ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း အိႏၵိယၾကည္းတပ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴးခ်ဳပ္အား လက္ခံေတြ႕ဆုံ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း အိႏၵိယၾကည္းတပ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴးခ်ဳပ္အား လက္ခံေတြ႕ဆုံ 

ေနျပည္ေတာ္၊ ဧၿပီ - ၃၀ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ အိႏၵိယၾကည္းတပ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴးခ်ဳပ္ (Director General of Military Operations- DGMO) ျဖစ္သူ Lieutenant General Anil Chauhan အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ ေဆာင္၌ လက္ခံေတြ႕ဆုံသည္။ 

ေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး အိႏၵိယၾကည္းတပ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴးခ်ဳပ္ (Director General of Military Operations- DGMO) ျဖစ္သူ Lieutenant General Anil Chauhan ႏွင့္အတူ အိႏၵိယၾကည္းတပ္မွ အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆုိင္ရာ အိႏၵိယ သံ႐ုံး ဒုတိယအႀကီးအကဲ Dr. Sumit Seth ၊ အိႏၵိယစစ္သံမွဴး Colonel Naveen Mahajan, SM တို႔ တက္ေရာက္ၾကသည္။ 
ေတြ႕ဆုံပြဲတြင္ ျမန္မာ-အိႏၵိယႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တိုးျမႇင့္ေဆာင္ရြက္ေရး၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသလုံၿခဳံေရးႏွင့္ ကုလားတန္ျမစ္၀ွမ္းစီမံကိန္း လုံၿခဳံေရး၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးအတြက္ သတင္းအခ်က္အလက္မ်ား အျပန္အလွန္ဖလွယ္ေရးဆိုင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြး ၾကသည္။ 
ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ အိႏၵိယ ၾကည္းတပ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴးခ်ဳပ္တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပး အပ္ၾကၿပီး အဖြဲ႕၀င္မ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အိန္ဒိယကြည်းတပ်စစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ်အား လက်ခံတွေ့ဆုံ 

နေပြည်တော်၊ ဧပြီ - ၃၀ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယကြည်းတပ်စစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ် (Director General of Military Operations- DGMO) ဖြစ်သူ Lieutenant General Anil Chauhan အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယကြည်းတပ်စစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ် (Director General of Military Operations- DGMO) ဖြစ်သူ Lieutenant General Anil Chauhan နှင့်အတူ အိန္ဒိယကြည်းတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံး ဒုတိယအကြီးအကဲ Dr. Sumit Seth ၊ အိန္ဒိယစစ်သံမှူး Colonel Naveen Mahajan, SM တို့ တက်ရောက်ကြသည်။ 
တွေ့ဆုံပွဲတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် ကုလားတန်မြစ်ဝှမ်းစီမံကိန်း လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။ 
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အိန္ဒိယ ကြည်းတပ်စစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News