အဂၤလိပ္စာ၊ ကြန္ပ်ဴတာ၊ ယဥ္ေက်းလိမၼာ သင္တန္းႏွင့္ ျမန္မာ့သိုင္း သင္တန္းမ်ား ဖြင့္လွစ္ 

အဂၤလိပ္စာ၊ ကြန္ပ်ဴတာ၊ ယဥ္ေက်းလိမၼာ သင္တန္းႏွင့္ ျမန္မာ့သိုင္း သင္တန္းမ်ား ဖြင့္လွစ္ 

ေနျပည္ေတာ္ ဧၿပီ ၂၂ 

ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္၏ အဂၤလိပ္စာ၊ ကြန္ပ်ဴတာ၊ ယဥ္ေက်းလိမၼာ သင္တန္းႏွင့္ ျမန္မာ့သိုင္း သင္တန္းမ်ား ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ ေအာင္ၿငိမ္းေအး ခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္ျမင့္ေမာ္၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ သင္တန္း သား၊ သင္တန္းသူမ်ားႏွင့္ သင္တန္းနည္းျပမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားၿပီး သင္တန္းသား၊ သင္တန္းသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက နည္းျပမ်ား၏ ျမန္မာ့သိုင္းစြမ္းရည္ လက္ေတြ႕သ႐ုပ္ျပသမႈမ်ားကို ၾကည့္႐ႈ အားေပးၾကသည္။ အဆုိပါသင္တန္းမ်ားတြင္ အဂၤလိပ္စာ သင္တန္း၌ ၃၆ဝ ဦး၊ ကြန္ပ်ဴတာသင္တန္းတြင္ ၃၇ဝ ဦး၊ ယဥ္ေက်းလိမၼာ သင္တန္းတြင္ ၄၇ဝ ဦးႏွင့္ ျမန္မာ့သိုင္း သင္တန္းတြင္ ၂ဝဝ ဦးတုိ႔ျဖင့္ ေမ ၃ ရက္အထိ ဖြင့္လွစ္သင္ၾကား ေလ့က်င့္ေပးသြားမည္ ျဖစ္ေၾကာင္းႏွင့္ တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားတြင္လည္း တစ္ၿပိဳင္တည္း ဖြင့္လွစ္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ယဉ်ကျေးလိမ္မာ သင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းများ ဖွင့်လှစ် 

နေပြည်တော် ဧပြီ ၂၂ 

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ယဉ်ကျေးလိမ္မာ သင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေး ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်း သား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက နည်းပြများ၏ မြန်မာ့သိုင်းစွမ်းရည် လက်တွေ့သရုပ်ပြသမှုများကို ကြည့်ရှု အားပေးကြသည်။ အဆိုပါသင်တန်းများတွင် အင်္ဂလိပ်စာ သင်တန်း၌ ၃၆ဝ ဦး၊ ကွန်ပျူတာသင်တန်းတွင် ၃၇ဝ ဦး၊ ယဉ်ကျေးလိမ္မာ သင်တန်းတွင် ၄၇ဝ ဦးနှင့် မြန်မာ့သိုင်း သင်တန်းတွင် ၂ဝဝ ဦးတို့ဖြင့် မေ ၃ ရက်အထိ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်းနှင့် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များတွင်လည်း တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News