

နေပြည်တော် ဧပြီ ၂၃ 

 


 

(Unicode Version)

 

မြိတ်မြို့ရှိ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများအား သွားရောက်တွေ့ဆုံ 

နေပြည်တော် ဧပြီ ၂၃ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း၊ ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) သင်တန်း သား၊ သင်တန်းသူများအား ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံသည်။ ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်း သား၊ သင်တန်းသူများ၏ သင်ခန်းစာ သင်ကြားနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။ ထို့နောက် သင်တန်းသား အိပ်ဆောင်နှင့် ထမင်းစားဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News