

နေပြည်တော်၊ ဧပြီ - ၂၃ 




(Unicode Version) 

အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာ၌ အမျိုးသားတစ်ဦးအား တူမီးသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိ 

နေပြည်တော်၊ ဧပြီ - ၂၃ 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအနီး တံတား၌ ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးအား တူမီးသေနတ် ၁ လက် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အမ်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ လုံခြုံရေးဆောင်ရွက် လျက်ရှိ စဉ် ယင်းနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် အမ်းမြို့ဘက် မှ ကဇူးကိုင်းကျေးရွာဘက်သို့ မောင်းနှင် လာသောမော်တော်ဆိုင်ကယ်တစ်စီးကို မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး ကျေးရွာနေသူ ညီပု(ခ)စောဝင်းမောင်၊ ၃၅ နှစ်(ဘ) ဦးသိန်းမောင်ကို တူမီးသေနတ် ၁ လက်နှင့် ဆက်စပ် ပစ္စည်းများ၊ ဓားမ ၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါတရားမဝင်လက်နက်ကိုင်ဆောင်သူအား လက်နက်/ဆက်စပ်ပစ္စည်းများနှင့် အတူ အမ်းမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ပြီး တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ 

 

Recent News