ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္း လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲ Major General Pasith THIENGTHAM အား ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆုိ၊ ေတြ႕ဆုံေဆြးေႏြး၊ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္း လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲ Major General Pasith THIENGTHAM အား ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆုိ၊ ေတြ႕ဆုံေဆြးေႏြး၊ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံ 

  
ေနျပည္ေတာ္၊ ေမ - ၂ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္း၏ ဖိတ္ၾကားခ်က္အရ ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ငံေတာ္သို႔ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိေနေသာ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယ အႀကီးအကဲ Major General Pasith THIENGTHAM အား ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆုိသည့္ အခမ္းအနားကုိ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ က်င္းပ ျပဳလုပ္သည္။ 

ဦးစြာ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲ Major General Pasith THIENGTHAM သည္ ဂုဏ္ျပဳႀကိဳဆုိပြဲ အခမ္းအနား က်င္းပရာ ေဇယ်ာသီရိဗိမာန္သုိ႔ ေမာ္ေတာ္ယာဥ္ျဖင့္ ေရာက္ရွိလာရာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္းက ႀကိဳဆုိႏႈတ္ဆက္သည္။ 

  
ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္းႏွင့္ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲ Major General Pasith THIENGTHAM တုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကုိ ခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကုိ စစ္ေဆးသည္။ ၎ေနာက္ ဂုဏ္ျပဳတပ္ဖဲြ႕က ခ်ီတက္ အေလးျပဳ ထြက္ခြာသည္။ 

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ လာအိုျပည္သူ႔တပ္ မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲတုိ႔သည္ အခမ္းအနားသုိ႔ တက္ေရာက္လာၾကသည့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ အရာရိွႀကီးမ်ားအား အျပန္အလွန္ မိတ္ဆက္ ေပးၾကသည္။ 

အဆုိပါ ဂုဏ္ျပဳႀကိဳဆုိပြဲသုိ႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္းႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴဳး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ လာအိုႏိုင္ငံ ဆိုင္ရာ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ) ဗိုလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းတို႔ တက္ေရာက္ၾကၿပီး လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီး အကဲ Major General Pasith THIENGTHAM ႏွင့္အတူ လာအိုျပည္သူ႔တပ္မေတာ္မွ အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ လာအိုစစ္သံမွဴး Col. Bounmyvieng VIENGNHOUTTASAT ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။ 

၎ေနာက္ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲ Major General Pasith THIENGTHAM က ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္ လက္မွတ္ေရးထိုးသည္။ 

ဆက္လက္ၿပီး ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲ Major General Pasith THIENGTHAM ဦးေဆာင္ေသာ ကုိယ္စားလွယ္ အဖြဲ႔ႏွင့္ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံ ေဆြးေႏြးသည္။ 
ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ႏွစ္ရပ္ၾကားရွိၿပီး ခ်စ္ၾကည္ရင္းႏွီးမႈ တိုးျမႇင့္ ေဆာင္ရြက္ေရးကိစၥ၊ သင္တန္းႏွင့္ ေလ့က်င့္ေရးဆိုင္ရာ အျပန္အလွန္တိုးျမႇင့္ ေဆာင္ရြက္ေရးကိစၥ၊ နယ္စပ္ေဒသတည္ၿငိမ္ေရးႏွင့္ လံုၿခံဳေရး အပါအဝင္ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္၍ အျပန္အလွန္သတင္းဖလွယ္ျခင္း၊ တားဆီးေရးႏွင့္ ပူးေပါင္း ေဆာင္ရြက္ေရးကိစၥ၊ သဘာဝေဘးအႏၲရာယ္ႏွင့္ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ား အျပန္အလွန္ ေစလႊတ္၍ အသိပညာမ်ားမွ်ေဝျခင္းႏွင့္ လက္ေတြ႕ ေလ့က်င့္ရန္ကိစၥ၊ မဲေခါင္ျမစ္ေၾကာင္း လံုၿခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ရန္ကိစၥအပါအဝင္ ယဥ္ေက်းမႈႏွင့္ အားကစားအဖဲြ႕မ်ား အျပန္အလွန္ေစလႊတ္ေရး ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးၾကသည္။ 

ေတြ႕ဆုံပြဲ အၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲတို႔သည္ အထိမ္းအမွတ္ တံဆိပ္မ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး အဖြဲ႕ဝင္ မ်ားႏွင့္အတူ အမွတ္တရ စုေပါင္း ဓာတ္ပံု႐ိုက္ၾကသည္။ 

ညပုိင္းတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စုိးဝင္းသည္ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယ အႀကီးအကဲ Major General Pasith THIENGTHAM ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္ အဖြဲ႕အား ေနျပည္ေတာ္ရွိ Aureum Place ဟိုတယ္၌ ဂုဏ္ျပဳညစာျဖင့္ တည္ခင္း ဧည့္ခံသည္။ 
ညစာမသုံးေဆာင္မီတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲတို႕က ႏႈတ္ခြန္းဆက္ စကားမ်ား အျပန္အလွန္ ေျပာၾကားၾကၿပီး အဖြဲ႕ဝင္မ်ားႏွင့္အတူ ညစာသုံးေဆာင္ၾကသည္။ ညစာသုံးေဆာင္ ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ျမဝတီေတးဂီတ အဖြဲ႕မွ ႏွစ္ႏုိင္ငံေတး သီခ်င္းမ်ား၊ အကပေဒသာမ်ားျဖင့္ သီဆုိကျပ ေဖ်ာ္ေျဖၾကသည္။ ညစာသံုးေဆာင္အၿပီးတြင္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကသည္။ ထုိ႔ေနာက္ သီဆိုကျပ ေဖ်ာ္ေျဖၾကေသာ ျမဝတီေတးဂီတ အဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားအား ဂုဏ္ျပဳပန္းျခင္းမ်ား အသီးသီး ေပးအပ္ၾကၿပီး အမွတ္တရ စုေပါင္းဓာတ္ပံု ႐ိုက္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ 

နေပြည်တော်၊ မေ - ၂ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ Major General Pasith THIENGTHAM အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပ ပြုလုပ်သည်။ 

ဦးစွာ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပရာ ဇေယျာသီရိဗိမာန်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြိုဆိုနှုတ်ဆက်သည်။ 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ၎င်းနောက် ဂုဏ်ပြုတပ်ဖွဲ့က ချီတက် အလေးပြု ထွက်ခွာသည်။ 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် လာအိုပြည်သူ့တပ် မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက် ပေးကြသည်။ 

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူုး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ တက်ရောက်ကြပြီး လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီး အကဲ Major General Pasith THIENGTHAM နှင့်အတူ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး Col. Bounmyvieng VIENGNHOUTTASAT နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

၎င်းနောက် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM က ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။ 

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။ 
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်ကြားရှိပြီး ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ရေးကိစ္စ၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာ အပြန်အလှန်တိုးမြှင့် ဆောင်ရွက်ရေးကိစ္စ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး အပါအဝင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အပြန်အလှန်သတင်းဖလှယ်ခြင်း၊ တားဆီးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ သဘာဝဘေးအန္တရာယ်နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် စေလွှတ်၍ အသိပညာများမျှဝေခြင်းနှင့် လက်တွေ့ လေ့ကျင့်ရန်ကိစ္စ၊ မဲခေါင်မြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စအပါအဝင် ယဉ်ကျေးမှုနှင့် အားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲတို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ 

ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ Major General Pasith THIENGTHAM ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ Aureum Place ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။ 
ညစာမသုံးဆောင်မီတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲတို့က နှုတ်ခွန်းဆက် စကားများ အပြန်အလှန် ပြောကြားကြပြီး အဖွဲ့ဝင်များနှင့်အတူ ညစာသုံးဆောင်ကြသည်။ ညစာသုံးဆောင် နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ နှစ်နိုင်ငံတေး သီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြ ဖျော်ဖြေကြသော မြဝတီတေးဂီတ အဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီး ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

Recent News