ေတာင္ႀကီးၿမိဳ႕နယ္၊ ဂႏိုင္လာေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေတာင္ႀကီးၿမိဳ႕နယ္၊ ဂႏိုင္လာေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 
 

ေနျပည္ေတာ္ ဧၿပီ ၂၃ 

 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ဂႏိုင္လာေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္္ ၁၃ ပါးႏွင့္ ေဒသခံ ျပည္သူ ၁၄၅ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ ကေလးေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူ ငါးဦးကို ေတာင္ႀကီးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တောင်ကြီးမြို့နယ်၊ ဂနိုင်လာကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဧပြီ ၂၃ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဂနိုင်လာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၁၃ ပါးနှင့် ဒေသခံ ပြည်သူ ၁၄၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ငါးဦးကို တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News