စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ားအား ေတြ႕ဆံု၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

 

ေနျပည္ေတာ္ ဧၿပီ ၂၄ 

 

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕နယ္အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔ စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ားအား ေတြ႕ဆံုပြဲကို ဧၿပီ ၂၃ ရက္ နံနက္ပိုင္းတြင္ ဗန္းေမာ္ၿမိဳ႕ရွိ တိမ္ၾကားမင္းေခါင္ ခန္းမ၌ျပဳလုပ္ရာ ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ေတဇေက်ာ္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။ ဦးစြာ တုိင္းမွဴးက အမွာစကားေျပာၾကားၿပီး စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔ စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ား၏ တင္ျပခ်က္မ်ား အေပၚ လုိအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ ေပးၿပီး စားေသာက္ဖြယ္ရာမ်ားႏွင့္ သုတ၊ ရသစာအုပ္ စာေစာင္မ်ား ေပးအပ္သည္။ 

 

ထုိ႔ေနာက္ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန)တပ္ဖြဲ႕ဝင္ စုစုေပါင္း ၂၃၄ ဦးတုိ႔အား ႏွလံုးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိ ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။   

 

(Unicode Version)

 

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဧပြီ ၂၄ 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ဗန်းမော်မြို့ရှိ တိမ်ကြားမင်းခေါင် ခန်းမ၌ပြုလုပ်ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာများနှင့် သုတ၊ ရသစာအုပ် စာစောင်များ ပေးအပ်သည်။ 

ထို့နောက် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် စုစုပေါင်း ၂၃၄ ဦးတို့အား နှလုံးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။   

Recent News