အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္၏ ျမန္မာ့သုိင္း အေျခခံ သင္တန္းဖြင့္ပြဲ ျပဳလုပ္ 

အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္၏ ျမန္မာ့သုိင္း အေျခခံ သင္တန္းဖြင့္ပြဲ ျပဳလုပ္ 

ေနျပည္ေတာ္ ဧၿပီ ၂၂ 

အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္၏ ျမန္မာ့သုိင္းအေျခခံ သင္တန္းအမွတ္စဥ္(၁/၂ဝ၁၉) ဖြင့္ပြဲ ကုိ ယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ ေအာင္ဆန္း ခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴး ဗုိလ္ခ်ဳပ္ မ်ဳိးမုိးေအာင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဌာနဆုိင္ရာတာဝန္ရွိသူမ်ား၊ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ နည္းျပမ်ား တက္ေရာက္ၾကသည္။ ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက နည္းျပမ်ား၏ ျမန္မာ့သုိင္းစြမ္းရည္ လက္ေတြ႕သ႐ုပ္ျပသမႈမ်ားကုိ ၾကည့္႐ႈအားေပးၾကသည္။ အဆုိပါသင္တန္းကုိ တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ မွီခုိသူ သားသမီးမ်ား စုစုေပါင္း ၈ဝ ဦးျဖင့္ ေမ ၁၇ ရက္အထိ သင္ၾကားေလ့က်င့္ ေပးသြားမည္ ျဖစ္ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ မြန်မာ့သိုင်း အခြေခံ သင်တန်းဖွင့်ပွဲ ပြုလုပ် 

နေပြည်တော် ဧပြီ ၂၂ 

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံ သင်တန်းအမှတ်စဉ်(၁/၂ဝ၁၉) ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဆန်း ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက နည်းပြများ၏ မြန်မာ့သိုင်းစွမ်းရည် လက်တွေ့သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ မှီခိုသူ သားသမီးများ စုစုပေါင်း ၈ဝ ဦးဖြင့် မေ ၁၇ ရက်အထိ သင်ကြားလေ့ကျင့် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။   

Recent News