နယ္ေျမစိုးမုိးေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိသည့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ AA အၾကမ္းဖက္ေသာင္း က်န္းသူမ်ား ထိေတြ႕တုိက္ပြဲျဖစ္၊ ေသာင္းက်န္းသူမ်ားထံမွ နင္းမုိင္းမ်ားႏွင့္ မုိင္းေထာင္ရာတြင္ အသုံးျပဳသည့္ ဓာတ္ ေျမၾသဇာမ်ားသိမ္းဆည္းရမိ 

နယ္ေျမစိုးမုိးေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိသည့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ AA အၾကမ္းဖက္ေသာင္း က်န္းသူမ်ား ထိေတြ႕တုိက္ပြဲျဖစ္၊ ေသာင္းက်န္းသူမ်ားထံမွ နင္းမုိင္းမ်ားႏွင့္ မုိင္းေထာင္ရာတြင္ အသုံးျပဳသည့္ ဓာတ္ ေျမၾသဇာမ်ားသိမ္းဆည္းရမိ 

ေနျပည္ေတာ္၊ ဧၿပီ - ၂၂ 

ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း ဧၿပီ ၂၁ ရက္ ညေနပိုင္းတြင္ နယ္ေျမ စိုးမုိးေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိသည့္ တပ္မေတာ္လုံၿခဳံေရးစစ္ေၾကာင္းမ်ားႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ထိေတြ႕ တုိက္ပြဲျဖစ္ပြားခဲ့ၿပီး ေသာင္းက်န္းသူမ်ားထံမွ နင္းမုိင္းမ်ားႏွင့္ မုိင္းေထာင္ရာတြင္ အသုံးျပဳသည့္ ဓာတ္ေျမၾသဇာမ်ား သိမ္းဆည္း ရမိခဲ့ေၾကာင္းသိရွိရသည္။  
ျဖစ္စဥ္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္၊ နယုန္ေတာင္ေက်းရြာအနီး၀န္းက်င္တစ္၀ုိက္ တပ္မေတာ္လုံၿခဳံေရးစစ္ေၾကာင္း မ်ားက နယ္ေျမစိုးမုိးေရးလုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိစဥ္ ယင္းေန႔ ညေန ၄ နာရီခန္႔တြင္ နယုန္ေတာင္ေက်းရြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၃၀၀၀ ခန္႔အကြာေနရာ၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီး/ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ မိမိမွ ျပန္လည္တုိက္ခုိက္ခဲ့ရာ ညေန ၄ နာရီခြဲခန္႔တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေရွ႕ေတာင္ဘက္သုိ႔ ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။ 
ျဖစ္စဥ္တြင္ AA အၾကမ္းဖက္ေသာင္း က်န္းသူမ်ားထံမွ ေဒသႏၲရလက္လုပ္နင္းမုိင္း ၅ လုံး၊ မုိင္းေထာင္ရာတြင္ အသုံးျပဳသည့္ ဓာတ္ေျမၾသဇာ ၁၀ အိတ္ႏွင့္ ပစ္က်င္းမ်ားအားသိမ္းဆည္းေတြ႕ရွိခဲ့ၿပီး တပ္မေတာ္လုံၿခဳံေရးစစ္ေၾကာင္းမ်ားက နယ္ေျမလုံၿခဳံေရးႏွင့္ စိုးမုိးေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများနှင့် AA အကြမ်းဖက်သောင်း ကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်၊ သောင်းကျန်းသူများထံမှ နင်းမိုင်းများနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ် မြေသြဇာများသိမ်းဆည်းရမိ 

နေပြည်တော်၊ ဧပြီ - ၂၂ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညနေပိုင်းတွင် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်လုံခြုံရေးစစ်ကြောင်းများနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ နင်းမိုင်းများနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာများ သိမ်းဆည်း ရမိခဲ့ကြောင်းသိရှိရသည်။  
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ နယုန်တောင်ကျေးရွာအနီးဝန်းကျင်တစ်ဝိုက် တပ်မတော်လုံခြုံရေးစစ်ကြောင်း များက နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် ယင်းနေ့ ညနေ ၄ နာရီခန့်တွင် နယုန်တောင်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာနေရာ၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိမှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ 
ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်း ကျန်းသူများထံမှ ဒေသန္တရလက်လုပ်နင်းမိုင်း ၅ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာ ၁၀ အိတ်နှင့် ပစ်ကျင်းများအားသိမ်းဆည်းတွေ့ရှိခဲ့ပြီး တပ်မတော်လုံခြုံရေးစစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

Recent News