ပန္းေတာင္းၿမိဳ႕နယ္ရွိ ျပည္သူ႔စစ္(ဌာေန) အဖဲြ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ မိသားစုဝင္္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ပန္းေတာင္းၿမိဳ႕နယ္ရွိ ျပည္သူ႔စစ္(ဌာေန) အဖဲြ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ မိသားစုဝင္္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဧၿပီ ၂၅ 

ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္ရွိ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ မိသားစုဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆး ကုသေရး အဖြဲ႕က နယ္ေျမခံ တပ္ရင္းခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ မိသားစုဝင္မ်ားႏွင့္ ေဒသခံျပည္သူစုစုေပါင္း ၁၃၅ ဦးကို ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ဆီးခ်ဳိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူ သံုးဦးကို ဥသွ်စ္ပင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို နယ္ေျမခံတပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ျပည္သူ႔စစ္(ဌာေန)အဖြဲ႕ဝင္မ်ား၊စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ မိသားစုဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။ 
 

(Unicode Version)

 

ပန်းတောင်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဧပြီ ၂၅ 

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေး အဖွဲ့က နယ်မြေခံ တပ်ရင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၁၃၅ ဦးကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ သုံးဦးကို ဥသျှစ်ပင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News