ေႏြရာသီေက်ာင္းပိတ္ရက္ ကာလအတြင္း အခ်ိန္ကုိ အက်ဳိးရွိစြာ အသံုးခ်ႏုိင္ရန္ ေႏြရာသီ အားကစား သင္တန္းမ်ား ဖြင့္လွစ္ 

ေႏြရာသီေက်ာင္းပိတ္ရက္ ကာလအတြင္း အခ်ိန္ကုိ အက်ဳိးရွိစြာ အသံုးခ်ႏုိင္ရန္ ေႏြရာသီ အားကစား သင္တန္းမ်ား ဖြင့္လွစ္ 

ေနျပည္ေတာ္ ဧၿပီ ၂၂ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ရွိ မိသားစုဝင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ဖြင့္လွစ္သည့္ ေႏြရာသီအားကစား သင္တန္းမ်ားျဖစ္ေသာ ျမန္မာ့သုိင္းသင္တန္း၊ တုိက္ကြမ္ဒုိသင္တန္းႏွင့္ ေရကူးသင္တန္းမ်ား ဖြင့္ပြဲကို ယေန႔ နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ အေနာ္ရထာခန္းမ၌ ျပဳလုပ္သည္။ 

 

ဦးစြာ တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပံုက သင္တန္းဖြင့္ အမွာစကား ေျပာၾကားသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက သင္တန္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ၾကသည္။ အဆုိပါသင္တန္းမ်ားကို ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေႏြရာသီ ေက်ာင္းပိတ္ရက္ ကာလအတြင္း အခ်ိန္ကုိအက်ဳိးရွိစြာ အသံုးခ်တတ္ၿပီး က်န္းမာႀကံ့ခုိင္မႈ ရွိေစရန္ ရည္ရြယ္ ဖြင့္လွစ္ျခင္းျဖစ္ၿပီး ျမန္မာ့သုိင္းသင္တန္းတြင္ သင္တန္းသား၊ သင္တန္းသူ ၁၅ဝ ဦး၊ တုိက္ကြမ္ဒုိသင္တန္းတြင္ သင္တန္းသား၊ သင္တန္းသူ ၁ဝဝ ဦးႏွင့္ ေရကူးသင္တန္းတြင္ သင္တန္းသား၊ သင္တန္းသူ ၁ဝဝ ဦးတုိ႔ျဖင့္ ေမ ၁၇ ရက္အထိ ဖြင့္လွစ္သင္ၾကား ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။ 

 

အလားတူ ျမန္မာ့သုိင္းအေျခခံ သင္တန္း အမွတ္စဥ္(၁/၂ဝ၁၉)ဖြင့္ပြဲကုိ ေမွာ္ဘီၿမိဳ႕နယ္ရွိ တပ္နယ္ခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴးႏွင့္ အရာရွိ၊ စစ္သည္မ်ား၊ သင္တန္းသားမ်ား တက္ေရာက္ၾကသည္။ ထုိ႔ေနာက္ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားၿပီး သင္တန္းသားမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္သည္။ အဆုိပါျမန္မာ့သုိင္း အေျခခံသင္တန္းတြင္ သင္တန္းသား ၅ဝ ဦးျဖင့္ ဇူလုိင္ ၁၂ ရက္အထိ ဖြင့္လွစ္သင္ၾကား ေပးသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။          

 

(Unicode Version)

 

နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန် နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ် 

နေပြည်တော် ဧပြီ ၂၂ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သည့် နွေရာသီအားကစား သင်တန်းများဖြစ်သော မြန်မာ့သိုင်းသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် ရေကူးသင်တန်းများ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်သည်။ 

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းသား ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ အဆိုပါသင်တန်းများကို ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး ကျန်းမာကြံ့ခိုင်မှု ရှိစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာ့သိုင်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၅ဝ ဦး၊ တိုက်ကွမ်ဒိုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁ဝဝ ဦးနှင့် ရေကူးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁ဝဝ ဦးတို့ဖြင့် မေ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

အလားတူ မြန်မာ့သိုင်းအခြေခံ သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)ဖွင့်ပွဲကို မှော်ဘီမြို့နယ်ရှိ တပ်နယ်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။ ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ အဆိုပါမြန်မာ့သိုင်း အခြေခံသင်တန်းတွင် သင်တန်းသား ၅ဝ ဦးဖြင့် ဇူလိုင် ၁၂ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။          

Recent News