တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမွ ေဆာက္လုပ္ လွဴဒါန္းသည့္ သံုးထပ္စာသင္ေဆာင္ အသစ္ တည္ေဆာက္ၿပီးစီးမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈ 

 

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမွ ေဆာက္လုပ္ လွဴဒါန္းသည့္ သံုးထပ္စာသင္ေဆာင္ အသစ္ တည္ေဆာက္ၿပီးစီးမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈ 

ေနျပည္ေတာ္ ဧၿပီ ၂၄ 

 

ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၁) စိုက္ပ်ဳိးေမြးျမဴေရး ရပ္ကြက္၊ အေျခခံပညာ အထက္တန္းေက်ာင္း(စိုက္/ေမြး-၁)၌ အလ်ား ေပ ၁၄ဝ၊ အနံ ေပ ၃ဝ ရွိ ႏွစ္ထပ္စာသင္ေဆာင္မွာ ကာလၾကာျမင့္လာသည့္အတြက္ အႏၲရာယ္ ရွိေသာ စာသင္ေဆာင္အျဖစ္ သတ္မွတ္၍ ပညာေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား၏ ခြင့္ျပဳခ်က္ျဖင့္ အဆုိပါ စာသင္ေဆာင္ေနရာ၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာသင္ခန္းမ်ား လံုေလာက္စြာႏွင့္ အဆင္ေျပေခ်ာေမြ႕စြာ ပညာသင္ၾကားႏုိင္ရန္ အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက လွဴဒါန္းသည့္ အလ်ား ေပ ၁၄ဝ၊ အနံ ေပ ၃ဝ ရွိ သံုးထပ္စာသင္ ေဆာင္အသစ္ တည္ေဆာက္လ်က္ရွိသည္။

 

 ထိုသို႔ ေဆာက္လုပ္ေနမႈမ်ားကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ ၾကည့္႐ႈၿပီး လုိအပ္သည္မ်ား ညိႇႏိႈင္း ေဆာင္ရြက္ေပးသည္။ အဆုိပါ စာသင္ေဆာင္အသစ္အား ၂ဝ၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၇ ရက္တြင္ စတင္ေဆာက္ လုပ္ၿပီး လာမည့္ ၂ဝ၁၉-၂ဝ၂ဝ ပညာသင္ႏွစ္ ေက်ာင္းဖြင့္ရာသီအမီ ေဆာက္လုပ္သြားမည္ ျဖစ္ေၾကာင္း သိရွိရသည္။ ဆက္လက္ၿပီး တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္း အိမ္ရာ(ေလးေထာင့္ကန္) ၌ တည္ေဆာက္လ်က္ရွိသည့္ အဆင့္ျမင့္ စစ္မႈထမ္းေဟာင္း အိမ္ရာမ်ား၏ တည္ေဆာက္ ၿပီးစီးမႈ အေျခအေနမ်ားအား သြားေရာက္ ၾကည့္႐ႈၿပီး လုိအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးသည္။ 

 

အဆုိပါ အဆင့္ျမင့္ စစ္မႈထမ္းေဟာင္း အိမ္ရာမ်ား၌ ၂ဝ၁၇-၂ဝ၁၈ ခုႏွစ္၊ ဘ႑ာေရးႏွစ္တြင္ အျခားအဆင့္ ေနအိမ္ႏွစ္ခန္းတြဲ ေျခာက္ထပ္ ခုနစ္လံုးမွာ ၁ဝဝ ရာခိုင္ႏႈန္းၿပီးစီးခဲ့ၿပီး စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစုဝင္မ်ားအတြက္ ေနရာခ်ထားႏုိင္ေရး စီစဥ္ေဆာင္ရြက္လ်က္ရွိကာ ဆက္လက္၍ အဆင့္ျမင့္ စစ္မႈထမ္းေဟာင္း အိမ္ရာမ်ား ထပ္မံတုိးခ်ဲ႕ တည္ေဆာက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။  

 

(Unicode Version)

 

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုမှ ဆောက်လုပ် လှူဒါန်းသည့် သုံးထပ်စာသင်ဆောင် အသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှု 

နေပြည်တော် ဧပြီ ၂၄ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေး ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း(စိုက်/မွေး-၁)၌ အလျား ပေ ၁၄ဝ၊ အနံ ပေ ၃ဝ ရှိ နှစ်ထပ်စာသင်ဆောင်မှာ ကာလကြာမြင့်လာသည့်အတွက် အန္တရာယ် ရှိသော စာသင်ဆောင်အဖြစ် သတ်မှတ်၍ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ စာသင်ဆောင်နေရာ၌ ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းများ လုံလောက်စွာနှင့် အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် အလျား ပေ ၁၄ဝ၊ အနံ ပေ ၃ဝ ရှိ သုံးထပ်စာသင် ဆောင်အသစ် တည်ဆောက်လျက်ရှိသည်။ 

ထိုသို့ ဆောက်လုပ်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါ စာသင်ဆောင်အသစ်အား ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ဆောက် လုပ်ပြီး လာမည့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် ကျောင်းဖွင့်ရာသီအမီ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်ပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်) ၌ တည်ဆောက်လျက်ရှိသည့် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာများ၏ တည်ဆောက် ပြီးစီးမှု အခြေအနေများအား သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

အဆိုပါ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာများ၌ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် အခြားအဆင့် နေအိမ်နှစ်ခန်းတွဲ ခြောက်ထပ် ခုနစ်လုံးမှာ ၁ဝဝ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကာ ဆက်လက်၍ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာများ ထပ်မံတိုးချဲ့ တည်ဆောက်လျက်ရှိကြောင်း သတင်း ရရှိသည်။  

Recent News