

နေပြည်တော် ဧပြီ ၂၆ 

 

 


 

(Unicode Version)

 

ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး 

နေပြည်တော် ဧပြီ ၂၆ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အနောက်တောင် တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးသည်။ ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုများနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်း နှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။ 

Recent News