ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၌ ေႏြရာသီသင္တန္းမ်ား ဆင္းပြဲျပဳလုပ္ 

 

ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၌ ေႏြရာသီသင္တန္းမ်ား ဆင္းပြဲျပဳလုပ္ 

ေနျပည္ေတာ္ ဧၿပီ ၂၆

 ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၏ ယဥ္ေက်းလိမၼာသင္တန္း၊ ကြန္ပ်ဴတာ အေျခခံ သင္တန္း၊ အဂၤလိပ္စကားေျပာ သင္တန္း၊ ေဘာလံုး သင္တန္း၊ ေဘာ္လီေဘာ သင္တန္း၊ ျမန္မာ့ သုိင္းသင္တန္းႏွင့္ ဂ်ဴဒုိသင္တန္းအမွတ္စဥ္ (၁/၂ဝ၁၉) သင္တန္းဆင္းပြဲမ်ားကို ယေန႔ နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ အားကစားခန္းမ၌ ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ေတဇေက်ာ္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ သင္တန္းနည္းျပ မ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ တုိင္းမွဴးက သင္တန္းဆင္း အမွာစကားေျပာၾကားၿပီး သင္တန္းမ်ားတြင္ ဆုရရွိၾကသူမ်ား၊ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ နည္းျပမ်ားအား ဂုဏ္ျပဳဆုမ်ားႏွင့္ သင္တန္းဆင္း ေအာင္လက္မွတ္မ်ား အသီးသီး ေပးအပ္ ၾကသည္။ ထို႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက သင္တန္းသား၊ သင္တန္း သူမ်ား၏ သ႐ုပ္ျပသမႈမ်ားကို ၾကည့္႐ႈ အားေပးၾကသည္။ အဆုိပါသင္တန္းမ်ားကို တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕ မ်ားမွ သင္တန္းသား၊ သင္တန္းသူ ၂၅၆ ဦးျဖင့္ ဧၿပီ ၁ ရက္မွ ယေန႔အထိ ဖြင့္လွစ္ သင္ၾကားေပးခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နွေရာသီသင်တန်းများ ဆင်းပွဲပြုလုပ် 

နေပြည်တော် ဧပြီ ၂၆ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာ အခြေခံ သင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း၊ ဘောလုံး သင်တန်း၊ ဘော်လီဘော သင်တန်း၊ မြန်မာ့ သိုင်းသင်တန်းနှင့် ဂျူဒိုသင်တန်းအမှတ်စဉ် (၁/၂ဝ၁၉) သင်တန်းဆင်းပွဲများကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြ များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းများတွင် ဆုရရှိကြသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီး ပေးအပ် ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်း သူများ၏ သရုပ်ပြသမှုများကို ကြည့်ရှု အားပေးကြသည်။ အဆိုပါသင်တန်းများကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ သင်တန်းသား၊ သင်တန်းသူ ၂၅၆ ဦးဖြင့် ဧပြီ ၁ ရက်မှ ယနေ့အထိ ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News