မျပတ္ေစေရး လိုအပ္သည့္ အၾကံေပးရန္၊ 

(င) အျခားဥပေဒအေၾကာင္းဆိုင္ရာ လိုအပ္သည့္ အၾကံမ်ားေပးရန္။ 

၅။ ဥပေဒအၾကံေပးအဖြဲ႕အား ၂၀၁၉ ခုနွစ္၊ ဧၿပီလ ၁၈ ရက္ေန႔တြင္ စစ္ဥပေဒခ်ဳပ္က ဖြဲ႔စည္းတာ၀န္ေပး အပ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ 

 

(Unicode Version)

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား များ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ် ထပ်မံစိစစ်အတည်ပြုရန် ဖွဲ့စည်းခဲ့သည့်စုံစမ်းစစ်ဆေးရေးခုံရုံးအား အကြံပေးနိုင်ရန် ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ် ကြောင်း သတင်းထုတ်ပြန်ချက် 

၁။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီ (ပြည်ပနိုင်ငံအချို့နှင့် ပြည်ပအဖွဲ့အစည်းအချို့၏ အခေါ် ရိုဟင်ဂျာ) အကြမ်းဖက်သမားများ၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်ဥပဒေချုပ်ရုံး၏ အကြံပြုချက်အရ ထပ်မံစိစစ်ရန် လိုအပ်သဖြင့် တပ်မတော်နည်းဥပဒေများအရ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစတင်၍ စုံစမ်းစစ်ဆေးမှုများဆောင်ရွက် လျက်ရှိပါသည်။ 

၂။ ဖြစ်စဉ်များနှင့်သက်ဆိုင်သည့် သက်သေခံအထောက်အထား ၊ အချက်အလက်များကို စုံစမ်း စစ်ဆေးရေးခုံရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊ အီးမေးလ်မှ တစ်ဆင့်ဖြစ်စေ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းပေးပို့တင်ပြနိုင်ကြောင်းကို စုံစမ်းစစ်ဆေးရးခုံရုံးက ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ဖိတ်ခေါ်ထားပါသည်။ 

၃။ စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေးမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ တာဝန်ပေးချက်အရ လိုအပ်သည့် သက်သေခံအချက်အလက်များ စုဆောင်းခြင်းဆိုင်ရာများ ၊ ဥပဒေကြောင်းဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပေးနိုင်ရန် အောက်ပါ အဖွဲ့ဝင်များပါဝင်သည့် ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် - 

(က) ဗိုလ်ချုပ် သောင်းနိုင် ဒုတိယစစ်ဥပဒေချုပ် ဥက္ကဋ္ဌ 

(ခ) ဒုတိယဗိုလ်မှူးကြီး မြင့်သိန်း လက်ထောက်စစ်ဥပဒေချုပ် အဖွဲ့ဝင် 

(ဂ) ဗိုလ်မှူး မြင့်ဆန်း ဒုတိယလက်ထောက်စစ်ဥပဒေချုပ် အဖွဲ့ဝင် 

(ဃ) ဗိုလ်ကြီး ကျော်ကျော်လင်း ဒုတိယလက်ထောက်စစ်ဥပဒေချုပ်(ဗိုလ်ကြီး) အဖွဲ့ဝင် 

(င) ဗိုလ်ကြီး ဒေါ်သဇင်ဆွေ စစ်ဥပဒေအရာရှိ အဖွဲ့ဝင် 

၄။ ဥပဒေအကြံပေးအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- 

(က) မည်သည့်သက်သေများကို စစ်မေးသင့်ကြောင်း အကြံပေးရန်၊ 

(ခ) မည်သည့်သက်သေခံ အထောက်အထားများ ရယူသင့်ကြောင်း အကြံပေးရန်၊ 

(ဂ) မည်သည့် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးသင့်ကြောင်း အကြံပေးရန် 

(ဃ) သက်သေများကို စစ်မေးရာတွင် ကွင်းဆက်မပြတ်စေရေး လိုအပ်သည့် အကြံပေးရန်၊ 

(င) အခြားဥပဒေအကြောင်းဆိုင်ရာ လိုအပ်သည့် အကြံများပေးရန်။ 

၅။ ဥပဒေအကြံပေးအဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် စစ်ဥပဒေချုပ်က ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 

Recent News