ျမစ္ႀကီးနားၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈ ခံယူေနသူ မ်ားအား ၾကည့္႐ႈအားေပး 

ျမစ္ႀကီးနားၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈ ခံယူေနသူ မ်ားအား ၾကည့္႐ႈအားေပး 

ေနျပည္ေတာ္ ဧၿပီ ၂၆ 

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ ေဆးကုသမႈ ခံယူလ်က္ရွိေသာ စစ္သည္ႏွင့္ မိသားစုဝင္မ်ားအား ယေန႔ ေန႔လယ္ပုိင္းတြင္ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေတဇေက်ာ္ ႏွင့္အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးသည္။ ဦးစြာ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားက တစ္ဦးခ်င္း၏ ေရာဂါျဖစ္ပြားမႈ၊ ေဆးဝါး ကုသေပးထားမႈမ်ားႏွင့္ က်န္းမာေရးတိုးတက္မႈ အေျခအေနမ်ားကို ရင္းရင္း ႏွီးႏွီး ေမးျမန္းအားေပး စကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္ သည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆး႐ံုအတြင္း လွည့္ လည္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူ များအား ကြည့်ရှုအားပေး 

နေပြည်တော် ဧပြီ ၂၆ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော စစ်သည်နှင့် မိသားစုဝင်များအား ယနေ့ နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။ ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုများနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်း နှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့် လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News