AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပက္သက္ဆက္ႏြယ္ေနသူမ်ားအား တရားဥပေဒအရ အေရးယူႏုိင္ေရး စစ္ေဆးေဆာင္ရြက္လ်က္ရွိ 

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပက္သက္ဆက္ႏြယ္ေနသူမ်ားအား တရားဥပေဒအရ အေရးယူႏုိင္ေရး စစ္ေဆးေဆာင္ရြက္လ်က္ရွိ 

ေနျပည္ေတာ္၊ ေမ - ၁ 

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဖုန္ညိဳလိပ္ေက်းရြာ၏ အေရွ႕ေတာင္ဘက္ မီတာ ၁၂၀၀၀ ခန္႕အကြာ၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ယာယီေလ့က်င့္ေရး စခန္းေနရာတစ္ခုအား ဧၿပီ ၂၈ ရက္တြင္ တပ္မေတာ္စစ္ေၾကာင္းမ်ားက သိမ္းပုိက္ရရွိခဲ့ၿပီး WFP တံဆိပ္ပါရိကၡာထုပ္မ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း ဧၿပီ ၃၀ ရက္ႏွင့္ ယေန႕တုိ႕တြင္ သတင္းထုတ္ျပန္ၿပီးျဖစ္သည္။ 

အဆုိပါျဖစ္စဥ္တြင္ ေလ့က်င့္ေရးစခန္းမွဆုတ္ခြာထြက္ေျပးသြားေသာ AA အၾကမ္းဖက္ေသာင္း က်န္းသူ မ်ားသည္ ျဖစ္စဥ္ေနရာ၏ ေတာင္ဘက္ မီတာ ၁၇၀၀၀ ခန္႕အကြာရွိ ေက်ာက္တန္းေက်းရြာ ႏွင့္ အေနာက္ ေတာင္ဘက္ မီတာ ၈၀၀၀ ခန္႕အကြာရွိ ေစတီေတာင္ေက်းရြာတုိ႕အတြင္း၌ ေဒသခံျပည္သူမ်ားအသြင္ျဖင့္ ၀င္ေရာက္ပုံဖ်က္လႈပ္ရွားလ်က္ရွိေၾကာင္း သတင္းအရ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ စစ္ ေၾကာင္းမ်ား လုံၿခဳံေရးလုိက္ပါလ်က္  ဧၿပီ ၃၀ ရက္တြင္ အဆုိပါေက်းရြာမ်ားသုိ႕ သြားေရာက္၍ သတင္းေဖာ္ ထုတ္စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္ရြက္ခဲ့သည္။ 

ထုိသုိ႕ေဆာင္ရြက္ခဲ့ရာ ေက်ာက္တန္းေက်းရြာရွိ အိမ္ေထာင္စု ၄၇၇ စုအား အိမ္ေထာင္စုစာရင္းႏွင့္ကုိက္ညီမႈ ရွိ/မရွိ စစ္ေဆးခဲ့ရာ အသက္ ၁၅ ႏွစ္မွ ၅၀ ႏွစ္အတြင္းရွိ မသကၤာဖြယ္ရာအမ်ဳိးသား ၂၇၅ ဦးအား ေတြ႕ရွိခဲ့သျဖင့္ ေက်းရြာစာသင္ေက်ာင္းတြင္ ေခတၱထိန္းသိမ္းထားရွိၿပီး တရားဥပေဒအရအေရးယူႏုိင္ေရး အတြက္ လုိအပ္သည့္ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္ရြက္လ်က္ရွိသည္။ 

တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ ေဒသခံျပည္ သူမ်ားႏွင့္ပူးေပါင္းကာ သတင္းမ်ားရယူေဖာ္ထုတ္ၿပီး AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ရခုိင္ျပည္နယ္ အတြင္း ဥပေဒမဲ့အၾကမ္းဖက္တုိက္ခုိက္မႈမ်ားႏွင့္ ေက်းရြာမ်ားအတြင္း ပုံဖ်က္စိမ့္၀င္လႈပ္ရွားမႈမ်ား မရွိေစေရး အတြက္ နယ္ေျမ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

 

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပက်သက်ဆက်နွယ်နေသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိ 

နေပြည်တော်၊ မေ - ၁ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီလေ့ကျင့်ရေး စခန်းနေရာတစ်ခုအား ဧပြီ ၂၈ ရက်တွင် တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်ရရှိခဲ့ပြီး WFP တံဆိပ်ပါရိက္ခာထုပ်များ သိမ်းဆည်းရမိခဲ့ကြောင်း ဧပြီ ၃၀ ရက်နှင့် ယနေ့တို့တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။ 

အဆိုပါဖြစ်စဉ်တွင် လေ့ကျင့်ရေးစခန်းမှဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်း ကျန်းသူ များသည် ဖြစ်စဉ်နေရာ၏ တောင်ဘက် မီတာ ၁၇၀၀၀ ခန့်အကွာရှိ ကျောက်တန်းကျေးရွာ နှင့် အနောက် တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ စေတီတောင်ကျေးရွာတို့အတွင်း၌ ဒေသခံပြည်သူများအသွင်ဖြင့် ဝင်ရောက်ပုံဖျက်လှုပ်ရှားလျက်ရှိကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တပ်မတော် စစ် ကြောင်းများ လုံခြုံရေးလိုက်ပါလျက် ဧပြီ ၃၀ ရက်တွင် အဆိုပါကျေးရွာများသို့ သွားရောက်၍ သတင်းဖော် ထုတ်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ခဲ့ရာ ကျောက်တန်းကျေးရွာရှိ အိမ်ထောင်စု ၄၇၇ စုအား အိမ်ထောင်စုစာရင်းနှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အသက် ၁၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာအမျိုးသား ၂၇၅ ဦးအား တွေ့ရှိခဲ့သဖြင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တထိန်းသိမ်းထားရှိပြီး တရားဥပဒေအရအရေးယူနိုင်ရေး အတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိသည်။ 

တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည် သူများနှင့်ပူးပေါင်းကာ သတင်းများရယူဖော်ထုတ်ပြီး AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ် အတွင်း ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေး အတွက် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

Recent News