အာရွ-ပစိဖိတ္ေဒသ၏ ႏုိင္ငံတကာ ေရေၾကာင္း ကာကြယ္ေရးျပပြဲႏွင့္ ကြန္ဖရင့္ (International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို႔ တက္ေရာက္ရန္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္(က်န္စစ္သား)ႏွင့္ စစ္ေရယာဥ္(ဆင္ျဖဴရွင္)တို႔ စင္ကာပူႏုိင္ငံသို႔

အာရွ-ပစိဖိတ္ေဒသ၏ ႏုိင္ငံတကာ ေရေၾကာင္း ကာကြယ္ေရးျပပြဲႏွင့္ ကြန္ဖရင့္ (International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို႔ တက္ေရာက္ရန္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္(က်န္စစ္သား)ႏွင့္ စစ္ေရယာဥ္(ဆင္ျဖဴရွင္)တို႔ စင္ကာပူႏုိင္ငံသို႔ ထြက္ခြာ

 

 ေနျပည္ေတာ္ ေမ ၇ 

 

စင္ကာပူႏုိင္ငံမွ အိမ္ရွင္အျဖစ္ က်င္းပျပဳလုပ္မည့္ အာရွ-ပစိဖိတ္ေဒသ၏ ႏုိင္ငံတကာ ေရေၾကာင္းကာကြယ္ေရး ျပပြဲႏွင့္ ကြန္ဖရင့္ (International Maritime Defence Exhibition and Conference Asia 2019 - IMDEX Asia 2019)သို႔ တက္ေရာက္ရန္ အတြက္ တပ္မေတာ္(ေရ)မွ ဗိုလ္မွဴးႀကီး ေမာင္ေမာင္သန္႔ ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႕မ်ား ပါဝင္သည့္ စစ္ေရယာဥ္(က်န္စစ္သား)သည္ ယေန႔ေန႔လယ္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၃)ေရတပ္ဆိပ္ခံ တံတားမွ ထြက္ခြာရာ သန္လ်င္တပ္နယ္မွ အရာရွိႀကီးမ်ား၊ တပ္မေတာ္(ေရ)မွ အရာရွိႀကီး၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 

 

စစ္ေရယာဥ္(က်န္စစ္သား)ႏွင့္ အတူ စင္ကာပူ ႏုိင္ငံတြင္ IMDEX Asia 2019 သို႔ တက္ေရာက္မည့္ စစ္ေရယာဥ္(ဆင္ျဖဴရွင္)သည္ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ရွန္တုန္းျပည္နယ္၊ ခ်င္းေတာင္ၿမိဳ႕တြင္ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္ ေရတပ္ ႏွစ္(၇ဝ)ျပည့္ အခမ္းအနားႏွင့္ China-Southeast Asia Maritime Exercise – 2019 တို႔သို႔ ပါဝင္ တက္ေရာက္ခဲ့ၿပီး ခ်င္းေတာင္ဆိပ္ကမ္းမွ ေမ ၅ ရက္နံနက္ပိုင္းတြင္ စင္ကာပူႏုိင္ငံသို႔ ျပန္လည္ ထြက္ခြာခဲ့သည္။ အဆုိပါ IMDEX Asia 2019 ကို စင္ကာပူႏုိင္ငံ၌ ေမ ၁၃ ရက္မွ ၁၆ ရက္အထိ က်င္းပျပဳလုပ္ သြားမည္ျဖစ္ၿပီး ျမန္မာႏုိင္ငံ အပါအဝင္ ႏုိင္ငံေပါင္း ၁၄ ႏုိင္ငံမွ စစ္ေရ ယာဥ္ ၂၃ စီး ပါဝင္ တက္ေရာက္ၾကမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာ ရေကြောင်း ကာကွယ်ရေးပြပွဲနှင့် ကွန်ဖရင့် (International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ စင်ကာပူနိုင်ငံသို့ ထွက်ခွာ 

နေပြည်တော် မေ ၇ 

စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာ ရေကြောင်းကာကွယ်ရေး ပြပွဲနှင့် ကွန်ဖရင့် (International Maritime Defence Exhibition and Conference Asia 2019 - IMDEX Asia 2019)သို့ တက်ရောက်ရန် အတွက် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး မောင်မောင်သန့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များ ပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတားမှ ထွက်ခွာရာ သန်လျင်တပ်နယ်မှ အရာရှိကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိကြီး၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။ 

စစ်ရေယာဉ်(ကျန်စစ်သား)နှင့် အတူ စင်ကာပူ နိုင်ငံတွင် IMDEX Asia 2019 သို့ တက်ရောက်မည့် စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုန်းပြည်နယ်၊ ချင်းတောင်မြို့တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ် နှစ်(၇ဝ)ပြည့် အခမ်းအနားနှင့် China-Southeast Asia Maritime Exercise – 2019 တို့သို့ ပါဝင် တက်ရောက်ခဲ့ပြီး ချင်းတောင်ဆိပ်ကမ်းမှ မေ ၅ ရက်နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့သည်။ အဆိုပါ IMDEX Asia 2019 ကို စင်ကာပူနိုင်ငံ၌ မေ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေ ယာဉ် ၂၃ စီး ပါဝင် တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News