အိႏၵိယ ေလတပ္ ဦးစီးခ်ဳပ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႔ ျမန္မာႏုိင္ငံမွ ျပန္လည္ထြက္ခြာ 

ေနျပည္ေတာ္ စက္တင္ဘာ ၅

 

 ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိေနသည့္ အိႏၵိယ ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal BS Dhanoa, PVSM,AVSM,YSM, VM,ADC ႏွင့္ဇနီး ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႕သည္ ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွ ျပန္လည္ထြက္ခြာၾကရာ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပံု၊ တပ္မေတာ္(ေလ)မွ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံ စစ္သံမွဴး Colonel Naveen Mahajan ႏွင့္ တာဝန္ရွိသူတို႔က ေလဆိပ္တြင္ ပို႔ေဆာင္ ႏႈတ္ဆက္ၾကသည္။  

 

 

အဆိုပါခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏုိင္ငံသို႔ ေရာက္ရွိ ေနစဥ္အတြင္း ရန္ကုန္ၿမိဳ႕ရွိ ေရႊတိဂံု ေစတီေတာ္၊ ဇဗားရွား ဂူဗိမာန္၊ ျပင္ဦးလြင္ၿမိဳ႕ရွိ စစ္တကၠသိုလ္၊ အမ်ဳိးသား ကန္ေတာ္ႀကီးဥယ်ာဥ္၊ မိတၴီလာၿမိဳ႕ရွိ နယ္ေျမခံ ေလေၾကာင္း အတတ္သင္ေလတပ္ စခန္းဌာနခ်ဳပ္ႏွင့္ ေနျပည္ေတာ္ရွိ သူရဲေကာင္း ဗိမာန္သို႔ သြား ေရာက္ ေလ့လာျခင္းမ်ား ျပဳလုပ္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

အိန္ဒိယ လေတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ 

နေပြည်တော် စက်တင်ဘာ ၅ 

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် အိန္ဒိယ လေတပ်ဦးစီးချုပ် Air Chief Marshal BS Dhanoa, PVSM,AVSM,YSM, VM,ADC နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူး Colonel Naveen Mahajan နှင့် တာဝန်ရှိသူတို့က လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။ 

အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်၊ ဇဗားရှား ဂူဗိမာန်၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်၊ မိတ္ထီလာမြို့ရှိ နယ်မြေခံ လေကြောင်း အတတ်သင်လေတပ် စခန်းဌာနချုပ်နှင့် နေပြည်တော်ရှိ သူရဲကောင်း ဗိမာန်သို့ သွား ရောက် လေ့လာခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News