ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ နမ့္စန္ၿမိဳ႕မ်ားရွိ ေလေၾကာင္းလူငယ္ အေျခခံ သင္တန္းမ်ားမွ သင္တန္းသား၊ သင္တန္းသူမ်ားအား သြားေရာက္ေတြ႕ဆံု 

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ နမ့္စန္ၿမိဳ႕မ်ားရွိ ေလေၾကာင္းလူငယ္ အေျခခံ သင္တန္းမ်ားမွ သင္တန္းသား၊ သင္တန္းသူမ်ားအား သြားေရာက္ေတြ႕ဆံု 

ေနျပည္ေတာ္ ဧၿပီ ၂၂ 

 

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိသည့္ ေလေၾကာင္းလူငယ္ အေျခခံသင္တန္း အမွတ္စဥ္(၁/၂ဝ၁၉) သင္တန္းသား၊သင္တန္းသူမ်ားအား ယေန႔ နံနက္ပုိင္းတြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ေတြ႕ဆံု၍ အားေပးစကား ေျပာၾကားၿပီး အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ကာ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ အမွတ္တရ စုေပါင္းဓာတ္ပံု ႐ိုက္ကူးၾကသည္။ ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ အဖြဲ႕ဝင္မ်ားသည္ လြိဳင္ေကာ္ၿမိဳ႕ရွိ ေလေၾကာင္းလူငယ္ သင္တန္း စခန္းဝင္ေလ့က်င့္ သင္ၾကားလ်က္ရွိသည့္ အမွတ္(၆)အေျခခံပညာ အထက္တန္းေက်ာင္းသို႔ သြားေရာက္၍ သင္တန္းသား၊ သင္တန္းသူမ်ား၏ စားရိပ္သာ၊ စာသင္ခန္းမ၊ အိပ္ေဆာင္မ်ားအား သြားေရာက္ၾကည့္႐ႈ၍ လုိအပ္သည္မ်ား ျဖည့္ဆည္းညိႇႏႈိင္း ေဆာင္ရြက္ေပးသည္။ 

 

ထုိ႔ျပင္ ေန႔လယ္ပုိင္းတြင္ ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ နမ့္စန္ၿမိဳ႕သို႔ သြားေရာက္၍ ေလေၾကာင္းလူငယ္ အေျခခံသင္တန္း အမွတ္စဥ္(၁/၂ဝ၁၉)မွ သင္တန္းသား၊ သင္တန္းသူမ်ားအား ေတြ႕ဆံုအားေပးစကား ေျပာၾကားၿပီး အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ကာ ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ခဲ့ေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် လွိုင်ကော်မြို့နှင့် နမ့်စန်မြို့များရှိ လေကြောင်းလူငယ် အခြေခံ သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများအား သွားရောက်တွေ့ဆုံ 

နေပြည်တော် ဧပြီ ၂၂ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) သင်တန်းသား၊သင်တန်းသူများအား ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ရှိ လေကြောင်းလူငယ် သင်တန်း စခန်းဝင်လေ့ကျင့် သင်ကြားလျက်ရှိသည့် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ၏ စားရိပ်သာ၊ စာသင်ခန်းမ၊ အိပ်ဆောင်များအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

ထို့ပြင် နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့သို့ သွားရောက်၍ လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)မှ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News