ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ ဟားခါးၿမိဳ႕၊ မံုရြာၿမိဳ႕ႏွင့္ မေကြးၿမိဳ႕မ်ားရွိ ေလေၾကာင္းလူငယ္ အေျခခံသင္တန္းမ်ားမွ သင္တန္းသား၊ သင္တန္းသူမ်ားအား သြားေရာက္ ေတြ႕ဆံု 

ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ ဟားခါးၿမိဳ႕၊ မံုရြာၿမိဳ႕ႏွင့္ မေကြးၿမိဳ႕မ်ားရွိ ေလေၾကာင္းလူငယ္ အေျခခံသင္တန္းမ်ားမွ သင္တန္းသား၊ သင္တန္းသူမ်ားအား သြားေရာက္ ေတြ႕ဆံု 

ေနျပည္ေတာ္ ဧၿပီ ၂၄ 

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိသည့္ ေလေၾကာင္းလူငယ္ အေျခခံသင္တန္း အမွတ္စဥ္(၁/၂ဝ၁၉) သင္တန္းသား၊ သင္တန္းသူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ အေနာက္ ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ဖုန္းျမတ္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ေတြ႕ဆံု ၍ အမွာစကားေျပာၾကားၿပီး အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ကာ သင္တန္း သား၊ သင္တန္းသူမ်ားႏွင့္ အမွတ္တရစုေပါင္း ဓာတ္ပံု႐ိုက္ကူးၾကသည္။ 

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေလေၾကာင္းလူငယ္ သင္တန္း စခန္းဝင္ ေလ့က်င့္သင္ၾကားရာ ေနရာသို႔သြားေရာက္၍ သင္တန္းသား၊ သင္တန္းသူမ်ား၏ စားရိပ္သာ၊ စာသင္ခန္းမ ႏွင့္ အိပ္ေဆာင္မ်ားအား သြားေရာက္ၾကည့္႐ႈ ၍ လိုအပ္သည္မ်ား ျဖည့္ဆည္း ညိႇႏႈိင္းေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ေန႔လယ္ပုိင္းတြင္ စစ္ကုိင္းတုိင္းေဒသႀကီး၊ မံုရြာၿမိဳ႕သို႔ သြားေရာက္၍ ေလေၾကာင္းလူငယ္ အေျခခံသင္တန္း အမွတ္စဥ္ (၁/၂ဝ၁၉)မွ သင္တန္းသား၊ သင္တန္းသူ မ်ားအား ေတြ႕ဆံုအားေပးစကား ေျပာၾကားၿပီး အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ ၿပီး သင္တန္းသား၊ သင္တန္းသူမ်ား၏ စားရိပ္သာ၊  စာသင္ခန္းမ၊ အိပ္ေဆာင္မ်ားကို သြားေရာက္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးသည္။ 

ထို႔ေနာက္ မေကြးတုိင္း ေဒသႀကီး၊ မေကြးၿမိဳ႕သို႔ သြားေရာက္၍ ေလေၾကာင္းလူငယ္ အေျခခံသင္တန္း အမွတ္စဥ္(၁/၂ဝ၁၉)မွ သင္တန္းသား၊ သင္တန္းသူမ်ားအား ေတြ႕ဆံု အားေပးစကား ေျပာၾကားၿပီး အမွတ္တရ လက္ေဆာင္ ပစၥည္းမ်ား ေပးအပ္ကာ ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္းသား၊ သင္တန္း သူမ်ား၏ စားရိပ္သာ၊ စာသင္ခန္းမ၊ အိပ္ေဆာင္မ်ားအား ၾကည့္႐ႈစစ္ေဆးၿပီး လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဟားခါးမြို့၊ မုံရွာမြို့နှင့် မကွေးမြို့များရှိ လေကြောင်းလူငယ် အခြေခံသင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများအား သွားရောက် တွေ့ဆုံ 

နေပြည်တော် ဧပြီ ၂၄ 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) သင်တန်းသား၊ သင်တန်းသူများအား ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ ၍ အမှာစကားပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ သင်တန်း သား၊ သင်တန်းသူများနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။ 

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အဖွဲ့ဝင်များသည် လေကြောင်းလူငယ် သင်တန်း စခန်းဝင် လေ့ကျင့်သင်ကြားရာ နေရာသို့သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ၏ စားရိပ်သာ၊ စာသင်ခန်းမ နှင့် အိပ်ဆောင်များအား သွားရောက်ကြည့်ရှု ၍ လိုအပ်သည်များ ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ သွားရောက်၍ လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၉)မှ သင်တန်းသား၊ သင်တန်းသူ များအား တွေ့ဆုံအားပေးစကား ပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ပြီး သင်တန်းသား၊ သင်တန်းသူများ၏ စားရိပ်သာ၊ စာသင်ခန်းမ၊ အိပ်ဆောင်များကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ထို့နောက် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့သို့ သွားရောက်၍ လေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)မှ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်း သူများ၏ စားရိပ်သာ၊ စာသင်ခန်းမ၊ အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News