ရပ္ေစာက္ၿမိဳ႕နယ္၊ အင္းမွီးေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ရပ္ေစာက္ၿမိဳ႕နယ္၊ အင္းမွီးေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဧၿပီ ၂၄ 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္၊ အင္းမီွးေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာရွိ ဘုန္းေတာ္ ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ ကိုးပါးႏွင့္ ေဒသခံ ျပည္သူ ၉၆ ဦးတို႔အား သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူသုံးဦးအား ဗထူးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

ရပ်စောက်မြို့နယ်၊ အင်းမှီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဧပြီ ၂၄ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်းမှီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော် ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ကိုးပါးနှင့် ဒေသခံ ပြည်သူ ၉၆ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/ အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူသုံးဦးအား ဗထူးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News