ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္၏ သတၱမ အႀကိမ္ေျမာက္ စုေပါင္းရဟန္းခံ၊ ရွင္ျပဳအလွဴေတာ္ မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္၏ သတၱမ အႀကိမ္ေျမာက္ စုေပါင္းရဟန္းခံ၊ ရွင္ျပဳအလွဴေတာ္ မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္ ဧၿပီ ၂၄

 

 ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္၏ သတၱမ အႀကိမ္ေျမာက္ စုေပါင္းရဟန္းခံ၊ ရွင္ျပဳအလွဴ ေတာ္မဂၤလာကုိ ဧၿပီ ၂၃ ရက္ နံနက္ပုိင္းတြင္ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံ ပါဠိတကၠသိုလ္ ေက်ာင္းတုိက္၌ျပဳလုပ္ရာ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိတကၠသုိလ္ ေက်ာင္းတုိက္ ပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲဝိမလဗုဒၶိ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗိုလ္ခ်ဳပ္ျမင့္ေမာ္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ ရွင္သာမေဏေလာင္းမ်ားႏွင့္ ရဟန္းေလာင္းမ်ားအား သာသနာေတာ္လာ ထုံးတမ္းအစဥ္အလာမ်ားႏွင့္ အညီ ရွင္ေလာင္း လွည့္လည္ၿပီး သံဃာေတာ္မ်ား၊ တုိင္းမွဴးႏွင့္ အလွဴရွင္မ်ားက ဆံခ်မဂၤလာ ျပဳလုပ္ေပးသည္။ ထုိ႔ေနာက္ သံဃာေတာ္မ်ားက ရဟန္းေလာင္း ၈၃ ပါးႏွင့္ ရွင္သာမေဏ ၁၉ ပါး တုိ႔ကို ရဟန္းေဘာင္ႏွင့္ ရွင္သာမေဏအျဖစ္သို႔ သြတ္သြင္း ခ်ီးျမႇင့္ေပးသည္။ 

 

ထို႔ျပင္ စုေပါင္းရွင္ျပဳ၊ ရဟန္းခံ အလွဴေတာ္ ေရစက္ခ်မဂၤလာကို ယေန႔နံနက္ပိုင္းတြင္ ပ်ဥ္းမနားၿမိဳ႕နယ္၊ မဂၤလာဗ်ဴဟာ သာသနာ့ဗိမာန္၌ ဆက္လက္ျပဳလုပ္ရာ တုိင္းမွဴးႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားအား သိမ္ဆင္း ဆက္ကပ္ ေလာင္းလွဴၾကၿပီး မဂၤလာေဇယ်ဳံပါဠိ တကၠသိုလ္ ေက်ာင္းတုိက္ဆရာေတာ္ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကသည္။ ယင္းေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မဂၤလာေဇယ်ဳံ ပါဠိတကၠသိုလ္ ေက်ာင္းတုိက္ ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားမွ ရြတ္ပြား ခ်ီးျမႇင့္ေတာ္မူသည့္ ပရိတ္ တရားေတာ္မ်ားအား နာယူၾကကာ သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ သတ္တမ အကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာပြုလုပ် 

နေပြည်တော် ဧပြီ ၂၄ 

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ သတ္တမ အကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူ တော်မင်္ဂလာကို ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်၌ပြုလုပ်ရာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ ရှင်သာမဏေလောင်းများနှင့် ရဟန်းလောင်းများအား သာသနာတော်လာ ထုံးတမ်းအစဉ်အလာများနှင့် အညီ ရှင်လောင်း လှည့်လည်ပြီး သံဃာတော်များ၊ တိုင်းမှူးနှင့် အလှူရှင်များက ဆံချမင်္ဂလာ ပြုလုပ်ပေးသည်။ ထို့နောက် သံဃာတော်များက ရဟန်းလောင်း ၈၃ ပါးနှင့် ရှင်သာမဏေ ၁၉ ပါး တို့ကို ရဟန်းဘောင်နှင့် ရှင်သာမဏေအဖြစ်သို့ သွတ်သွင်း ချီးမြှင့်ပေးသည်။ 

ထို့ပြင် စုပေါင်းရှင်ပြု၊ ရဟန်းခံ အလှူတော် ရေစက်ချမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်၌ ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား သိမ်ဆင်း ဆက်ကပ် လောင်းလှူကြပြီး မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ် ကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များမှ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များအား နာယူကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News