တပ်မတော် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြား

တပ်မတော် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြား

နေပြည်တော် မေ ၃

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြ တိုက်၌ သတင်းစာ ရှင်းလင်းပွဲအခမ်းအနားကိုကျင်းပရာ တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သတင်းမီဒီယာများ၏   မေးမြန်းချက်များအား  အောက်ပါအတိုင်း ရှင်းလင်း ဖြေကြား ခဲ့ပါသည် - 

ဦးအောင်ထူးနိုင်(လူထုမီဒီယာ)

 မေး။ တပ်မတော်ရဲ့  အစဉ်အလာအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အပြုတ်တိုက်ခဲ့တဲ့ မူဝါဒ မတွေ့ရ သလောက်ဖြစ်တယ်။ လက်ရှိတပ်မတော်က စစ်ဆင်ရေးဆင်နွှဲနေတဲ့ AA အဖွဲ့ကို ဘယ်လို ဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။ တပ်မတော်က   ထာဝရငြိမ်းချမ်းရေးအတွက် အပစ်ရပ်ကြေညာချက် ကြေညာပြီးတော့မှ AA အဖွဲ့ကို   စစ်ရေးအရှိန်မြှင့်ဖို့ ဆိုပြီး သုံးသပ်နေတာတွေရှိပါတယ်။ ဒီအပေါ်မှာ တပ်မတော်က ဘာများပြန်လည် ရှင်းပြ လိုပါသလဲ။ တပ်မတော်က စစ်ဆင်ရေး ရပ်ဆိုင်းထားသော စစ်တိုင်းကြီး ၅ ခုအပြင် ငြိမ်းချမ်းတဲ့ ဒေသတွေမှာ တပ်မတော်က ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေတာတွေ အကျဉ်းချုပ်ရှင်းပြပေးစေလိုပါတယ်။   လက်ရှိ အစိုးရ ၃ နှစ်တာ ကာလ အတွင်းမှာ တပ်မတော်မှ ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲထားသော ငွေကြေးပမာဏ ဘယ်လောက်ဆိုတာကို သိလို့ ရရင်သိချင်ပါတယ်။ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လူထုနဲ့ပိုပြီးတော့ နီးနီးကပ်ကပ် နေလာ တာတွေ တွေ့လာရ တယ်ဆိုတော့ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲ မှာ ဝင်ရောက်ပြီး ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင် သွားဖို့ ရည်ရွယ်နေသလား။ နောက် တစ်ခုက လက်ရှိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အပြင်အနာဂတ် အလားအလာမှာ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာလွတ်ကို ယခုကတည်းက လျာထား ပြီးပြီလား သိလို ပါတယ်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားရာတွင် ကျွန်တော်တို့   တပ်မတော်အနေနဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တွေ အပေါ်ထားတဲ့ တပ်မတော်ရဲ့ မူဝါဒ ၆ ရပ်ရှိပါတယ်။ ကျွန်တော်တို့ တရားဝင်လည်း ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့သွားနေသော လမ်းကြောင်းသည် NCA လမ်းကြောင်း ဖြစ်ပါတယ်။ ဒီ NCA ကို အစိုးရသစ်ရော တပ်မတော်ရော EAOs ရော အားလုံး သဘောတူ ရေးဆွဲထားသော လမ်းကြောင်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်က AA နဲ့ပတ်သက်ပြီး NCA လမ်းကြောင်းအတိုင်း ကျွန်တော်တို့ကြိုးစားပြီး NRPC နဲ့ ထိတွေ့ ဆောင်ရွက်လို့ရှိရင်   ဆောင်ရွက်လို့ရပါတယ်။ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ အနေနဲ့ပြောကြားခြင်းဖြစ်ပါတယ်။ ရခိုင် ပြည်နယ် လုံခြုံရေး အတွက်  အာမခံချက် ရသည်အထိ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒုတိယကတော့ AA က လိုင်ဇာမှာ အခြေတည်ပြီး ဖြစ်တာဖြစ်ပါတယ်။ AA ရောက်လာမှပဲ အဖြူရောင် နယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်က မငြိမ်းချမ်းတော့ တာဖြစ် ပါတယ်။ ဒါကြောင့် တပ်မတော် အနေနဲ့တော့ ရခိုင်ပြည်နယ် ငြိမ်းချမ်းတဲ့အ ထိ လုံခြုံတဲ့အထိ ဆက်လက်ဆောင်ရွက် သွားမှာဖြစ် ကြောင်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဖြေကြားရာတွင်

 သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးရယ် ပြည်သူများရဲ့လက်တွေ့ဘဝလိုအပ် နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခုနက ပြောပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်လှည့်ဆေးကုသမှုဆောင်ရွက်နေတာ တွေ အခြားပြည်သူ့ အကျိုးပြုဆောင်ရွက် နေတာတွေရှိတယ်။ ခုနကပြောတဲ့ သိချင်တဲ့ ငွေရေးကြေးရေး ပမာဏလည်း ပါပါလိမ့်မယ်။ ပြီးရင်အကျဉ်းချုံးတော့ ကျွန်တော် ပြောပြပါမယ်။ ပြီးရင်အရှည်ကတော့ ၂ ရက်နေ့မှာ မြဝတီ သတင်းစာက ထုတ်ထားတဲ့ တတိယ ၃ နှစ်မြောက်မှာ ထုတ်ထားတဲ့ ကာကွယ်ရေး ဝန်ကြီးဌာန လုပ်ဆောင်ချက် တွေမှာပါပါတယ်။ အဓိက ကျွန်တော်တို့ ပြောချင်တာက တပ်မတော်အနေနဲ့ ဥပမာ ပြောရရင် ယင်း ၃ နှစ်အတွင်းမှာ တိုင်းဒေသ ကြီးတွေမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကျွန်တော်တို့ ကူညီပေးခဲ့တာ ရှိတယ်။ စုစုပေါင်း တန်ဖိုးငွေကျပ်ပေါင်း ၄၉ သိန်းကျော်ရှိတယ်။ ပြည်သူလူထုရော ထောက်ပံ့ပေးခဲ့တာတွေ ကျောင်းတွေ အိမ်တွေ ထောက်ပံ့ပေးခဲ့တာတွေ ၂၆သန်းကျော် ရှိပါတယ်။ နောက်တစ်ခု ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်  ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ပေးတာတွေ ၄၅ သိန်းကျော်ရှိပါတယ်။ နောက်ပြီး မိုးရွာသွန်းမှု ရေကြီးရေလျှံ မှုဖြစ်ပွားတဲ့အတွက် ပြောင်းရွှေ့ ပေးတာတွေ ရှိတယ်။ ကုန်တွေသယ်ပေးရတာရှိတယ်။ တပ်မတော်ရဟတ်ယာဉ်တွေ လေယာဉ်တွေ သုံးခဲ့တာရှိတယ်။ ရဟတ်ယာဉ်တွေကို ၄၇ ခေါက်အထိ သုံးစွဲခဲ့ပါတယ်။ ကယ်ဆယ်ရေး နဲ့ ထောက်ပံ့ရေး ပစ္စည်း ကုန်စည် ၁၃၃ တန်ကျော် ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ စုစုပေါင်းတန်ဖိုးက ၂၅၂ သန်းကျော်ရှိပါတယ်။

စတုတ္ထမေးခွန်းဖြစ်တဲ့ လက်ရှိတပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်က ၂ဝ၂ဝပြည့်နှစ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် သွားဖို့ရှိလား မေးခွန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအ ခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၆၉(က)ပါပြဋ္ဌာန်းချက်အရ နိုင်ငံသား တိုင်းသည် ရွေးကောက်တင်မြှောက်ခွင့် နှင့် ရွေးကောက်တင် မြှောက် ခံပိုင်ခွင့်ရှိပါတယ်။

 
ဦးမောင်မောင်ထွန်း (News Watch)

 မေး။ ၃ဝ ရက်နေ့က မြောက်ပိုင်းအဖွဲ့နဲ့ တွေ့တဲ့အချိန်မှာ ဘာတွေများဆွေးနွေးခဲ့ ပါသလဲ။ ပြောလို့ရရင် ပြောပြပေး စေချင်ပါ တယ်။ အပစ်အခတ်ရပ်စဲရေးနောက်ထပ် နှစ်လ ထပ်တိုးတာနဲ့ ပတ်သက်ပြီး ပြောလို့ရရင် ပြောပေး စေချင်ပါတယ်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားရာတွင်

 အဲဒါနဲ့ပတ်သက်လို့ NRPC ကလည်း တရားဝင်ကြေညာချက်ထုတ်ပြန်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ လည်း ဘာကြောင့် တိုးတယ်ဆိုတာ ကြေညာချက် ထုတ်ထားတာရှိပါတယ်။

ဦးအောင်မျိုးမင်း (မဇ္ဈိမသတင်း ဌာန)

မေး။ လတ်တလောဖြစ်တဲ့ ကျောက်တော် ဖြစ်စဉ် လေးမေးချင်ပါတယ်။ ဗိုလ်ချုပ်တို့ AA လို့ သံသယရှိတဲ့အတွက် ၂၇၅ ယောက်ကို စစ်ကြောရေးလုပ်တယ်။ ဗိုလ်ချုပ်လည်း စောစောက ရှင်းပြထားတဲ့အထဲမှာပါတယ်။ ခြောက်ယောက် သေတယ်။ ဒီခြောက်ယောက်က သေနတ်ဝင်လုတဲ့ အထိဖြစ်လို့ ပစ်ရတယ် လို့ဖြေထားပါတယ်။ ကျွန်တော် ရှင်းပြစေ ချင်တာက ဒီသေနတ်ဝင် လုတဲ့ဖြစ်စဉ် အသေးစိတ်ကို ရှင်းပြစေချင်ပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဖြေကြားရာတွင်

 ဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ သတင်းထုတ် ပြန်ထားပြီးလည်းဖြစ်ပါတယ်။ ဒီလ ၂၈ ရက်၊ ၂၉ ရက်နေ့မှာ ဘူးသီး တောင်ရဲ့အရှေ့ဘက် ၁ဝ မိုင် ၁၅ မိုင်အကွာ၊ ယခုလက်ရှိဖြစ်ပွားနေတဲ့ ကျောက်တန်းကျေးရွာရဲ့မြောက်ဘက် မှာရှိတဲ့ AA စခန်းများ သိမ်းပိုက်ရရှိတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း သတင်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အဲဒီစခန်းတွေ သိမ်းပိုက်ရရှိပြီး နောက်ပိုင်းမှာ သတင်းရတာက ကျောက်တန်းကျေးရွာနဲ့ စေတီတောင် ဘက်မှာ AA အဖွဲ့ဝင်တွေ စခန်းတွေကနေ ပြေးလာပြီး ခိုအောင်းနေတာကို သတင်းရရှိ တဲ့အတွက် ကျွန်တော်တို့က ဧပြီလ ၃ဝ ရက်နေ့မှာ တပ်က လုံခြုံရေးယူပေးတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ ရွာထဲမှာ ဝင်ရောက်စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ  အခြေခံ တာကတော့ အိမ်ထောင်စု ဇယား တွေနဲ့တိုက်ပြီးတော့ စစ်ဆေးတယ်။ ပြီးရင် အိမ်ထောင်စုဇယားမှာ မပါတဲ့သူတွေ၊ မသင်္ကာတဲ့သူတွေကို ထိန်းသိမ်းလိုက်တာ ရှိတယ်။ ထိန်းသိမ်းလိုက်တဲ့ အခါမှာ အသက်(၁၅)နှစ် ကနေ အသက်(၅ဝ) ကြားထဲက အမျိုးသား  ၂၇၅ ယောက် ထိန်းသိမ်းလိုက်တာ ရှိတယ်။ ထိန်းသိမ်းပြီးတော့ ကျောက်တန်းမှာ ရှိတဲ့ စာသင် ကျောင်းထဲမှာပဲ ထိန်းသိမ်းတယ်။

ထိန်းသိမ်းပြီးတော့ စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိတယ်။ တစ်ခုပြောချင် တာက ထိန်းသိမ်းလိုက်တဲ့အခါ သတင်း ထွက်ပေါ် လာတာက အစာအငတ်ထားတယ်၊ ရေအငတ်ထားတယ်တို့က မဟုတ်ပါဘူး။  ရွာထဲက လာပို့တဲ့ ထမင်း၊ ရေ ကျွန်တော်တို့ ဆီမှာရှိတဲ့ ထမင်း၊ ရေတွေအကုန်လုံး စီစဉ် ပေးပါတယ်။   ကျွန်တော်တို့ဆီမှာလည်း အထောက် အထားတွေ ရှိပါတယ်။ ကျောင်းဝိုင်းထဲမှာရှိတဲ့ သစ်ပင်ရိပ်အောက်မှာ ဝိုင်းဖွဲ့ပြီး စားနေကြတဲ့ပုံတွေရှိပါတယ်။ ဒါတွေဟာ လုပ်ကြံ ဖန်တီးထားတဲ့ ဓာတ်ပုံတွေမဟုတ်ပါ ဘူး။ ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်က မေလ ၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ စတင် ဖြစ်ပွားတာဖြစ်ပါတယ်။ ဖြစ်တာက ကျောင်း ထဲမှာရှိတဲ့ ထိန်းသိမ်းထားတဲ့ အဖွဲ့တွေက ညာသံပေးအော်ဟစ်ပြီး ရန်လိုတဲ့ အပြုအမူ တွေလုပ်ပြီး   လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီ လာတာရှိတယ်။  တချို့က  စကတည်းက အဲ့ဘက်ကို မလာဘဲ ထွက်ပြေးတာရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အစောင့်ချထားတဲ့ ဘက်ကိုလာတဲ့ အဖွဲ့တွေကို   ပထမဦးဆုံး

လူအုပ်စု ထိန်းသိမ်းတဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ ဟန့်တားတယ်၊ မရဘူး။ သေနတ် မိုးပေါ်ထောင်ဖောက်ပြီး ခြောက်လှန့် ပစ်ခတ်တယ်၊ မရဘူး။ လူစုမကွဲဘူး။ အဲ့အထဲက တချို့လူတွေက လက်နက်လုမယ့် ပုံစံမျိုးတွေအထိ ဖြစ်လာတယ်။  အဲဒါကြောင့်  မလွှဲမရှောင်သာ ဘဲ ပစ်ခတ်ထိန်းသိမ်းလိုက်ရ တယ်။ အဲ့ထဲမှာပဲ  (၆)ဦး သေဆုံးတာရှိ ပါတယ်၊ (၈)ဦးဒဏ်ရာရသွားတာ ရှိတယ်၊ (၄)ဦးကတော့ ထွက်ပြေး လွတ်မြောက်သွား တာဖြစ်ပါတယ်။

နောက်ဆက်တွဲသတင်းတွေက သေဆုံး တဲ့ (၆)ဦးကတော့ ဒီနေ့မနက် ၉ နာရီမှာ Dead Body တွေကို သူတို့ မိသားစုတွေ ဆီကို ပြန်အပ်လိုက်တယ်။ သင်္ဂြိုဟ်တာတွေ၊ မြေချတာတွေကို ဆောင်ရွက်တယ်။ ဆောင် ရွက်တဲ့အခါမှာ သက်ဆိုင်ရာ တပ်တွေကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးတာရှိတယ်။ ပြီးရင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနေနဲ့လည်း နာရေး ကူညီမှုအနေနဲ့ တစ်ယောက်ကို (၃)သိန်းစီ ကိုယ်တိုင်သွားရောက် ကူညီပေးတာရှိတယ်။ ဒဏ်ရာရတဲ့သူတွေ ကိုတော့ မနေ့က စစ်တွေကို ပို့လိုက်တာရှိပါတယ်။ ဒီမနက်မှာလည်းသတင်းဌာနတွေက  ကျွန်တော့်ကို  မေးထား တာတွေရှိပါ တယ်။  မိသားစုတွေကို  အလောင်းတွေ မအပ်ဘူး၊  တပ်ကနေပြီး လူ(၁ဝ)ယောက် လောက်နဲ့ အလောင်း တွေကို သယ်ထုတ်ပြီး အတင်းသင်္ဂြိုဟ်တယ်။   သရဏဂုံတင်ခွင့် တောင်မပေးဘူး ဆိုပြီး မီဒီယာ သုံးလေးခု လောက်က မေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုရော၊    နယ်မြေခံတပ် တွေကိုရော  အခြေ အနေကို မေးရပါတယ်။ အထက်ညွှန်ကြား ချက်တွေနဲ့ မြေပြင်မှာ လုပ်တာတွေက ကွဲလွဲ နေလား ဆိုတာ မေးရပါတယ်။  နောက်ဆုံး ဓာတ်ပုံ အထောက်အထားတွေပါ တောင်းရပါတယ်။   

မှန်ပါတယ် ၉ နာရီမှာ  မိသားစုတွေထံ သေဆုံးသူတွေရဲ့အလောင်းကို  ပေးပြီးပြီ၊ မြေမြှုပ်တဲ့ ကိစ္စတွေ၊  သရဏ ဂုံတင်တဲ့ ကိစ္စတွေကိုဆောင်ရွက်ပြီးဖြစ်ပါတယ်။  တစ်ခါတလေမှာ အမြင်အမျိုးမျိုးနဲ့ ကွဲလွဲနေတာတွေ ရှိပါတယ်။ မြေပြင်မှာဖြစ်ပေါ်နေတဲ့ သတင်းတွေကို အများအားဖြင့် ပြောလိုက်တာက သူ့ရဲ့ ရည်ရွယ်ချက်၊ သူ့ ရဲ့ Intention နဲ့ လုပ်တာတွေရှိတယ်။ တစ်ခါတလေမှာ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ သတင်းတော်တော် များများသည်  သတင်းမီဒီယာသမားများက မူလအရင်းအမြစ်အတိုင်းပဲ ရွာတွေကို မေးမြန်းပြီး ရေးတာတွေရှိ တယ်။   ကျွန်တော်တို့ကို မေးမြန်းပြီး ရေးတဲ့ သတင်းတွေရှိမယ်။ ကြားထဲကပြောလိုက်တဲ့ သတင်းတွေရှိမယ်။ အဲ့လိုပြောလိုက်တဲ့အခါမှာ   ရည်ရွယ်ချက်အမျိုးမျိုး၊ Intention အမျိုးမျိုးရှိမယ်။  ဒါကြောင့်မို့ တချို့နေရာ တွေမှာ ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ အခု ဖြစ်စဉ်မှာအဖြစ်မှန်ကတော့ ကျွန်တော်တို့ပြောတဲ့ အတိုင်းပဲ ဖြစ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။

မေး။ ကျန်တဲ့လူတွေက ပါဝင်တဲ့သူတွေ၊  ပတ်သက်တဲ့သူတွေပေါ့။ ဆိုတော့ ဒီလူတွေ က AA ဖြစ်တယ်ဆိုတဲ့ အထောက် အထား ဘာတွေတွေ့လဲ။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဖြေကြားရာတွင်

 ပထမဦးဆုံးက စစ်ကြောချက်ပါ။ ၁၂၆ ဦးက ကျန်ခဲ့တဲ့သူတွေသည် AA ဖြစ်တယ် လို့ မပြောသေးပါဘူး။ ကျွန်တော်တို့က လူ ၂၇ဝ လောက်ကို စစ်ကြောတဲ့ အခါမှာ အမျိုးမျိုးရှိပါတယ်။ ပထမဦးဆုံး လုံးဝ အပြစ်မရှိ တဲ့သူတွေကို ခွဲထုတ်လိုက်ပါတယ်။ လူအုပ်စုတွေ ခွဲထုတ်လိုက်တဲ့အခါမှာ ဒီလူသည်AA ဖြစ်တယ်ဆိုတာ ခွဲထုတ်လိုက်တာလွယ်ပါတယ်။  လွယ်တယ်ဆိုတာက စစ်ကြောမေးမြန်းကြည့်လိုက်တဲ့အခါ   သိပါတယ်။ ကျွန်တော်ပြောချင်တာက  ဒီအရွယ်ရှိတဲ့ သူစိမ်း ယောက်ျားတွေ ရောက်နေတယ်။ ဒီရွာ နီးချုပ်စပ်က လူလည်း မဟုတ်ဘူး။ သူ့မှာရှိတဲ့ မှတ်ပုံတင်ကလည်း ဒီကမဟုတ်ဘူး။ ဘယ်သူတွေဆိုတာ ကျွန်တော်တို့ ခွဲထုတ် လို့ရပါတယ်။ ခွဲထုတ်လို့ရပြီး နောက်ပိုင်းမှာ ဒီထဲက ရွာနီးချုပ်စပ်က လာနေပြီး သူ့ပုံမှန်လုပ်ငန်းလုပ်နေတဲ့ သူတွေကိုခွဲထုတ်လို့ရပါတယ်။ သံသယရှိတဲ့လူတွေကို ခွဲထုတ်လိုက်တာသိပ်ပြီး စစ်ဆေးစရာမ လိုပါ ဘူး။  ကြားထဲမှာ ခွဲရခက်တာက  ထောက်ခံအားပေးတဲ့သူတွေ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့သူတွေထဲမှာ ဖော်ထုတ်ရ တာက AA လို့ပြောနိုင်တဲ့သူတွေရှိပါတယ်။ အရေအတွက်ကိုတော့ ကျွန်တော် ပြောလို့မရပါဘူး။ အားပေး ထောက်ခံတဲ့သူတွေ၊ အမာခံလို့ ခိုင်ခိုင်မာမာပြောလို့ရတဲ့ သူတွေရှိပါတယ်။ ကျွန်တော်တို့ ဆက်လုပ် သွားမယ့်လုပ်ငန်းစဉ်က  AA ဖြစ်ခဲ့တယ်၊ AA အမာခံဖြစ်ခဲ့တယ်ဆိုရင် တရားဥပဒေအရ ရဲအရေးပိုင်တဲ့ အမှုရှိတယ်။ ရဲအရေးမပိုင်တဲ့အမှုရှိတယ်။ ရဲအရေးပိုင်တဲ့ မှုခင်း၊ ရဲအရေးမပိုင်တဲ့မှုခင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ရဲမှာ အမှုဖွင့်တာတွေရှိမယ်၊ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး အမှုဖွင့်တာတွေ ရှိမယ်။ သံသယမရှိတဲ့သူတွေ၊ ကင်းစင် နေတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ရှိပါတယ်။

လက္ကာကျေးရွာကနေ ဖမ်းဆီးထားတဲ့ ၂၇ ဦးကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အပ်ပြီးပါပြီ။ စစ်တွေရဲစခန်းမှာ ချုပ်နှောင်ထားပြီးဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာက အဲဒီမှာ ပဏာမ စစ်ကြောချက်အရ ၁၈ ယောက်သည် AA တပ်ဖွဲ့ဝင်များ ဖြစ်ပါတယ်။ ၁၈ ယောက်သည် မြောက်ဦးမှာရှိတဲ့အမှတ်(၃၁) ရဲတပ်ဖွဲ့ကို တိုက်ခိုက်တဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ များဖြစ်ပါတယ်။ ၅ ယောက်သည် အမာခံ များဖြစ်ပါတယ်။ ကျန်တဲ့ ၄ ဦးသည် သံသယ စာရင်းဖြစ်ပါတယ်။   အဲ့ဒီလိုမျိုး ကျွန်တော်တို့ဖော်ထုတ်ရရှိတာဖြစ်ပါတယ်။

ကျွန်တော်တို့စစ်ဆေးပြီးရရှိလာတဲ့အချက်အလက်တွေကို အမှုဖွင့်တဲ့အခါမှာ တရားရုံးကို ပေးပါတယ်။ တရားရုံး ကလည်း အမှုဖွင့်ပြီးတော့ သူတို့ရဲ့အမှုအတိုင်း၊ စွဲချက်တွေအတိုင်းပဲ အမှုရင်ဆိုင်ပါမယ်။ တရားသူကြီး ရဲ့ဆုံးဖြတ်ချက် အတိုင်းပဲသွားမှာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ သံသယရှိလို့ဖမ်းဆီးထားတဲ့သူပဲဖြစ်ဖြစ်၊ တိုက်ပွဲအတွင်းမှာ ဖမ်းမိတဲ့သူပဲဖြစ်ဖြစ် စစ်သုံ့ ပန်းဖြစ်ရင် စစ်သုံ့ပန်းအတိုင်းပဲ ဆောင်ရွက်လျက်ရှိတယ်။ သောင်းကျန်းသူတွေ၊ အမာခံတွေကိုလည်း တည်ဆဲ တရားဥပဒေ အတိုင်းပဲ ဆောင်ရွက်လျက်ရှိတယ်။

မေး။  အခုပြန်မလွှတ်သေးတဲ့သူတွေ၊ ဆက် ဖမ်းထားတဲ့သူတွေထဲမှာ ဒဏ်ရာရတဲ့သူတွေ ရှိသေးလား။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဖြေကြားရာတွင်

မရှိပါဘူး။ တပ်မတော်စစ်ကြောရေးအဖွဲ့မှာ ဆေးအဖွဲ့ပါပါတယ်။ ဆေးအဖွဲ့နဲ့ ရှေးဦးသူနာပြုစုနည်းတွေ လုပ်ပေးတယ်။ စေတီပြင် တိုက်နယ်ဆေးရုံကိုပို့တယ်၊ ထပ်ပြီးကုသမှု လုပ်တယ်။ စစ်တွေ ကို  ပို့ပြီးကုသမှု ထပ်လုပ်တယ်။

မေး။   AA နဲ့ပတ်သက်လို့ စစ်သင်တန်းဆင်း ပြီးသား ဘယ်လောက်ရှိပြီလို့ တပ်မတော်ကနေသိထားလဲ။ ဒီစစ်သင်တန်း တက်ရင် ရော ဘယ်လိုဥပဒေနဲ့ငြိစွန်းလဲ။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

စစ်သင်တန်းက AA နှစ်မျိုးရှိနေတယ်။ လိုင်ဇာကနေပြီး စတင်ဖြစ်ပေါ် လာတာဖြစ်တယ်။ အားလုံးလည်း သိပြီးသား ဖြစ်တယ်။ လွန်ခဲ့တဲ့  ၃၊ ၄ နှစ်လောက်တုန်းက တပ်ကနေပြီးမှ အမြောက်ဆန်ကျတဲ့အခါမှာ AA ကဗိုလ်လောင်းတွေ သေတယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်တယ်။ လူဦးရေ အတိအကျတော့ မသိဘူး။ လိုင်ဇာ ဘက်မှာလည်း  အခုအချိန်ထိ  စစ်သင်တန်းတွေ ဖွင့်နေတာတွေရှိတယ်။  ရခိုင်ပြည်နယ် မှာလည်း စစ်သင်တန်းတွေ ဖွင့်ဖို့ ကြိုးစားပြီး လုပ်ဆောင်ခဲ့တာတွေကို ကျွန်တော်တို့သိထား တယ်။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ မိတဲ့အထဲမှာ AA က သူ့ကိုယ်ပိုင်နံပါတ်နဲ့ သူလာတာ။ AA အမှတ်ဘယ်လောက်ဆိုပြီး လာ တာဖြစ်တယ်။ ဒီလ AA အမှတ်ဘယ်လောက်ဆိုပြီးရပြီးရင် ဘယ်လိုပဲပြောပြော ဒီအဖွဲ့တွေ သည်   သောင်းကျန်းသူလိုပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။

ဦးဝင်းကိုကိုလတ် (RFA)

 မေး။  ရခိုင်ပြည်နယ်၊  ရသေ့တောင် ကျောက်တန်းဖြစ်စဉ်မှာ ခြောက်ဦးသေဆုံးတာရယ်၊ လက္ကာကျေးရွာဖြစ် စဉ်မှာ ၂၇ ဦး ထိန်းသိမ်းထားရာကနေ သုံးဦးသေဆုံးတာရယ် အဲဒီလူတွေကို စစ်ဆေးတဲ့အခါမှာ ဘယ်လို နည်းတွေသုံးပြီး စစ်ဆေးပါသလဲ။ ညှဉ်းပန်းနှိပ်စက်ခြင်းလုပ်တာမျိုးရှိလား။ အဲဒီလိုမျိုး လုပ်တဲ့ အခါမှာ    အရေးယူမှုတွေရှိပါ သလား။ ဒီတချို့ကတော့ စစ်ဆေးတဲ့အခါမှာ လက်လွန်တာတွေရှိလို့ ကွယ်လွန် တာတွေ ရှိတယ်လို့ စွပ်စွဲမှုတွေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဘာများပြောချင် ပါသလဲ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

စစ်ဆေးတဲ့အခါမှာ ကျွန်တော်တို့က စစ်ကြောရေးနည်းလမ်းတွေရှိပါတယ်။ ကျွန်တော်တို့တပ်မတော်မှာ စစ်ဆေးခြင်းလုပ်ငန်းတွေကို   ဆောင်ရွက်တဲ့အခါမှာ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေးတဲ့ပုံစံမျိုး တွေရှိတယ်။ ဘေးက သက်သေအထောက် အထားတွေယူပြီး စစ်ဆေးတဲ့ပုံစံမျိုးတွေ  ရှိတယ်။  သောင်းကျန်းသူများနှင့် ပတ်သက်လာပြီး စစ်ဆေးတဲ့အခါမှာ  စစ်ဆေးခြင်း ပထမပုံစံကတော့  ကျွန်တော်တို့မေးခွန်း မျိုးစုံကို မေးတဲ့စစ်ဆေးခြင်းကို အများဆုံးသုံး ပါတယ်။ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခွင့်ပြု မထားပါဘူး။ သုံးလည်းမသုံးဘူး။ ဒါပေမဲ့  ကျွန်တော်တို့သုံးတဲ့နည်းလမ်းတစ်ခုကဘာလဲဆိုတော့မေးခွန်းမျိုးစုံမေးတယ်။ ဒီမေးခွန်း ကိုထပ်မေး တယ်။ ရှင်းရှင်းလေးပါ။ ဒါတွေက  စစ်မေးတဲ့လူရဲ့ ပညာပေါ်မှာလည်း မူတည်နေ ပါတယ်။ စစ်ဆေးတဲ့အခါမှာ လက်လွန် သေဆုံးမှုမရှိပါဘူး။   လက္ကာရွာမှာဖြစ်တဲ့ သုံးယောက် ကိစ္စဆိုရင်  သေဆုံးခြင်းနှင့် ပတ်သက်ပြီး သတင်းအချိန်မီထုတ်ပြန်ပါတယ်။ သံသယရှင်းအောင်   ရင်ခွဲရုံ စစ်ဆေးချက်ကို တပ်မတော်စစ်ဆေးရုံမှာ မလုပ်ဘဲ စစ်တွေပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးခဲ့ပါတယ်။ ရင်ခွဲ စစ်ဆေးချက် ဆိုတာ  ဘာမှလိမ်လို့ မရပါဘူး။ ဘယ်ဆရာဝန်ကမှ ရင်ခွဲစစ်ဆေး တာနဲ့ပတ်သက်ပြီး မလိမ်ဘူး။ ရင်ခွဲစစ်ဆေး ချက်ထဲမှာ တွေ့ရပါလိမ့်မယ်။ ကျွန်တော် တို့လည်းလိမ်လို့မရဘူး။ တပ်မတော်အနေနဲ့က ဒီဟာတွေသည် (Evidence) လူသက်သေအနေနဲ့မှ ပြောမယ်ဆိုလို့ရှိရင် သက်သေခံဥပဒေတွေမှာရှိတယ်။ သက်သေခံ ဥပဒေထဲမှာ ကျွန်တော်တို့က အခိုင်မာဆုံး အထောက်အထားတွေက  ပညာရှင်များရဲ့ စစ်ဆေးချက်၊ ကျွမ်းကျင်မှုများရဲ့တွေ့ရှိချက်၊ လက်ဗွေပညာရှင်၊ သွေးပညာရှင်  ပြီးရင် ခုနကပြောတဲ့ဆရာဝန်တွေရဲ့ ရင်ခွဲစစ်ဆေး ချက်တွေကို  ဘယ်သူမှငြင်းလို့မရပါဘူး။ ကျန်တဲ့အထောက်အထားတွေ ဘယ်လိုပဲ ဖြစ်ဖြစ်  ဒါတွေကိုငြင်းလို့မရဘူး။ ဒါတွေသည် တော်တော်ခိုင်လုံတဲ့ သက်သေခံတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီထဲမှာ တစ်ခုခု အမှားအယွင်းပါတယ်ဆိုရင် တပ်မတော် အနေနဲ့က     ကျွန်တော်တို့အမြဲတမ်း ထုတ်ပြန်ကြေညာပြီးတော့   တပ်မတော် အနေနဲ့က   လုံးဝကိုပြစ်မှု ကျူးလွန်ခြင်းမရှိ ပါဘူး။

ဗိုလ်မှူးကြီး အောင်ခင်သိန်းကဖြေကြားရာတွင်

ခုနက သေမှုသေခင်းကိစ္စအတွက် ဒီရင်ခွဲစစ်ဆေးချက်ကို စစ်တွေမှာလုပ်တယ်ဆိုပြီး တော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မီဒီယာများကို ပြည့်ပြည့်စုံစုံပြောပြီးဖြစ်တဲ့အတွက်ကြောင့် ဥပဒေကြောင်းအရ ဘာထပ် ပြောရမယ်ဆိုတာကို ထပ်ပြီးတော့ ကျွန်တော်အတည်ပြုပေးနိုင်တာက   ရင်ခွဲစစ်ဆေး ချက်ကို စစ်တွေမှာ ရင်ခွဲစစ်ဆေးချက်လုပ်တယ်။ ရာဇဝတ်မှုပါလာရင် စစ်တွေဆေးရုံက ချက်ချင်းရဲတပ်ဖွဲ့ကို အကြောင်းကြား ပြီးလုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီအရာတွေကို  တရားဝင်  (Officially) ဆောင်ရွက် သွားမှာ  ဖြစ်ပါတယ်။

ဦးအောင်ဆန်းဦး (DVB)

မေး။   အမာခံဆိုတဲ့စကားလုံး အဓိပ္ပာယ်ကို ရှင်းလင်းအောင်ပြောပြပေးစေချင်ပါတယ်။ ရခိုင်ပြည်နယ်ကို AA ဝင်လာလို့ တည်ငြိမ်နေတဲ့နေရာဒေသကို မတည်ငြိမ်တဲ့အနေ အထားဖြစ်သွားတယ်ဆိုတာကို သုံးသပ်ထား တယ်။ အဲတော့ဆိုလိုတာက တည်ငြိမ်အေးချမ်းရေးဆိုတာကို ဘယ်လောက်အတိုင်း အတာအထိ သတ်မှတ် မှာလဲ။ တည်ငြိမ် အေးချမ်းရေး ဆိုတာက ရခိုင်ပြည်နယ်မှာ AA မရှိတော့တဲ့အချိန် အထိလား။ အဲဒီကာလ အချိန်သတ်မှတ်ချက် Time  Frame ကို သိချင်ပါတယ်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားရာတွင်

 ရခိုင်ပြည်နယ်က AA မရောက်ခင်ထိ အောင် အဖြူရောင်နယ်မြေလို့ သတ်မှတ် ထားပါတယ်။ ရခိုင်ပြည်နယ်က တည်ငြိမ်အေးချမ်းတယ်။ ရခိုင်လူမျိုးတွေကလည်း မြန်မာနဲ့ တော်တော်လေးနီးစပ်တယ်။ စကား အပြော အဆိုကအစပေါ့နော်။  AA ရယ်လို့ ပေါ်လာကတည်းက   ရခိုင်ပြည်နယ်မှာ ဒီပြဿနာဖြစ်နေတာ။ တစ်ခုပြော ချင်တာက ကျွန်တော်တို့ဆီမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ သူ့သက် ဆိုင်ရာတိုင်းရင်းသားတွေကို ကိုယ်စားပြုတာ မဟုတ်ဘူး။ သဘောက ဒါကြောင့် ကျွန်တော် တို့ခေါ်တာကိုက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းလို့ခေါ်တာ။ တိုင်းရင်းသား တွေကိုခေါ်တာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီကနေ့ တည်ငြိမ်အေးချမ်းအောင်လုပ်နေတဲ့ လုံခြုံရေးအရဆောင်ရွက် နေတယ်ဆိုတဲ့ဟာ တွေ အဲဒီလက်နက် ကိုင်ထားတဲ့သူတွေနဲ့ပဲဆိုင်တယ်။ လက်နက်မကိုင်သော ရိုးရိုးသား

သားနေတဲ့ တိုင်းရင်းသားတွေနဲ့ မသက်ဆိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီကနေ့ဆောင်ရွက်နေတဲ့ နယ်မြေဒေသ အသီးသီးမှာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ ဒေသအသီးသီးမှာရှိတာသည် တိုင်းရင်းသား တွေကို အကာကွယ်ပေးဖို့ တိုင်းရင်းသား တွေထိခိုက်နာကျင်မှုမရှိအောင်   အကာကွယ်ပေးဖို့ ဒီလိုဆောင်ရွက်ခြင်းဖြစ်တယ်။

နောက်တစ်ခုကတော့ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားကို မပျက်စီးအောင်လို့အကာကွယ် ပေးတာဖြစ်တယ်။ ဒါကြောင့် ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကို လုံခြုံ ရေးအရဆောင်ရွက်ခြင်းပဲဖြစ်တယ်။ ဒါ့အပြင် ကျွန်တော်တို့ ငြိမ်းချမ်းရေးကို လုပ်မယ်ဆိုရင် NCA လမ်းကြောင်းကို ဖွင့်ပေးထားတာ။

အဲဒီထဲမှာ ဆွေးနွေးလို့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က တစ်ဖက်သတ်ထဲတင်မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်း နဲ့ လာမယ် ဆိုလည်းလာ။  ဒီဘက်က လုံခြုံရေးအရ ဆောင်ရွက်မှုကလည်း ဆက်ပြီးဆောင်ရွက် သွားမှာဖြစ်တယ်။ ရတဲ့အထိအောင် စောင့်မယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဖြေကြားရာတွင်

အမာခံဆိုတဲ့အသုံးအနှုန်းက သောင်းကျန်းသူနဲ့ပတ်သက်တာကြောင့် သောင်းကျန်းသူကို ထောက်ပံ့နေတာ ဖြစ်တယ်။ အဲလိုထောက်ပံ့နေတာကြောင့် အရေးယူရတာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်မီဒီယာ များကိုလည်း ခဏခဏ ရှင်းပြပြီးဖြစ်ပါတယ်။ Intention ရည်ရွယ် ချက်တရားဥပဒေအရ  ပြောရမယ်ဆိုရင် ပုဒ်မ ၃ဝ၂ လူသတ်မှု တိုင်းကို တရားရုံးမှာ တရားသူကြီးက ပြစ်ဒဏ်ချတာချင်းတူလား။ မတူပါဘူး။ ဘာလို့မတူတာလဲဆိုတော့ ဘာ လို့လုပ်ရလဲဆိုတဲ့ Intention ရှိတယ်။ ဒါဆို သဘောပေါက်မှာပါ။ EAO များရှိတဲ့ နယ်မြေ သောင်းကျန်းမှုရှိတဲ့  နယ်မြေမှာ အကြောက်တရားနဲ့ မဖြစ်မနေ ဆက်ဆံရတဲ့ဟာတွေ ရှိတယ်။ မဖြစ်မနေကို ထိတွေ့မှ ဆက်ဆံရတာတွေရှိ တယ်။ ဒါတွေနဲ့ပတ်သက်လာပြီး ကျွန်တော်တို့ ဘာမှပြောစရာအကြောင်းမရှိဘူး။ သို့သော် အမာခံဆိုတဲ့ နေရာမှာ ဥပမာ မြောက်ဦးမှာရှိတဲ့ရဲတပ်ဖွဲ့ကို အတိုက်ခံရတယ်။ အဲဒီမှာရှိတဲ့ ဘယ်လိုတိုက်သွားတယ် ဆိုတဲ့ ဘယ်လိုဖွဲ့စည်း သွားတယ်ဆို တဲ့ဟာတွေက ကျွန်တော် အခုနောက်ပိုင်းမှာ ပြန်ပြီးတော့ ကျနော် ခုနပြောတဲ့ လက္ကာ ကျေးရွာမှာ ဖမ်းဆီး ထားတဲ့ ၂၇ ယောက်ထဲက ၁၈ ယောက်ပါတယ်။ သူတို့ရဲ့စစ်ကြောချက်အရ ပြောရမယ်ဆိုရင် သူက ဒီတိုက် သွားတဲ့အထဲမှာ ငါးယောက်စီခွဲပြီးတော့  ငါးယောက်တစ်ဖွဲ့စီ တိုက်သွားတယ်။ လူအများကြီးပါ။ လူ ၄ဝဝ ကျော်လောက် ကို ငါးယောက်စီ ခွဲတိုက်သွားတယ်။ ဘယ်လို တိုက်သွားလဲ ဆိုတော့ နံပါတ် တစ်၊ နှစ်၊ သုံး။ လူ တစ်၊ နှစ်၊ သုံး။ လက်နက်ကိုင်တယ်။ လေးက ဓားနဲ့ တူရွင်းကိုင်တယ်။ နံပါတ် ငါးယောက် မြောက်က ပစ္စည်းထည့်ဖို့ အိတ်ပါတယ်။

လူထမ်းသွားဖို့ဟာ ပါတယ်။ အဲတော့ တစ်၊ နှစ်၊ သုံးကို AA လို့ သတ်မှတ်ရင်။ လေး၊ ငါးကို အမာခံလို့ သတ်မှတ်တယ်။ အဲဒီက  နေပြီးတော့ ဒဏ်ရာရတဲ့သူတွေ၊ သေတဲ့ သူတွေအများကြီး ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ စစ်ကြောချက် အရ ရဲတပ်ဖွဲ့ ကို ဝင်စီးတဲ့အခါမှာ အဲဒဏ်ရာရတဲ့သူတွေကို ရွှေ့ထုတ်ပေးတယ်။ ရွာအထိပို့ပေး တယ်။ ဆေးကု ပေးတယ်။ ဘယ်သူမှန်းလည်းကျွန်တော်တို့မသိပါဘူး။ တိတိကျကျဖော် ထုတ်ဖို့လည်း မလွယ်ဘူး။ အဲဒီရွာ အထိ ပို့ပေးတယ်။ ဆေးကုပေးတယ်ဆိုတဲ့ အပိုင်းကို ကျွန်တော်တို့ ပြန်ပြီးစဉ်းစားရမယ်။ ဒီလူတွေဘာလို့ လိုက်လာရတာလဲ။ ဟိုကနေ ခြိမ်းခြောက်ပြီးတော့ မလိုက်ရင်မနေရဘူး။ လိုက်ဆိုတဲ့အခါမှာ ဒီလူတွေကို ကျွန်တော် တို့က အမာခံလို့ သတ်မှတ်ရမှာလား။ သူတို့က Intention မရှိဘူး။ သူက ခြိမ်းခြောက် ပြီးခေါ်လာခြင်း ခံရတဲ့သူ။ ဒီလိုလူမျိုးကို ကျွန်တော်တို့က ပြန်ကြည့်ရမယ်။ ခြိမ်းခြောက်ပြီး ခေါ်လာခံရတဲ့သူဖြစ်တယ်။ ရဲစခန်းထဲမှာ ဝင်တိုက်တဲ့ အခါမှာကျတော့ ခုနကပြောတဲ့ ရဲမေတွေပါသွားတယ်ဆိုတာက အိမ်တံခါးကို သံတူရွင်းနဲ့ဖျက်ပြီးတော့ သေနတ်နဲ့ ထောက်ခေါ်သွားတာ။ ဒီထွက်ချက်တွေ ကျွန်တော်တို့ဆီမှာရှိတယ်။ အဲဒီလိုမျိုးဝင်ပြီး ဖောက်ဖျက်ပြီးတော့ ခေါ်သွားတဲ့ လူတွေကိုတော့ သေနတ်ကိုင်ထားသည်ဖြစ်စေ မကိုင်ထားသည်ဖြစ်စေ  ဒါသည် သောင်းကျန်း သူမဟုတ်ရင် အမာခံလို့ သတ်မှတ်ရမှာဖြစ်တယ်။ အဲတော့ ခုနပြောတဲ့ Definition သည် အကြမ်းဖျင်း Definition ဖြစ် ယ်။ သို့သော် မည်သည့် တရားဥပဒေမှာပဲ ဖြစ်ဖြစ်၊ မည်သည့် ကန့်သတ်ချက်မှာပဲဖြစ်ဖြစ် မည်သည့်ပြဋ္ဌာန်းချက်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ကဘာကိုအဓိကကျလဲဆိုတော့ Intention က အဓိကပဲ ကျတယ်။

ဦးစိုးသန်းလင်း (BBC)

 မေး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သွား ခဲ့တဲ့ တရုတ်ပြည် ခရီးစဉ်၊ ရုရှားခရီးစဉ်နှင့် ပတ်သက်ပြီး ဘယ်လို အကျိုးအမြတ်တွေ၊ အောင်မြင်မှုတွေရရှိခဲ့သလဲ ဆိုတာ သိချင်ပါ တယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဖြေကြားရာတွင်

 အဓိကကတော့ ကျွန်တော်တို့တရုတ်ခရီးစဉ်နှင့် ရုရှားခရီးစဉ်မှာ ကျွန်တော်တို့သည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ သည် မြန်မာနိုင်ငံရဲ့ Strategic Partnership ဖြစ်ပါတယ်။ နိုင်ငံတော်နှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုများကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်ခရီး စဉ်မှာ သွားရောက် ပြီး လေ့လာ သင့်တာတွေ လေ့လာခဲ့ပါတယ်။

ပြီးရင် ကျွန်တော်တို့ တရုတ်နိုင်ငံသမ္မတနဲ့လည်းတွေ့ဆုံခဲ့ပြီး   မြန်မာနိုင်ငံကိစ္စတွေ၊ တပ်မတော် နှစ်ရပ် ကိစ္စတွေနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်  ထွန်းထွန်းညီတင်ပြခဲ့တဲ့အတိုင်းပဲ ချင်းတောင်ကို စစ်ရေယာဉ်တစ်စင်းဖြင့် တရုတ်နိုင်ငံရဲ့  နှစ်ပတ်လည်နေ့မှာ သွားရောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ရုရှားခရီး စဉ်နှင့် ပတ်သက်ပြီး အားလုံးတွေ့ပြီးဖြစ်ပါတယ်။ ရုရှားခရီးစဉ်တွင် လေ့လာသင့်တာများ လေ့လာခဲ့ပါတယ်။ ရုရှားမှာလည်း စစ်ပညာတော်သင်တွေ၊ ကျွန်တော် တို့   Doctor of Science ဘွဲ့ရ တဲ့အထိ သင်ကြား နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်နှစ်ရပ်အကြား  ဆက်ဆံရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး ပြီးရင်ရေရှည်ဖြစ်တဲ့ မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းဖြစ်ခဲ့တဲ့ အစဉ်အလာတွေကို ဆက်လက် ထိန်းသိမ်းပြီး အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောချင်ပါ တယ်။

ဦးအောင်သူရ (BBC) မေး။

 နောက်မေးခွန်းတစ်ခုက ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတာ ဒီဇင်ဘာလကတည်းက ဖြစ်နေတာ ဒီနယ်မြေမှာ ထိန်းချုပ် နိုင်ဖို့ ဆိုတာ အချိန်ဘယ်လောက်ထိ အချိန်ကြာနိုင် ဦးမလဲဆိုတာသိချင်ပါတယ်။

ဗိုလ်ချုပ်စိုးနိုင်ဦးကဖြေကြားရာတွင်

 ဒီဇင်ဘာတွေ့တဲ့ ဟာကတော့ ကျွန်တော်တို့ NRPC ကအဖွဲ့တွေနဲ့  အရင်တွေ့တာ ပါ။ ကျွန်တော်တို့ အနေနဲ့က ဒီဟာနဲ့ ပတ် သက်ပြီး ဆက်လက်ဆွေးနွေးရန် ရှိသေး တယ်။ လက်ခံတယ်၊ လက်မခံဘူးဆိုတာ တပ်မတော်နဲ့ ဆက်စပ်နေ တယ်။ ဆက်လက် ဆွေးနွေးဦးမှာပါ။ အဲတာနဲ့ပတ်သက်ပြီး ခင်ဗျားထင်သလို ကျွန်တော်တို့တပ်မတော် အစဉ်အလာနဲ့ ရှင်းပြမယ်။ အဖွဲ့အစည်း တစ်ခုမှာ သူ့အစဉ်အလာဆိုတာရှိတယ်။ ကျွန်တော်တို့တပ်မတော်က လွတ်လပ်ရေး ရပြီးခါစ ရန်ကုန် အစိုးရဆိုတဲ့ အနေအထား ကနေ မြန်မာတစ်နိုင်ငံလုံးကို ပြန်ပြီး တည်ငြိမ် အေးချမ်းအောင် ဥပဒေစိုးမိုး အောင်ဆောင် ရွက်ခဲ့သည့် အစဉ်အလာရှိတယ်။ ဒီနောက်ပိုင်း ၁၉၈၆-၁၉၈၇ ခုနှစ်လောက်မှာ ဗကပကို အပြီး ချုပ်ငြိမ်းအောင် တိုက်ခဲ့တဲ့အစဉ်အလာ ရှိတယ်။ ဒါ့ပြင် တိုက်လို့မရဘူး။ ပထဝီ အနေအထားအရနှင့် ခံစစ်ခိုင်မာမှုအရ ဘယ်လိုမှ တိုက်လို့ မရနိုင်ဘူးဆိုသည့် အခိုင် အမာတည်ဆောက်ထားတဲ့ နေရာတွေကို ကျွန်တော်တို့တပ်မတော် တိုက်ရင် ရခဲ့တာ တွေချည်းပဲဖြစ်တယ်။ နောက်ပိုင်း အများဆုံး ပြည်တွင်းတိုက်ပွဲတွေလည်း အများကြီးရှိ ပါတယ်။ တပ်မတော် အနေနဲ့ အစဉ်အလာအရ လုပ်လို့မရဘူးဆိုတာ မရှိဘူး။ သို့သော်လည်း တစ်ဖက်က ငြိမ်းချမ်းရေး လမ်းကြောင်း နှင့် တစ်ဖက်က တိုင်းရင်းသားတွေအပေါ်မှာ  ဆောင်ရွက်နေတဲ့ အနေအထားနှင့် ဆောင်ရွက်နေ တာဖြစ်ပါတယ်။ တစ်ဘဝလုံး သောင်းကျန်းတဲ့ လုပ်ငန်းတွေကို စွန့်လွှတ် သွားမယ်ဆိုရင်တော့ မြန်မှာပေါ့။ မြန်မြန် လုပ်ရင်မြန်မှာပါ။ မဟုတ်ဘဲ ကျွန်တော်တို့ အစဉ်အလာအရ တပ်မတော်က တကယ် လုပ်ပြီဆိုရင်လည်း မရခဲ့တာ မရှိပါဘူး။ ဒါတွေနဲ့ ယှဉ်ရင် AA ရဲ့အဆင့် ဘယ်အဆင့် ရှိတယ်ဆိုတာ အားလုံး သဘောပေါက်မှာပါ။

 

 

 

 

 

 
 

Recent News