ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဟုမၼလင္းၿမိဳ႕တုိ႔ရွိ ေလေၾကာင္းလူငယ္ အေျခခံ သင္တန္းမ်ားမွ သင္တန္းသား၊ သင္တန္းသူမ်ားအား သြားေရာက္ေတြ႕ဆံု 

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဟုမၼလင္းၿမိဳ႕တုိ႔ရွိ ေလေၾကာင္းလူငယ္ အေျခခံ သင္တန္းမ်ားမွ သင္တန္းသား၊ သင္တန္းသူမ်ားအား သြားေရာက္ေတြ႕ဆံု 

ေနျပည္ေတာ္ ဧၿပီ ၂၃

 ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ဖြင့္လွစ္သင္ၾကား ေပးလ်က္ရွိသည့္ ေလေၾကာင္း လူငယ္အေျခခံ သင္တန္းအမွတ္စဥ္(၁/၂ဝ၁၉) သင္တန္းသား၊ သင္တန္းသူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ႏွင့္ အဖြဲ႕ဝင္မ်ား က သြားေရာက္ေတြ႕ဆံု၍ အမွာစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား၊ သုတရသစာအုပ္မ်ားႏွင့္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ကာ သင္တန္းသား၊ သင္တန္းသူ မ်ားႏွင့္ အမွတ္တရ စုေပါင္းဓာတ္ပံု ႐ိုက္ကူးၾကသည္။ 

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္းသား၊ သင္တန္းသူမ်ား၏ စားရိပ္သာ၊ စာသင္ခန္းမ၊ သင္တန္းစာၾကည့္တိုက္ႏွင့္ အိပ္ေဆာင္မ်ားအား သြားေရာက္ၾကည့္႐ႈ စစ္ေဆး၍ လိုအပ္သည္မ်ား ျဖည့္ဆည္းညိႇႏိႈင္း ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ေန႔လယ္ပိုင္းတြင္ စစ္ကိုင္းတုိင္း ေဒသႀကီး၊ ဟုမၼလင္းၿမိဳ႕သုိ႔ သြားေရာက္၍ ေလေၾကာင္းလူငယ္ အေျခခံသင္တန္းအမွတ္ စဥ္(၁/၂ဝ၁၉)မွ သင္တန္းသား၊ သင္တန္းသူမ်ားအား ေတြ႕ဆံုအားေပးစကား ေျပာၾကားၿပီး အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ကာ ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ 

ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္းသား၊ သင္တန္းသူမ်ား၏ စားရိပ္သာ၊ စာသင္ခန္းမ၊ အိပ္ ေဆာင္မ်ားအား ၾကည့္႐ႈစစ္ေဆးၿပီး လိုအပ္ သည္မ်ား ျဖည့္ဆည္းညိႇႏႈိင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မြစ်ကြီးနားမြို့နှင့် ဟုမ္မလင်းမြို့တို့ရှိ လေကြောင်းလူငယ် အခြေခံ သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများအား သွားရောက်တွေ့ဆုံ 

နေပြည်တော် ဧပြီ ၂၃

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့် လေကြောင်း လူငယ်အခြေခံ သင်တန်းအမှတ်စဉ်(၁/၂ဝ၁၉) သင်တန်းသား၊ သင်တန်းသူများအား ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် အဖွဲ့ဝင်များ က သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ၊ သုတရသစာအုပ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူ များနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။ 

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများ၏ စားရိပ်သာ၊ စာသင်ခန်းမ၊ သင်တန်းစာကြည့်တိုက်နှင့် အိပ်ဆောင်များအား သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့သို့ သွားရောက်၍ လေကြောင်းလူငယ် အခြေခံသင်တန်းအမှတ် စဉ်(၁/၂ဝ၁၉)မှ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ 

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများ၏ စားရိပ်သာ၊ စာသင်ခန်းမ၊ အိပ် ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News