International Fleet Review -IFR အခမ္းအနားႏွင့္ China-ASEAN Joint Maritime Exercise တို႔သို႔ တက္ေရာက္ရန္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္(ဆင္ျဖဴရွင္) တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံသုိ႔ ေရာက္ရွိ 

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ေရတပ္ (People's Liberation Army-PLA Navy)၏ ႏွစ္(၇ဝ)ျပည့္အထိမ္းအမွတ္ International Fleet Review -IFR အခမ္းအနားႏွင့္ China-ASEAN Joint Maritime Exercise တို႔သို႔ တက္ေရာက္ရန္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္(ဆင္ျဖဴရွင္) တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံသုိ႔ ေရာက္ရွိ 

ေနျပည္ေတာ္ ဧၿပီ ၂၂ 

 

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ရွန္တုန္းျပည္နယ္၊ ခ်င္းေတာင္ၿမိဳ႕တြင္ က်င္းပျပဳလုပ္မည့္ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္ေရတပ္ (People's Liberation Army-PLA Navy)၏ ႏွစ္(၇ဝ)ျပည့္ အထိမ္းအမွတ္ International Fleet Review -IFR အခမ္းအနားႏွင့္ China-ASEAN Joint Maritime Exercise သို႔တက္ေရာက္ရန္ အတြက္ ဗုိလ္မွဴးခ်ဳပ္ဇြဲဝင္းျမင့္ ဦးေဆာင္၍ အမ်ဳိးသမီးအရာရွိ ၁ဝ ဦး အပါအဝင္ အရာရွိ ၄၂ ဦး၊ စစ္သည္ ၁၃၂ ဦး၊ စုစုေပါင္း ၁၇၄ ဦး လိုက္ပါသြားသည့္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္(ဆင္ျဖဴရွင္)သည္ ဧၿပီ ၁၁ ရက္ ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၃) ေရတပ္ဆိပ္ခံ တံတားမွ ထြက္ခြာခဲ့ရာ ယေန႔နံနက္ပိုင္းတြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ခ်င္းေတာင္ ဆိပ္ကမ္းသို႔ ေရာက္ရွိခဲ့သည္။

 

 

စစ္ေရယာဥ္(ဆင္ျဖဴရွင္)သည္ ရန္ကုန္ဆိပ္ကမ္းမွ ခ်င္းေတာင္ဆိပ္္ကမ္းသုိ႔ ေရမိုင္ေပါင္း ၃၈ဝဝ ေက်ာ္အား ထုိင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံ၊ စင္ကာပူႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံေရျပင္မ်ားႏွင့္ အက္ဒမန္ပင္လယ္၊ မလကၠာေရလက္ၾကား၊ ေတာင္တ႐ုတ္ ပင္လယ္၊ ထုိင္ဝမ္ေရလက္ၾကား၊ အေရွ႕တ႐ုတ္ပင္လယ္ႏွင့္ ပင္လယ္ဝါ တို႔အား ျဖတ္သန္း ေမာင္းႏွင္ခဲ့ၿပီး လမ္းခရီးတစ္ေလွ်ာက္ ေရယာဥ္ေပၚ လက္ေတြ႕ေလ့က်င့္ခန္းမ်ား ေဆာင္ရြက္ခဲ့သည္။ အဆိုပါစစ္ေရယာဥ္(ဆင္ျဖဴရွင္)သည္ ခ်င္းေတာင္ဆိပ္ကမ္းသုိ႔ ေရာက္ရွိစဥ္ ဧၿပီ ၂၃ ရက္၌ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္ေရတပ္ (People's Liberation Army-PLA Navy)၏ ႏွစ္(၇ဝ)ျပည့္ အထိမ္းအမွတ္ International Fleet Review –IFR အခမ္းအနားသို႔ ပါဝင္ တက္ေရာက္မည္ ျဖစ္ၿပီး ဧၿပီ ၂၄ ရက္မွ ၂၆ ရက္အထိ အခမ္းအနားသို႔ တက္ေရာက္လာသည့္ စစ္ေရယာဥ္မ်ား အျပန္အလွန္ေလ့လာျခင္း၊ ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ား ျပဳလုပ္ျခင္း၊ ခ်င္းေတာင္ၿမိဳ႕တြင္း ေလ့လာေရးခရီး သြားေရာက္ျခင္းႏွင့္ ခ်င္းေတာင္ၿမိဳ႕အနီး ပင္လယ္ျပင္တြင္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ေရတပ္ႏွင့္ အာဆီယံႏိုင္ငံမ်ားမွ စစ္ေရယာဥ္မ်ားႏွင့္ အတူ China-ASEAN Joint Maritime Exercise ျပဳလုပ္ျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္သည္။ 

 

China-ASEAN Joint Maritime Exercise တြင္ ပံုျပဳေမာင္းႏွင္ျခင္း ေလ့က်င့္ခန္းမ်ား၊ ေရယာဥ္ေပၚ တက္ေရာက္ရွာေဖြ စီးနင္းသိမ္းပိုက္ျခင္း ေလ့က်င့္ခန္းမ်ား၊ ရွာေဖြကယ္ဆယ္ေရး ေလ့က်င့္ခန္းမ်ား၊ ရဟတ္ ယာဥ္မ်ား အျပန္အလွန္ ဆင္းသက္ျခင္း ေလ့က်င့္ခန္းမ်ား၊ ဆက္သြယ္ေရး ေလ့က်င့္ခန္းမ်ားႏွင့္ ဒဏ္ရာရလူနာမ်ား သယ္ယူေရႊ႕ေျပာင္းျခင္းႏွင့္ ကုသမႈေလ့က်င့္ခန္းမ်ား ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္္း သတင္း ရရွိသည္။

 

(Unicode Version)

 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ် (People's Liberation Army-PLA Navy)၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် International Fleet Review -IFR အခမ်းအနားနှင့် China-ASEAN Joint Maritime Exercise တို့သို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်) တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိ 

နေပြည်တော် ဧပြီ ၂၂ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုန်းပြည်နယ်၊ ချင်းတောင်မြို့တွင် ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရေတပ် (People's Liberation Army-PLA Navy)၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် International Fleet Review -IFR အခမ်းအနားနှင့် China-ASEAN Joint Maritime Exercise သို့တက်ရောက်ရန် အတွက် ဗိုလ်မှူးချုပ်ဇွဲဝင်းမြင့် ဦးဆောင်၍ အမျိုးသမီးအရာရှိ ၁ဝ ဦး အပါအဝင် အရာရှိ ၄၂ ဦး၊ စစ်သည် ၁၃၂ ဦး၊ စုစုပေါင်း ၁၇၄ ဦး လိုက်ပါသွားသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံ တံတားမှ ထွက်ခွာခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချင်းတောင် ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ 

စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ရန်ကုန်ဆိပ်ကမ်းမှ ချင်းတောင်ဆိပ်ကမ်းသို့ ရေမိုင်ပေါင်း ၃၈ဝဝ ကျော်အား ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံရေပြင်များနှင့် အက်ဒမန်ပင်လယ်၊ မလက္ကာရေလက်ကြား၊ တောင်တရုတ် ပင်လယ်၊ ထိုင်ဝမ်ရေလက်ကြား၊ အရှေ့တရုတ်ပင်လယ်နှင့် ပင်လယ်ဝါ တို့အား ဖြတ်သန်း မောင်းနှင်ခဲ့ပြီး လမ်းခရီးတစ်လျှောက် ရေယာဉ်ပေါ် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါစစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ချင်းတောင်ဆိပ်ကမ်းသို့ ရောက်ရှိစဉ် ဧပြီ ၂၃ ရက်၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရေတပ် (People's Liberation Army-PLA Navy)၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် International Fleet Review –IFR အခမ်းအနားသို့ ပါဝင် တက်ရောက်မည် ဖြစ်ပြီး ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ အခမ်းအနားသို့ တက်ရောက်လာသည့် စစ်ရေယာဉ်များ အပြန်အလှန်လေ့လာခြင်း၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ချင်းတောင်မြို့တွင်း လေ့လာရေးခရီး သွားရောက်ခြင်းနှင့် ချင်းတောင်မြို့အနီး ပင်လယ်ပြင်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရေတပ်နှင့် အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များနှင့် အတူ China-ASEAN Joint Maritime Exercise ပြုလုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ 

China-ASEAN Joint Maritime Exercise တွင် ပုံပြုမောင်းနှင်ခြင်း လေ့ကျင့်ခန်းများ၊ ရေယာဉ်ပေါ် တက်ရောက်ရှာဖွေ စီးနင်းသိမ်းပိုက်ခြင်း လေ့ကျင့်ခန်းများ၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများ၊ ရဟတ် ယာဉ်များ အပြန်အလှန် ဆင်းသက်ခြင်း လေ့ကျင့်ခန်းများ၊ ဆက်သွယ်ရေး လေ့ကျင့်ခန်းများနှင့် ဒဏ်ရာရလူနာများ သယ်ယူရွှေ့ပြောင်းခြင်းနှင့် ကုသမှုလေ့ကျင့်ခန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News