ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၏ ေတရသမႀကိမ္ေျမာက္ စုေပါင္းရဟန္းခံရွင္ျပဳ အလွဴေတာ္မဂၤလာျပဳလုပ္ 

ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၏ ေတရသမႀကိမ္ေျမာက္ စုေပါင္းရဟန္းခံရွင္ျပဳ အလွဴေတာ္မဂၤလာျပဳလုပ္ 

 

ေနျပည္ေတာ္ ဧၿပီ ၂၇ 

 

ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၏ ေတရသမႀကိမ္ေျမာက္ စုေပါင္း ရဟန္းခံရွင္ျပဳအလွဴေတာ္မဂၤလာကို ဧၿပီ ၂၆ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ရွိ သီရိမဂၤလာ မဟာသာသနာ့ ဗိမာန္ေတာ္၌ ျပဳလုပ္ရာ တုိင္းေဒသႀကီး သံဃနာယကအဖြဲ႕ဥကၠ႒ အဂၢမဟာပ႑ိတ ဘဒၵႏၲအဂၢသာ မိအမွဴးျပဳေသာ သံဃာေတာ္မ်ားၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴးဗိုလ္ခ်ဳပ္သက္ပံုႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ ဦးစြာ ေလာကခ်မ္းသာ အဘယလာဘမုနိ႐ုပ္ပြားေတာ္ႀကီး၌ ရဟန္းေလာင္းမ်ားႏွင့္ ရွင္သာမေဏေလာင္းမ်ားကို သာသနာေတာ္လာ ထံုးတမ္းအစဥ္အလာမ်ားႏွင့္အညီ လွည့္လည္ၿပီး သံဃာေတာ္မ်ား၊ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾက သူမ်ားက ဆံခ်မဂၤလာျပဳလုပ္ေပးသည္။ 

 

ထုိ႔ေနာက္ သံဃာေတာ္မ်ားက ရဟန္းေလာင္း ၁၇၂ ပါးႏွင့္ ရွင္သာမေဏေလာင္း ၃၅ ပါးတို႔ကို ရဟန္းေဘာင္၊ ရွင္သာမေဏအျဖစ္သို႔ သြတ္သြင္းခ်ီးျမႇင့္ေပးသည္။ ထုိ႔ေနာက္ ညေနပိုင္းတြင္ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ပင့္သံဃာေတာ္မ်ား၊ ဒုလႅဘ ရဟန္းမ်ားႏွင့္ ရွင္သာမေဏမ်ားအား သိမ္ဆင္းေလာင္းလွဴၾကသည္။ ယေန႔နံနက္ပိုင္းတြင္ ရဟန္းခံ၊ ရွင္ျပဳေရစက္ခ် အလွဴေတာမဂၤလာကို အဆိုပါဗိမာန္ေတာ္၌ျပဳလုပ္ရာ အင္းစိန္ရြာမပရိယတၱိ စာသင္တိုက္၏ ပဓာနမဟာနာယက အဂၢမဟာပ႑ိတ ႏုိင္ငံေတာ္ၾသဝါဒါစရိယ၊ ေရႊတိဂံုေစတီေတာ္ ေဂါပက အဖဲြ႕ ၾသဝါဒါစရိယဆရာေတာ္ ဘဒၵႏၲေလာကာဘိဝံသ အမွဴးျပဳေသာသံဃာေတာ္မ်ား ၾကြေရာက္ ေတာ္မူၾကသည္။ 

 

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ႏိုင္ငံေတာ္သံဃ မဟာနာယက အဖဲြ႕ ဒုတိယဥကၠ႒ ေညာင္ေရႊဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲသုမဂၤလာဘိဝံသထံမွ ရွစ္ပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား ရြတ္ပြားခ်ီးျမႇင့္ေတာ္မူသည့္ ပရိတ္တရားေတာ္မ်ားကုိ နာယူၾကသည္။ ထုိ႔ေနာက္ သံဃာေတာ္မ်ားအား လွဴဖြယ္ဝတၴဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး လွဴဒါန္းမႈ အစုစုတုိ႔အတြက္ ေရစက္သြန္းခ်အမွ်ေပးေဝကာ ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တေရသမကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပြုလုပ် 

နေပြည်တော် ဧပြီ ၂၇ 

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တေရသမကြိမ်မြောက် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်၌ ပြုလုပ်ရာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂသာ မိအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်ကြီး၌ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများကို သာသနာတော်လာ ထုံးတမ်းအစဉ်အလာများနှင့်အညီ လှည့်လည်ပြီး သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဆံချမင်္ဂလာပြုလုပ်ပေးသည်။ 

ထို့နောက် သံဃာတော်များက ရဟန်းလောင်း ၁၇၂ ပါးနှင့် ရှင်သာမဏေလောင်း ၃၅ ပါးတို့ကို ရဟန်းဘောင်၊ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှင့်ပေးသည်။ ထို့နောက် ညနေပိုင်းတွင် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပင့်သံဃာတော်များ၊ ဒုလ္လဘ ရဟန်းများနှင့် ရှင်သာမဏေများအား သိမ်ဆင်းလောင်းလှူကြသည်။ ယနေ့နံနက်ပိုင်းတွင် ရဟန်းခံ၊ ရှင်ပြုရေစက်ချ အလှူတောမင်္ဂလာကို အဆိုပါဗိမာန်တော်၌ပြုလုပ်ရာ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်၏ ပဓာနမဟာနာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တလောကာဘိဝံသ အမှူးပြုသောသံဃာတော်များ ကြွရောက် တော်မူကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ညောင်ရွှေဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News